မြောက်ဦးမြို့ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး ခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးပိုင်ထက်အောင် (ဒု-ဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမောင်သိန်း (မြို့နယ်ဦးစီးမှူး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဖြိုးမောင်မောင် (ဦးစီးအရာရှိ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးမောင်မောင် (ဒု-ဦးစီးမှူး) နှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ဒေါ်သန်းသန်းဌေး (မြို့နယ်ဦးစီးမှူး) တို့အဖွဲ့သည် ကုန်စုံဆိုင်များရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများနှင့်ကိုက်ညီမှုရှိ/မရှိ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့်ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရခိုင်)