Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပိန္နဲသီးမှည့် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ပိန္နဲသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပိန္နဲသီးမှည့် ဈေးနှုန်း များမှာ ပိန္နဲသီးမှည့် အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၂၅၀၀/၂၀၀၀)ကျပ်နှင့် ပိန္နဲသီးအမှည့် အဆံ လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ပိန္နဲသီးတုန်းခါနီးအချိန်မို့ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်း ရောင်းချနေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးရေးမဟုတ်ပဲ တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများကို စွတ်ခူး၍ ရောင်းချသည့် ပြည်သူများလည်းရှိပါသည်။ ယခုအချိန်သည် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှ မြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

     ဇူလိုင်လ တတိယအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ပျားသလက်ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော နှင်းပန်း နှင့် ပန်းတိမ်ငိုပန်း ဈေးနှုန်း

    ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်လျက်ရှိရာ နှင်းဆီပန်းအရောင်မျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချကြပါသည်။

    နှင်းပန်းများကို ရွှေဘိုမြို့ နှင့် မန္တလေးမြို့မှ ဖောက်သည် ဝယ်ယူရပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် နှင်းပန်း(၁၀)စီး တစ်ထုံးလျှင်(၉၀၀၀)ကျပ်ဖြင့်လည်းကောင်း ပန်တိမ်ငို (ခေါ်)ပန်တိမ်မနိုင်ပန်းများ၏ ဈေးနှုန်းအနေဖြင့် ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်) အခက်အကြီး တစ်ခက်လျှင်(၃၅၀)ကျပ်၊ (၃)ခက်တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ ပန်တိမ် ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (အဖြူရောင်)အခက်သေး တစ်ခက်လျှင်(၂၀၀)ကျပ်၊ (၅)ခက်ပါ တစ်စည်းလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း

    ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ်ဈေးနှုန်းအနေဖြင့် ငါးဖယ်အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဈေးမြင့်တက်လာသော ခဝဲသီးဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

    ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၂၀၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်း ချလျက်ရှိခဲ့ပြီး ဇူလိုင်လ တတိယပတ်တွင် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင်(၂၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ဖြင့် နှိုင်းယှဉ်မည်ဆိုပါက ခဝဲသီးဈေးနှုန်း မြင့်တက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာ လျှင်(၂၄၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ ဈေးအနည်းငယ်ကျဆင်းလျက်ရှိနေသော ကြောင်လျှာသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်၊ အသေး တစ်တောင့် လျှင်(၁၃၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်များထက် ဈေးနှုန်းအနည်း ငယ်ကျဆင်းလျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးနှုန်းမြင့်တက်သော တောကြက်ဟင်းခါးသီး နှင့် ခဆော့သီး ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများ ဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်း ကျေးရွာနှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြကြောင်း သိရပါ သည်။       

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၁၅၀၀) ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး လက္ကား တစ်ပိဿာလျှင်(၃၇၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပြည် လျှင်(၃၂၀၀)ကျပ်၊ နို့ဆီတစ်ဘူး လျှင်(၄၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း