Main menu

HighLight News

Powered by Drupal

ကျွန်းလှမြို့ပေါ်ရှိ ဌာနပေါင်းစုံ စားဖိုဆောင်ရာသီသီးနှံစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးဝင်းဇော်ထွန်း၊  ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ်၊ လယ်စီအင်းမှ ဦးစီးအရာရှိ ဦးအောင်မင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၃၁-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်း စားဖိုဆောင်သီးနှံတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်းရှိ မြေကွက်လပ်များတွင် မိမိတို့ဌာနရှိ ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းများဆောင်ရွက်ရန်နှင့် စားဖိုဆောင်ရာသီသီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရန် အထက်အဆင့်ဆင့်က ညွှန်ကြားထားပြီးဖြစ်ရာ စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုရှိ/မရှိ၊ စိုက်ပျိုးထားရှိသည့်စားပင်သီးပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိ/မရှိနှင့် စိုက်ပျိုးရန် မြေနေရာရှိပြီး စိုက်ပျိုးထားခြင်းမရှိသည့်ဌာနများတွင် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဌာနအလိုက် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေနေကို အပတ်စဉ်စစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြရန်အတွက် ကွင်းဆင်းစစ်ဆေးရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

 

 

 

မုံရွာခရိုင်၏ (၁၀/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပါသည်။

    မုံရွာခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၁-၁၀-၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ "ဒေါ်ထက်"ဆိတ်သားခြောက်လုပ်ငန်းရှင်အားလည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “T & C ” မုန့်မျိုးစုံလုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

(၁၀/၂၀၂၃)လ ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ် စသည်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစုစုပေါင်း (၄)ကြိမ်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အောက်တိုဘာလအတွင်း ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့် စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၃-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၄) (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၅)ဦး၊ (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ “အ.မ.က”ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၄)ဦး၊ (၁၉-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ(၅)ဦးနှင့် (၂၇-၁၀-၂၀၂၃)ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show (၂)ဦး၊ စုစုပေါင်းစားသုံးသူ (၂၀၆)ဦးတို့ကို အသိပညာပေးဟောပြောခဲ့ရာ တာဝန်ရှိသူများက စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ Online Sales လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ရမည့်နေရာများ၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများကို နေ့စဉ် ဖြန့်ဝေလျက်ရှိသည့် ဌာန၏ Website၊ Facebook Page နှင့် Consumer Call Center No. (1535) စသည်တို့ကို ဝင်ရောက်ကြည့်ရှုခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ (၁၀/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဆောင်ရွက်မှုတွင် (၁၇-၁၀-၂၀၂၃)ရက်နေ့၌ ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ “ဝေဝေခိုင်” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂၀-၁၀-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊    ရှမ်းစုကျေးရွာ “မုန့်တီ” လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၂)ဦးအား မိမိတို့ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပြီး “ဝေဝေခိုင်”ကိတ်မုန့်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားရာ အထက်အဆင့်ဆင့်သို့တင်ပြခဲ့ကား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်မှုရှိကြောင်း အတည်ပြုထုတ်ပေးနိုင်ခဲ့ပြီး အခြားသောလုပ်ငန်းရှင်များကိုလည်း ဆက်လက်စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားသုံးသူအသိပညာပေး Talk Show ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်း၍သော်လည်းကောင်း၊ Online မှတစ်ဆင့်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     Online မှတစ်ဆင့်အသိပညာပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show များဟောပြောဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါ အသိပညာပေး Talk Show ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက Online Salse လုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အောက်တိုဘာလ(၂) ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ Online Salse မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင် တာဝန်ရှိသူများနှင့် မှတ်ပုံတင်ဆောင်ရွက်ရမည့် Online Salse လုပ်ကိုင်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကန့်ဘလူမြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေမည့် ကိစ္စရပ်များကိုပြုလုပ်ပါက ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၆-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၆/၂၀၂၃) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၁) ဦးတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် အကြီးတန်းစာရေး ဒေါ်ပြည့်ဖြိုးဝေက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အသုံးပြုသည့် ဈေးကွက်စောင့်ကြည့်ပုံစံဖြည့်သွင်းခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၌ (၁၀/၂၀၂၃)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့မှုများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကိုသိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကိုသိရှိလေ့လာနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(၁) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၁၀-၁၀-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၇၅)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် (၈၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၌ (၁၀/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို (၅) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၃-၁၀-၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်း (ကိတ်မုန့်) လုပ်ငန်းရှင်နှင့် ဒေါ်ကျင်မိ (စားအုန်းဆီရောင်းဝယ်ရေး)လုပ်ငန်းရှင်၊  (၁၃-၁၀-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဇော် (ပေါင်မုန့်၊ ကိတ်မုန့်)လုပ်ငန်းရှင်၊ ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်ရှိ တိုးတိုး (ပေါင်မုန့်၊ ကိတ်မုန့်)လုပ်ငန်းရှင်နှင့် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရှိုင်း (ပေါင်မုန့်၊ ကိတ်မုန့်) လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင် (၅)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News