Main menu

HighLight News

Powered by Drupal

စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးမြို့နယ်အသီးသီးရှိ ဈေးဆိုင်များတွင် စားအုန်းဆီများသတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေး မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၂၇-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဆန်းလင်းမောင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှာ စလင်းမြို့နယ်ရှိ စားအုန်းဆီရောင်းချနေသော ဆီဆိုင်(၁၀)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်ဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ဘူးသွပ်ဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ထည့်သွင်းဖော်ပြ၍ ဖြန့်ဖြူးရောင်းချကြရန် ကွင်းဆင်း၍ အသိပညာဆွေးနွေး၍ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

မကွေးမြို့ရှိ ကုန်စည်ဒိုင်ခန်းမ၌ ကိုဗစ်-၁၉ချေးငွေအတိုးနှင့် အရင်းများပေးဆပ်ရန် တိုက်တွန်းသည့်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအစည်းအဝေး ခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေရယူထားပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ချေးငွေသက်တမ်း(၃)နှစ်ပြည့်မြောက်မည့် မကွေးမြို့ရှိ လုပ်ငန်းရှင်(၂၉)ဦးတို့ကို မကွေးတိုင်းဒေသကြီးကိုဗစ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့၏ တာဝန်ရှိသူများကတွေ့ဆုံခဲ့ကြပြီး ချေးငွေအတိုးနှင့် အရင်းများပေးဆပ်ရန်    တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။

  ပထမဦးစွာ မကွေးတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌက ချေးငွေများ စတင်ချေးရန်စာချုပ်ချုပ်စဉ်အခါက ချေးငွေသက်တမ်းမှာ(၁)နှစ်ဖြစ်သော်လည်း ယခုအခါ (၃)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အပြင် ကိုဗစ်-၁၉ရောဂါများလည်းမရှိတော့သည့်အတွက် နိုင်ငံတော်က ကိုဗစ်-၁၉ရန်ပုံငွေမှချေးငွေစာရင်းပိတ်သိမ်းလိုက်ပြီဖြစ်၍ အမြန်ဆုံးချေးငွေအတိုးနှင့် အရင်းများပေးဆပ်ကြရန် တိုက်တွန်းလိုကြောင်း၊ ပေးဆပ်ခြင်းမရှိပါက ချေးငွေသဘာတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးန္ဂေးပြောကြားခဲ့ပါသည်။

  ဆက်လက်၍ အတွင်းရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကတိသစ္စာဆိုသည်မှာ အရေးကြီးကြောင်း၊ ချေးငွေအတိုးနှင့်အရင်းများကို သတ်မှတ်ကာလအတွင်း ပေးဆပ်လိုက်ခြင်းအားဖြင့် ယုံကြည်မှုတည်ဆောင်ပြီးသားဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းရာဇဝင်နှင့် မိမိတို့လုပ်ငန်း၏ပုံရိပ်များပါတက်လာမည်ဖြစ်ကြောင်း၊ ချေးငွေအတိုးနှင့်အရင်းများပေးဆပ်ပြီးနောက် မိမိတို့လုပ်ငန်းနှင့်ကိုက်ညီသည့်ချေးငွေများကို ပြန်လည်လျှောက်ထား၍ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ပေးဆပ်သည့်အတွက် နောက်ထပ်ချေးငွေများ ပြန်လည်လျှောက်ထားသည့်အခါ ယုံယုံကြည်ကြည်ဖြင့် ထောက်ခံပေး၍ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

  ထို့နောက် အဖွဲ့ဝင်တစ်ဦးဖြစ်သူတိုင်း စီးပွားရေးဘဏ်မန်နေဂျာက ကိုဗစ်-၁၉ချေးငွေသဘောတူစာချုပ်ပါ ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်သော်လည်း ယခုအခါ (၃)နှစ်ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ကိုဗစ်-၁၉ရန်ပုံငွေခေါင်းစဉ်ဖြင့် ချေးငွေစာရင်းများကိုပိတ်သိမ်းခွင့်မပြုတော့ပါကြောင်း၊ ဘဏ်မှသတိပေးစာများထုတ်၍ အကြောင်းကြားရလျှင် မိမိတို့လုပ်ငန်းနာမည်ထိခိုက်မည်ဖြစ်၍ အမြန်ဆုံးချေးငွေအတိုးနှင့် အရင်းများပြန်ဆပ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖိုးနီက ၎င်းသည်လည်း လုပ်ငန်း(၂)ခုအတွက် ချေးငွေရယူထားရပြီး ယခုအခါ ချေးငွေအတိုးနှင့် အရင်း များပြန်လည်ပေးဆပ်ပြီးပါကြောင်း၊ ယခုကဲ့သို့ ပေးဆပ်ပြီးဖြစ်သည့်အတွက် တခြားခေါင်းစဉ်တစ်ခုခုဖြင့် ချေးငွေရယူလိုလျှင် အချိန်မရွေးချေးငွေရယူနိုင်ကြောင်းပြောကြားခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးထားသည့်ချေးငွေများ အကျိူးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၌ စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး မြို့နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့နှင့်ပူးပေါင်းစစ်‌ဆေး

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိဈေးဆိုင်များတွင် စားအုန်းဆီများသတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေး မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

  မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှရရှိသော ဆီခွဲတမ်းများကို (၁၉-၉-၂၀၂၃) ရက်နေ့တွင် ဒေါ်သီတာဦးဆီဆိုင်မှ (၁)ပိဿာလျှင် ကျပ်(၄၉၀၀)နှုန်းဖြင့် အိမ်ထောင်စု(၂၂၀)စုအတွက် စားအုန်းဆီ(၂၂၀)ပိဿာ၊ အောင်လံဆီစက်မှ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ (၅၅၀)ပိဿာ၊ ဦးသန်းဌေးဆီဆိုင်မှ အိမ်ထောင်စု(၃၃၀)စုအတွက် စားအုန်းဆီ(၃၃၀)ပိဿာ၊ ရွှေညီကိုဆီဆိုင်မှ အိမ်ထောင်စု(၃၃၀)စုအတွက် စားအုန်းဆီ(၃၃၀)ပိဿာ၊ ဆန်းရတနာတင့်ဆီဆိုင်မှ အိမ်ထောင်စု ၂၂၀)စုအတွက် စားအုန်းဆီ(၂၂၀)ပိဿာ၊ စကုမြို့ဦးစိုးလွင်ဆီဆိုင်မှ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၂၂၀၀)စုအတွက် စားအုန်းဆီ(၂၂၀၀)ပိဿာနှင့် (၂၀-၉-၂၀၂၃)ရက်နေ့တွင် မင်းမင်းဆီဆိုင်မှ အိမ်ထောင်စု(၄၄၀)စုအတွက် စားအုန်းဆီ(၄၄၀)ပိဿာ၊ ကောင်းဆီဆိုင်မှ အိမ်ထောင်စု(၈၈၀)စုအတွက် စားအုန်းဆီ(၈၈၀)ပိဿာ၊ ဦးအေးငွေဆီဆိုင်မှ အိမ်ထောင်စု(၃၃၀)စုအတွက် စားအုန်းဆီ(၃၃၀)ပိဿာ၊ စကုမြို့၊ ဦးထက်နိုင်လင်းဆီဆိုင်မှ အိမ်ထောင်စု (၅၅၀)အတွက် စားအုန်းဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၂၂၀၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာရောင်းချ‌ပေးနေမှုများအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် ရောင်းချရာတွင် စနစ်တကျရှိစေရေးတို့အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း‌‌ဒေသကြီး၊ မကွေးခရိုင်၊  နတ်မောက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးအောင်ဖြိုးဝေသည် (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ ဆေးဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူပေါင်း၍ (FDA)မှတားမြစ်ထားသော ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိတို့ကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသောဆေးဝါးပစ္စည်းတို့ကို ဝယ်ယူသုံးစွဲကြသောစားသုံးသူပြည်သူများအနေဖြင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရန်အတွက် သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာဖော်ပြထားသည့် အရည်အသွေးပြည့်မီသောဆေးဝါးများကိုသာရောင်းချကြရန်၊ ရောင်းချသောဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ဆေးဝါးပစ္စည်းများကိုသာရောင်းချကြရန်နှင့် ဆိုင်ခန်းများတွင်လည်း သန့်ရှင်းသပ်ရပ်စွာထားရှိရောင်းချကြရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မြို့သစ်မြို့စျေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးဆယ်မောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မစျေးအတွင်းနှင့် အပြင်တန်းကုန်စုံဆိုင်များနှင့် စျေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်သည့်ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များရှိ/မရှိတို့ကို သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးဆယ်မောင်က  ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌  စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေး

 စားသုံးသူပြည်သူများအနေဖြင့် အန္တရာယ်ကင်းသောကုန်စည်နှင့်ဝန်ဆောင်မှုကိုရရှိပြီး ကျန်းမာချမ်းသာစွာလူနေမှုဘဝကိုဖြတ်သန်းနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရှိနေရန်လိုအပ်ပေသည်။

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စျေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များမရှိစေရေး စျေးကွက်စောင့်ကြည့်လေ့လာခြင်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

  ချောက်မြို့နယ်၌ စားသုံးသူအသိပညာပေးရေးဟောပြောပွဲတို့ကို အခြေခံပညာကျောင်းများ၊ စျေးများ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်းအဖွဲ့ဖြင့် ဟောပြောဆွေးနွေးလျက်ရှိပါသည်။

     ကုန်စုံဆိုင်များ၌ ရောင်းချသောစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိ၊ FDA မှတားမြစ်ထားသော စားသောက်ကုန်များအားရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း‌ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များရွေးချယ်စားသောက်နိုင်ရေး အသိပညာပေးဟောပြောခြင်းများသာမက  ကျောင်းမုန့်စျေးတန်းတွင်ရောင်းချနေသော မုန့်မျိုးစုံဆိုင်များ၌ သက်တမ်းလွန်မုန့်များ၊ ပါဝါသကြားလွန်ကဲစွာအသုံးပြုသောအစားအစာများ၊ မုန့်မျိူးစုံ၊ အချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသောအသားလုံးများ၊ အရောင်လွန်ကဲစွာအသုံးပြုထားသောမုန့်များနှင့် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်မပါရှိသည့်မုန့်များရောင်းချမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသောမုန့်များကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခြင်းများကိုပါဆောင်ရွက်လျက်ရှိပေသည်။ တိုးတက်လာသည့်ခေတ်နဲ့အညီ လူတို့၏နေထိုင်စားသောက်မှုပုံစံများလည်းပြောင်းလဲလာကြပါသည်။ လူတို့သည် အစားအသောက်များကို လွယ်ကူစွာစားသုံးလာကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း အသင့်စားစားသောက်ကုန်ပစ္စည်းများကို တာရှည်ခံစေရန်၊ အနံ့အရသာနှင့်ပြည့်စုံစေရန် ဦးစားပေး၍ တရားမဝင်ဓာတုဆေးဝါးများ၊ ဓာတုဆိုးဆေးများကိုအသုံးပြုကာ ထုတ်လုပ်လာကြသဖြင့် ပြည်သူများအနေဖြင့် အရွယ်မတိုင်မီ ရောဂါဆန်းများနှင့်ကြုံတွေ့လာရသည်။

   လုပ်ငန်းရှင်များသည် စားသုံးသူများ၏ အခြေခံအခွင့်အရေးများကိုအလေးမထားဘဲ မိမိအကျိုးအမြတ်ရရှိရေးအတွက်သာ ရှေးရှုးဆောင်ရွက်မှုမရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေသထွက်ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၂၀)ဦးအား ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။

  ချောက်မြို့နယ်တွင် ပါပလာလုပ်ငန်း၊ ဆီးလုပ်ငန်း၊ အာလူးကြော်နှင့် တို့ဟူးခြောက်လုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများဖြစ်သည့်အပြင် ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေသည့် ဒေသထွက်ကုန်လုပ်ငန်းများလည်းဖြစ်သောကြောင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသောကုန်စည်၊ ဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပူးပေါင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    "စားသုံးသူပြည်သူများအန္တရာယ်ကင်းစေဖို့ သတိပြုလိုက်နာဆောင်ရွက်စို့" ဆောင်ပုဒ်နှင့်အညီ အစားအစာများ၊ စားသောက်ဖွယ်ရာများကိုထုပ်ပိုးရာ၌ ပလတ်စတစ်များသည် အဆင်ပြေစေသော်လည်း ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသောအစားအသောက်များကို ပူးပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင် ကြာရှည်စွာထားပါက ပလတ်စတစ်အတွင်းမှ ဓာတုပစ္စည်းများစိမ့်ထွက်ပြီး အစားအသောက်နှင့်ရော‌နှောစေနိုင်သောကြောင့် ပလတ်စတစ်အမှုန့်များသည် အစားအစာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်စေနိုင်သည်။ ထိုသို့ဝင်ရောက်မှုများမှတစ်ဆင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုပ်ရောဂါနှင့် ကင်ဆာကဲ့သို့ ရောဂါများကိုဖြစ်စေနိုင်သောကြောင့် ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော အစားအသောက်များကိုရှောင်ကျဉ်ခြင်းဖြင့် မိမိတို့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်မည်ဖြစ်ပေသည်။ ပလတ်စတစ်ကို ဓာတုပစ္စည်းအများအပြားနှင့်ပြုလုပ်ရခြင်းဖြစ်ပြီး အဆိုပါ ပလတ်စတစ်ပစ္စည်းတစ်ခုကို ရေထဲသို့စွန့်ပစ်လိုက်ပါက ရေထဲတွင် အပိုင်းပိုင်းဖြစ်သွားသည့်တိုင် ဓာတုသတ္တိမှာ နှစ်ပေါင်းရာနှင့်ချီသည့်တိုင် ပျောက်ပျယ်၍မသွားပေ။ ပလတ်စတစ်များကို မြေပြင်အမှိုက်ပုံတွင် စွန့်ပစ်ပါက သတ္တဝါများမှာ အစာမှတ်ပြီး စားသောက်ကြပါက အစာမခြေဖျက်နိုင်ဘဲ ဒုက္ခရောက်စေသည့်အပြင် အဆိပ်ပါသင့်စေသည့်အတွက် ပလတ်စတစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာမစွန့်ပစ်သင့်ပေ။ မသိနားမလည်မှုသည် အန္တရာယ်ကိုလက်ကမ်းခေါ်နေခြင်းပင်ဖြစ်သည်။ ပလတ်စတစ်အန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိလာစေရန်နှင့် ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ချောက်မြို့မစျေးအတွင်း/ အပြင်တွင် အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖတ်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။

     ထို့ပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် ဒေသခံပြည်သူများ သက်သာသောစျေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီများကို ချောက်မြို့ပေါ်ရှိရပ်ကွက်များသို့ စျေးကားဖြင့်လှည့်လည်၍ ရောင်းချပေးနေမှုများအား နေ့စဉ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက  သက်ဆိုင်ရာခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူကာကွယ်ရေး၏ အဓိကဦးတည်ချက်မှာ  ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုရယူသူများ၏ အခွင့်အရေးများကိုကာကွယ်ပေးရန်ဖြစ်သည်။ စားသုံးသူအခွင့်အ‌ရေးများနှင့်ပတ်သက်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများသာမက သံသယရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကိုတွေ့ရှိရပါက စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကို စားသုံးသူရေးရာဦးစီးဌာနက ကာကွယ်ပေးလျက်ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်၌ ကလေးအာဟာရဖြည့်စွက်အစာအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၁၃-၉-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မောင်းတိုင်(၁)၊ (၂)ရပ်ကွက်တို့ရှိ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များသို့သွားရောင်ကွင်းဆင်း၍ ဈေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ စစ်ဆေးရာ၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲနှင့် လိပ်စာတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကိုသိရှိနားလည်စေရန်နှင့် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များစျေးကွက်အတွင်း ရောင်းချမှုမပြုရန်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာရပ်ကွက်၌ စားအုန်းဆီများစျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ

 မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသောစားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် အိမ်ထောင်စု (၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာရောင်းချပေးခဲ့ပါသည်။

  ထိုသို့ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ထောင်စုတစ်စုလျှင် တိုကင်(၁)ခုနှုန်း ကြိုတင်ပေးထားကြောင်းနှင့် ကျန်ရှိသောရပ်ကွက်များသို့လည်း အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကျေးရွာနေပြည်သူများသို့ စားအုန်းဆီများ စျေးနှုန်းသက်သာစွာရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေး

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက (၂၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)နှုန်းဖြင့် မကွေးမြို့နယ်၊ မကျီးကန်ကျေးရွာ၌ အိမ်ထောင်စု(၁၀၈၀)စုအတွက် စားအုန်းဆီ (၁၀၈၀)ပိဿာ၊ ဆားတိုင်ကန်ကျေးရွာ၌ အိမ်ထောင်စု(၁၂၅၀)စုအတွက် စားအုန်းဆီ (၁၂၅၀)ပိဿာရောင်းချ‌ပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် ရောင်းချရာတွင် စနစ်တကျရှိစေရေး မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခဲ့ကြပါသည်။

 ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းသည် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ မများနှင့် ကျောင်းသား/ သူများအား စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အ‌ရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄)ချက်၊ ကုန်စည်များဝယ်ယူစားသုံးသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားနိုင်သော Consumer Call No. (1535) သို့ခေါ်ဆို၍ သိလိုသည်များနှင့်တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး  တက်‌ရောက်ခဲ့သော ဆရာ/ မများနှင့် ကျောင်းသား/ သူ(၁၄၈)ဦးတို့အား ဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၄/၂၀၂၃)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက (၃/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ (ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ)များအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေတို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

 ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်က အမှာစာများကိုဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးဆုံးဖြတ်ချက်များရယူ၍ အစည်းအဝေးကို နံနက်(၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအသီးသီးမှကော်မတီဝင်များ၊ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News