Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော စပျစ်ပင်များ ‌အောင်မြင်ဖြစ်ထွန်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် စပျစ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံစိုက်ပျိုး တောင်သူတစ်ဦးထံမှ သိရပါသည်။

      ယခုနှစ် စပျစ်စိုက်တောင်သူများအနေဖြင့် စပျစ်သီး (၁)ပိဿာကို ကျပ်(၈၀၀၀)စျေးအထိ ရောင်း ရပါကြောင်း၊ စိုက်ပျိုးသည့် မြေအနေအထားမှာ ယာမြေကို နွားချေး၊ မြေဩဇာတို့နှင့် ဦးစွာမြေပြုပြင်ခြင်း ဆောင်ရွက်ရပါကြောင်း၊ စပျစ်စိုက် တောင်သူများအနေဖြင့် စပျစ်စတင်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုး မြေပြုပြင်ခြင်း၊ ခြံစောင့်တဲအိမ်ဆောက်လုပ်ခြင်း၊ စပျစ်မျိုး ဝယ်ယူခြင်းတို့အတွက် ကနဦး ကုန်ကျစရိတ် သိန်း(၂၀)မှ သိန်း(၅၀) ဝန်းကျင်ကုန်ကျကြောင်း၊ စပျစ်ခြံ စိုက်ပျိုးမှု အောင်မြင်လာပါက တစ်နှစ်အတွင်း သိန်း(၃၀)မှ (၅၀) ဝန်းကျင်ခန့် ရရှိကြောင်း၊ နောက်နှစ်များတွင် မြေဩဇာကျွေးခြင်း၊ အပင်ပြုစုထိန်းသိမ်းခြင်းအတွက် (၁)ဧက သိန်း(၁၀)ဝန်းကျင် ကုန်ကျ၍ ဒုတိယနှစ်မှစ၍ အကျိုးအမြတ်(၁)ဧက သိန်း(၂၀)မှ သိန်း(၃၀)ကြားရ၍  အဆင်ပြေလာနိုင်ကြောင်း စပျစ်စိုက်တောင်သူဦးလှဌေးထံက သိရသည်။

  မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေ‌အောက်ရေတူးဖော်ကာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့် စိုက်ပျိုးတောင်သူများသည် “ပဲ၊ ပြောင်း၊ စပါး၊ နှမ်း၊မြေပဲနှင့် နေကြာ” စိုက်ပျိုးခြင်းနှင့်အတူ စပျစ်စိုက်ပျိုးခြင်းကိုပါ တွဲဖက်၍ လုပ်ကိုင်လာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရာသီစာ မရမ်းသီးဈေးနှုန်းကျဆင်း

    ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀) ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၂:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယပတ်) တွင် မရမ်းသီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချခဲ့ပြီး၊ ယခု မတ်လ (တတိယပတ်)တွင် မရမ်းသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နှင့်ယခုအပတ် မရမ်းသီးတစ်ပိဿာ ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ (၃၀၀၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးအတွင်းရှိ သီးနှံလက်ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

တောင်တွင်းကြီးမြို့နယ်တွင် မတ်ပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် မတ်ပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရရှိနေပါကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

    တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေတောင်သူများမှာ ဆောင်းသီးနှံအဖြစ် မတ်ပဲကို မိုးစပါးသီးနှံ ရိတ်သိမ်းပြီးအချိန် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စတင်ကြဲပက် စိုက်ပျိုးကြပြီး ယခုနှစ် ဆောင်း မတ်ပဲစိုက်ဧက (၅၂၄၅)စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါတွင် မတ်ပဲများ ရင့်မှည့်ပြီး ရိတ်သိမ်းကာ အခြောက်လှမ်း၍ စတင်ချွေလျက်ရှိကြောင်း၊ ရိတ်သိမ်းခအနေဖြင့် (၁)ဧက ကျပ်(၂၀၀၀၀)နှင့် ချွေလှေ့ခအနေဖြင့် မတ်ပဲ တစ်တင်းလျှင် ကျပ်(၃၀၀၀) ပေးငှားရပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉)တင်းမှ (၁၂)တင်းအထိ ထွက်ရှိကြောင်းနှင့် ယခင်နှစ် မတ်ပဲ တစ်တင်းလျှင် ကျပ်(၅၀၀၀၀)နှင့် လက်ရှိကာလ မတ်ပဲတစ်တင်းလျှင် ကျပ်(၆၄၀၀၀) ရောင်းချရသည့်အတွက် မတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အိမ်တွင်းလက်မှုအိုးလုပ်ငန်း လုပ်ကိုင်ရောင်းချခြင်းဖြင့်အပိုဝင်ငွေရရှိ

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စု မြောင်းဂွကျေးရွာသည် စလင်းချောင်း၏မြောက်ဘက် နွယ်တမယ်၊ သရက်ချဉ်ကားလမ်းမဘေးတွင် အိမ်ခြေ(၁၂၈)အိမ်၊ လူဦးရေ(၅၇၆)ဦးတို့ဖြင့် တည်ရှိပြီး ကျေးရွာနေပြည်သူများမှာ တောင်သူအလုပ်ကိုလုပ်ကိုင်ရင်းဖြင့် လယ်ယာလုပ်ငန်းများနှင့်အတူ ဘိုးဘွားအစဉ်အဆက် မိရိုးဖလာမိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

     မြေအိုးလုပ်ငန်းကိုလုပ်ကိုင်ရန် မိမိတို့၏လယ်ယာမြေများမှ မြေကြီးများကို လှည်းများ၊ ထော်လာဂျီများ၊ သုံးဘီးများဖြင့် မိုးစပါးရိတ်သိမ်းချွေလှေ့ကာ နေအိမ်များတွင် စုဆောင်း၍အိုးအကြမ်းထည် များလုပ်ကိုင်ထားပြီး နေအိမ်များအတွင်း၌ လေမတိုး၊ နေမပူအောင်ထားသိုမှသာလျှင် လေကြောင်း မလိုက်၊ မအက်ကွဲဘဲ ပို၍ခိုင်ခန့်ကြောင်း၊ သောက်ရေအိုးများကို အကြမ်းထည်ပြုလုပ်ပြီးမှသာ ချောင်းသဲများအား လယ်မြေများဖြင့်ဖျော်စပ်၍ ရေအိုးအတွင်းအပြင်သုတ်ပြီး အရိပ်ထဲတွင်အခြောက်ခံ ၍ မိမိကျေးရွာပတ်ဝန်းကျင်နှင့် တောင်ကုန်းများပေါ်တွင် နှစ်ညထားမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်းကိုအသုံးမပြုဘဲ စပါးခွံ၊ သစ်ခွံ၊ ကောက်ရိုးများကိုအသုံးပြု၍ မီးဖုတ်ပြီး နောက်တစ်ရက် ညနေပိုင်းတွင် မြေအိုးအချောထည်များ ရရှိကြောင်း၊ ပြုလုပ်သည့်အိုးများထဲမှ သဲသောက်ရေအိုး၊ မြူအိုး၊ ထန်းရေအိုး၊ အတာအိုးနှင့် ဟင်းချက်အိုးတို့ဖြစ်ပြီး တပို့တွဲ၊ တပေါင်းလများတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များပြီး အရောင်းရဆုံးဖြစ်ကာ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ရှောက်တော၊ ချောက် မြို့အတွင်းရှိပြည်သူများမှ ဝယ်ယူခြင်းနှင့် ဖောက်သည်ရောင်းချကြောင်းသိရသည်။

    မြောင်းဂွကျေးရွာမှ ပြုလုပ်သည့်သောက်ရေအိုး(၁)လုံးလျှင် ဖောက်သည်ဈေးအနေဖြင့် ကျပ် (၂၅၀၀)၊ မြူအိုး (၁)လုံးလျှင် ကျပ်(၃၅၀)၊ ဟင်းချက်အိုး(၁)လုံးလျှင် ကျပ်(၁၀၀၀) အသီးသီးဖြင့် ရောင်းချ ရကြောင်းနှင့် မိသားစုတနိုင်တပိုင်ပြုလုပ်သည့် အိမ်တွင်းလက်မှုအိုးလုပ်ငန်းပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း မြေအိုးလုပ်ကိုင်ရောင်းချသူ ဦးဝင်းရွှေထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရက်ကန်းလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်များ ဆောင်ရွက်လျက်ရှိရာ (၂၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့်/ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ စားသုံးသူကာကွယ်ရေဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူ သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား အပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Telenor ,Mytel, Ooredooနှင့် MPT Sim Card User များအားလုံး Consumer Call Centerနံပါတ် ၁၅၃၅သို့ခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီးပါသည်။ ဆက်လက်၍ ရက်ကန်းထည်များ၏ ဈေးနှုန်းဈေးကွက် နှင့်အကျိုးအမြတ်ရရှိမှုအခြေအနေများကို မေးမြန်းခဲ့ရာ လုပ်ငန်းရှင်အနေဖြင့် စက်ရက်ကန်း(၅)စင် ထောင်ထားကြောင်း၊ ယခုရက်လုပ်နေသည်မှာ ၂/၈၀တိုင်၊ ၂/၄၀ဖောက် မျက်ဝန်းဆင်ဖြစ်ပြီး လုံချည်တစ်ကွင်းလျင်(၈၅၀ဝိ/-)နှင့် ဝမ်းဆက်တစ်အုပ်လျင်(၁၁၅၀ဝိ/-)ဖြင့် ဆိပ်ခွန်ကျေးရွာနှင့် ဇီးကုန်းလေးကျေးရွာတွင် ဖောက်သည်သွင်း၍ရကြောင်း၊ ကိုယ်တိုင်ရက်လုပ်ပါက တစ်အုပ်လျင်(၁၉၀ဝိ/-) ခန့်အကျိုးအမြတ်ရှိပြီး ငှာရမ်း၍ရက်လုပ်ပါက တစ်အုပ်လျှင်(၁၀၀ဝိ/-) ပေးရကြောင်း၊  လျှပ်စစ်မီးမှန်ပါက တစ်ရက်လျှင် ဝမ်းဆက်(၅)အုပ်မှ (၇)အုပ်ထိရရှိကြောင်း၊  ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရသည်မှာ လျှပ်စစ်မီး မမှန်ခြင်း၊ ရက်လုပ်ချိန်ပုံမှန်မရှိခြင်း၊ ချည်ဈေးနှုန်းများ ပုံမှန်မရှိခြင်းစသည့် အခက်အခဲများကြောင့် ယခင်ကလောက်အဆင်ပြေချောမွေ့မှုမရှိသည့်အတွက် မိမိရင်းနှီးထားသည့် လုပ်ငန်းဖြစ်၍သာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးမှုအရ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးရှိ ရော်ဘာနှင့် သီဟိုဠ်စျေးကွက်အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာနှင့် သီဟိုဠ်များကို အဓိကထားစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇) ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉) ဧက၊ အထွက်နှုန်းမှာ (၅၂၀.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

    မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခုအပတ်၌   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၄၂၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၃၂၀ နှုန်းပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ သီဟိုဠ်စေ့တွင် အခွံမချွတ်ရသေးသောအပင်မှဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီးသော အချောစျေးဟူ၍ စျေးနှုန်း(၂)မျိုးရှိပြီး သီဟိုဠ်စေ့စျေးနှုန်းမြင့်တက်လျက်ရှိရာ သီဟိုစေ့အကြမ်းတစ်ပိဿာလျှင် ၄၅၀၀ကျပ်ရှိပြီး သီဟိုဠ်စေ့အချောတစ်ပိဿာလျှင် ၃၂၀၀၀ကျပ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဘက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းနှင့် ယခုအခါ  ထားဝယ်မှကော့သောင်းသို့ (ကားခ)သယ်ယူပို့ဆောင်ခမှာ တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀) ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မုံရွာမြို့၊ သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

           မုံရွာမြို့ သီရိမင်္ဂလာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

        ယခုမတ်လ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၅၀၀၀) ကြား၊ ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၂၀၀၀မှ ၂၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၉၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၀၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၂၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                                         

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)(တစ်အိတ်)လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၂၀၀-၇၂၅၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၃၀၀ မှ ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၂၀၀ မှ ၅၃၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၂၀၀ကျပ်၊ ဂေါ်ဖီ ထုတ် (တစ်ထုတ်)၇၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၂၀၀၀မှ ၂၅၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်အခြေခံစားကုန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။      

DOCA(စစ်ကိုင်း)

                                                           

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ်ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀၊ ၉၂၉  တစ်တင်းလျှင် ကျပ် ၄၀၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင်ကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၁၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၄၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၂၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော် မှ လေးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မတ်လ၊ စတုတ္တပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၅၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲမှ လေးသောင်းခွဲအထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်များစာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

‌     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၅-၃-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၂၅၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၁-၃-၂၀၂၃) ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းဖြူတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းပြာတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)ဖြစ်နေကြောင်း၊ နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၆၀၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)(၃၈၀)အိတ်၊ နှမ်းပြာ(၁၇၀)အိတ်၊ နှမ်းဖြူ(၈၅)အိတ်နှင့် နှမ်းနီ(၁၂၅)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

  ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ)(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၀၂၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်၍ ကျပ်(၅၃၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ မတ်ပဲတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၄၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ ကုလားပဲ (HL) တစ်တင်းနှင့် ကုလားပဲ(မြကြေး)တစ်တင်းလျှင်  ယခင်အပတ်တွင် ကျပ်(၇၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၄၅၀၀)ဖြစ်၍ ကျပ်(၃၀၀၀)စီဈေးမြှင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၄၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြှင့်ခဲ့ကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ် တွင် ကျပ်(၈၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည်ဖြင့် အသီးသီးဈေးမြှင့်ခဲ့ပါသည်။  အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ)(၂၂၀၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ (HL) (၁၃၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀)အိတ်နှင့် ပဲကြီး(၄၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

      မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၀၇၅)ဖြစ်၍ ကျပ်(၇၅)ဈေးမြှင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၅၉၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀)ဖြစ်၍ ကျပ်(၂၀၀) ဈေးမြှင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးမြှင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ)(၃၂၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၄၅၀)အိတ်နှင့် မြေပဲတောင့်အစိုတင်း(၃၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

  ဝါသီးနှံဈေးကွက်တွင်လည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၃၂၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန်(၂၂၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ နှမ်းသီးနှံ၊ ပဲမျိုးစုံနှင့် ဝါသီးနှံတို့အား မန္တလေးမြို့သို့တင်ပို့ရောင်းချလျက်ရှိပါကြောင်းနှင့် ဘိုကိတ်ပြာကို ရန်ကုန်မြို့သို့တင်ပို့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း