မုံရွာခရိုင်၏ (၉/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
မုံရွာခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း(၂)ဦးတို့သည် (၈-၉-၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ "ရှန်တက်" ဆန်စက်လုပ်ငန်းရှင်အားလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၄-၉-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “မြင့်ရတနာ” ဆန်စက်လုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)