Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍ ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစား အစာဖြင်သည်။ ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ တာမင်စီ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကိုတည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓါတ် များသောကြောင့် ကိုယ်အလေးချိန်ကိုပါထိန်းညှိပေးပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ‌စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၇၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်ပုံ လျှင် (၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကား တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်း

ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ဖေဖော်ဝါရီလ အတွင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက် အတွင်း သို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက် များပြီး အစားများကြသော အသီးတစ်မျိုးဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ် စားသောက်ကြပုံမှာ ပိန္နဲသီးပြုတ်ကို ဆီကျက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်စားခြင်း၊ ပိန္နဲသီးပြုတ်ကို ဝက်သားဖြင့် ရောချက်ခြင်း၊ ပိန္နဲသီးပြုတ်ကို ဆူးပုတ်ရွက် ခဆော့သီးစသည့် သီးနှံအစုံရောချက်ခြင်း နှင့် ပိန္နဲသီးပြုတ်ကို ငပိရည်ဖြင့် တို့စားခြင်း စသည်ပုံစံများဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ပိန္နဲသီးပြုတ် လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်(၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပိန္နဲသီး ပြုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ သည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည်လည်း ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၅၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၃၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၃)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိ ပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညှင်းသီး ဈေးနှုန်း

ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် လည်းကောင်း ဒညှင်းသီး ဈေးနှုန်း အနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ ဒညှင်းသီး အလတ် တစ်လုံးလျှင်(၂၅၀)ကျပ် နှင့် ဒညှင်းသီး အသေး တစ်လုံး လျှင်(၂၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် တည်ငြိမ်နေသော ထန်းဖိုထန်းလျက်အစစ် နှင့် ရိုးရိုးထန်းလျှက် ဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် သကြားခွေများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ထန်းဖိုထန်းလျက်အစစ်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစာပြီးလျှင် အချိုတည်းစရာ အဖြစ် စားတတ်ကြပြီး အစာကြေလွယ်ပြီး ရင်အေစေ/ရင်ချောင်စေတယ် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စားသုံကြပြီး ထန်းလျက်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ထန်းလျက်စားသုံးခြင်းဖြင့် သွေးသားကိုသန်းစင်စေနိုင်ခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်း နှင့် အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိစေ ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ထန်ဖို ထန်းလျက် အစစ် လက္ကားဈေး (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ ထန်းဖို ထန်းလျက် အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ထန်းဖိုထန်းလျက် အစစ် (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ထန်းဖို ထန်းလျက် အစစ်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ရိုးရိုးထန်းလျက် လက္ကားဈေး တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ ရိုးရိုးထန်းလျက် လက်လီဈေး(၁)ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှ မြို့ ကုန်မျိုးစုံရောင်းချ နေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း ဈေးနှုန်း

ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပြီး တို့မဟူးစိမ်းကို မနက်အစောစာစားရာတွင် တို့ဟူးကြော်အဖြစ်လည်း ကောင်း၊ တို့ဟူးသုပ်အဖြစ်လည်းကောင်း၊ တို့ဟူးစိမ်းကို အရံဟင်းအဖြစ် အတုံးလေးများတုံး၍ ချက်စား၍သော်လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံဖြင့် အသုံးပြုကြပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ် တို့ဟူးစိမ်း လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ တို့ဟူးစိမ်း (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ တို့ဟူးစိမ်း(၂၅) ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ တို့ဟူးစိမ်း ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ညောင်ရွက် ဈေးနှုန်း

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာထမင်းဝိုင်းများတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်ကို ငပိဆီချက်၊ မြေပဲဆံထောင်းတို့ဖြင့် သုပ်၍သော် လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးရာတွင် လူကြိုက်များသည့် အရွက် တစ်မျိုးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့် ညောင်ရွက်ဈေးနှုန်းမှာ ‌‌ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၇၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ် သားခန့် (၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် တည်ငြိမ်လျက်ရှိသော ငါး ဈေးနှုန်းများ

ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများ အနေဖြင့် ငါးကြင်း(အကောင်အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြင်း(အကောင်အကြီး)လက်လီ ဈေး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက္ကား(၁) ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား လက်လီ(၁) ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်နှင့် ငါးကြင်းခုတ်သား လက်လီဈေး (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀) ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးချောင်း (အလတ်) နှင့်(အသေး)လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုး ရောင်းချနေသော ဂန္ဓမာပန်း ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် အရောင်အသွေးစုံလင်ပြီး မြင်သူတိုင်းက သဘောကျ နှစ်ခြိုက်သော ပန်းတစ် မျိုးဖြစ်ပါသည်။ ဂန္ဓမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထား အမြတ်တနိုး သုံးစွဲပြီး စီးပွားဖြစ် ထုတ်လုပ် စိုက်ပျိုးသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် မြန်မာနိုင်ငံတွင် ဘုရားပန်းအဖြစ်လည်းကောင်း၊ အိမ်တွင်းပန်းအဖြစ်လည်းကောင်း၊ အလှူ မင်္ဂလာ အခမ်းအနားများတွင် အလှပန်းအိုး အဖြစ်လည်း ကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသော ပန်းဖြစ်ပါသည်။ ဂန္ဓမာပန်းသည် အနီ၊ အဖြူ၊ အဝါ၊ ပန်းခရမ်းရောင်၊ ခရမ်းရောင်၊ နီညို့ရောင် စသည်အရောင်အသွေး စုံလင်သော ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုထ္ထပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဖြူ)(၅)ခက်ပါ တစ်စီးလျှင် (၁၃၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ ညို့)(၅ပန်း)ခက်ပါ တစ်စီးလျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ)(၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကျွန်းလှ မြို့ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည် ထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ကုလားပဲချောင်းဈေးနှုန်း

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကုလားပဲ ချောင်းများကို မိမိတို့ ဒေသထွက်အချို့ နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ကုလားပဲချောင်းကြော်သည် ကြွပ်ကြွပ်ရွရွလေးဖြင့် စားလို့ကောင်းကာ ရာသီးမရွေး ရောင်းချ နိုင်သော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း လက္ကား တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ကုလားပဲချောင်း လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ကုလားပဲချောင်း (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း