လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးကောင်စီရုံး၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၂.၁၀.၂၀၂၂) ရက်နေ့နံနက်(၁၀;၀၀)နာရီကလပွတ္တာမြို့ ၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေး၊ ဈေးကော်မတီရုံး၌ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့၊အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးတွင် ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်းအကျိုးငှာ စားသုံးသူကာကွယ်ရေးအသိပညာများတိုးပွားစေရန်အတွက် ဟောပြောရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လစဉ်စီးပွားရေးလုပ်ငန်းရှင်များအား အလှည့်ကျပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသာဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိ စေရေးအလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လိုက်နာမှုမရှိပါကထုတ်ပြန်ထား သောဥအဒေများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ဧရာဝတီ)