လွိုင်ကော်မြို့ရှိ ဟင်းသီးဟင်းရွက်များဈေးနှုန်း
စားဖိုဆောင်ဟင်းသီးဟင်းရွက်ဖြစ်သော ဂေါ်ရခါးသီး(ဆူကာသီး)နှင့် ဂေါ်ရခါးညွှန့်(ဆူကာညွှန့်)တို့သည် ဒေသတွင်း အနည်းငယ်သာထွက်ရှိသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်းတို့မှ မှာယူရောင်းချလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆူကာသီးဈေးနှုန်းမှာ (၁) လုံးလျှင် (၂၅၀) ကျပ် ( ၁၀၀၀ )ဖိုး (၄) လုံးနှင့် ဆူကာညွန့် (၁) စီးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
လွိုင်ကော်မြို့၊ နောင်ယားဈေးအတွင်း ရောင်းချနေသောဟင်းသီးဟင်းရွက်များ၏ လက်လီဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ မုန်ညှင်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ ဆလပ်ရွက်တစ်စည်းလျှင် (၁၀၀) ကျပ်၊ ကိုက်လန်တစ်စည်းလျှင် (၃၀၀) ကျပ်၊ ပန်း ဂေါ်ဖီတစ်ပွင့်(ကြီး)လျှင် (၁၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(သေး)လျှင် (၅၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်(ကြီး)လျှင် (၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်(သေး)တစ်ထုပ်လျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)