Main menu

HighLight News

Powered by Drupal

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲကျင်းပပြုလုပ်

  (၂၆-၇-၂၀၂၃) ရက်နေ့နှင့် (၂၇-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင်  စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   ထို့သို့ မိတ်ဆုံစားပွဲကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နေ့လယ်စာအဖြစ် ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဝန်ထမ်းများကလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာသော ဟင်းလျာများဖြင့် အပြန်အလှန်လဲလှယ်ကြပြီး တပျော်တပါး လက်ရည်တပြင်တည်း ပျော်ရွင်စွာစားသောက်ခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများစုပေါင်းညီညာစွာ မိတ်ဆုံစားပွဲများပြုလုပ်ခြင်းနှင့် ပြည်နယ်ဦးစီးမှူးက မုန့်ဟင်းခါးချက်ကျွေးခြင်း၊ ကြာဇံဟင်းခါးချက်ကျွေးခြင်း၊ အစုံသုပ်များလုပ်ကျွေးခြင်းတို့ကို အခါအားလျော်စွာ လစဉ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် အထက်အောက် အပြန်အလှန်ချစ်ကြည်ရင်းနှီး၍ လုပ်ငန်းခွင်ပျော်ရွင်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာလအတွင်း သတင်း/ ဆောင်းပါးပါဝင်ရေးသားနိုင်မှုအတွက် စာမူခများဆုချီးမြှင့်

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေးအတွက် သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀၀ကျပ်၊ သတင်းရှည်၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားပါဝင်သောဝန်ထမ်းများကို (၂၈-၉-၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ရာ Website သတင်းပါဝင်မှုအတွက် ပြည်နယ်မှူးက တစ်ပုဒ်လျှင် ၅၀၀ကျပ်ဖြင့် စုစုပေါင်း ၄၄ပုဒ်အတွက်လည်ကောင်း၊  Commerce Journal တွင် သတင်းနှင့်ဆောင်းပါးပါဝင်မှုအတွက် သတင်းနည်းဌာနခွဲတာဝန်ခံ ဦမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က တစ်ပုဒ်လျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း သတင်းရေးသားသူများသို့ စာမူခများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၉ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ၁၆ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)က  ၃ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)က ၃ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)က ၇ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က ၃ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး)က ၁ပုဒ်နှင့် ဒေါ်ရီရီအောင်(ရုံးအကူမှူး)က ၂ပုဒ်၊ စုစုပေါင်း ၆၁ပုဒ်ဖြစ်ပြီး ဆောင်းပါး၃ပုဒ်ပါဝင်ကြောင်းသိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဝန်ထမ်းတိုင်း သတင်းရေးသားတတ်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာဌာနတွင်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သတင်း/ ဆောင်းပါးရေးသားမှုအရည်အသွေးတိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်းသိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၇/၂၀၂၃)ကျင်းပပြုလုပ်

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursdays Talk အမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးအနေဖြင့် ဝန်ကြီးဌာနရုံးချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) အား လစဉ် ကျင်းပပြုလုပ်ဆောင်ရွက်ပြီးကြောင်းနှင့် ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) ကျင်းပပြုလုပ်ခြင်းကြောင့်  ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများ အချင်းချင်းဝေမျှနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားသို့ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ကြ၍ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

       အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သော (၆)လပတ်ညှိနှိုင်းအစည်းအဝေးဆုံးချက်နှင့် ဝန်ကြီးလမ်းညွှန်ချက်အပေါ် ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား  ပြန်လည်၍အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဘူးသီးတောင်မြို့ပေါ်၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်လှိုင် (ဦးစီးမှူး) တို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသောဆန်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်      အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်လှိုင် (ဦးစီးမှူး) က ကုန်စုံဆိုင်ပိုင်ရှင်များအား လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များရောင်းချရာတွင် (FDA) ထောက်ခံချက်ရရှိသောကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ  ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)                                                                                                                              

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

 အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝရေးအတွက် ရုံးတွင်းပြုလုပ်သောသင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သည့်သင်တန်းများ၊ ရုံးချုပ်မှဖွင့်လှစ်သည့် သင်တန်းများကိုလည်းတက်ရောက်ကြရန်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုအပြင် ပြင်ပဗဟုသုတများ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာများကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနခွဲများမှ ဝန်ထမ်းများက ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဦးစီးမှူးသည် ဟိုတယ်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေး

    (၂၀-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသဖြင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလိုက်နာကြရန်၊ ဟိုတယ်ဝန်ဆောင်မှုပေးရာတွင်လည်း စားသုံးသူများကို သတင်းအချက်အလက်များမှန်ကန်စွာပေးရန်နှင့် ဟိုတယ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင်လည်း တာဝန်ယူဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မိမိတို့ဌာနအနေဖြင့် အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ၊ အကူအညီများလိုအပ်မှုများရှိလျှင် ဆွေးနွေးနိုင်ပါကြောင်းပြောကြားခဲ့ပြီးနောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ တာဝန်ရှိသူတစ်ဦးက စားသုံးဆီအခက်အခဲနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက ရုံးချုပ်သို့  ဆက်လက်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။

DOCA(မွန်)

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံတိုင်းအတွက် မရှိမဖြစ်ဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးရာတွင် အောက်ခြေလူတန်းစားများသည် ပညာရေးနိမ့်ပါးခြင်း၊ မီဒီယာအသုံးချနိုင်မှုနည်းပါးခြင်းကြောင့် ၎င်းတို့အား ဦးစားပေး၍ အသိပညာပေးရန် လိုအပ်ကြောင်း၊ ဦးတည်အုပ်စုရွေးချယ်၍ စာသင်ကျောင်းများတွင် ဟောပြောပွဲပြုလုပ်သည်များကို အားရကျေနပ်မိပါကြောင်း၊ ဟောပြောပွဲတွင် ကျောင်းသား/ သူများအား စားသောက်ကုန်များရွေးချယ်ဝယ်ယူသည့်အခါ ဆောင်ရန်/ရှောင်ရန်တို့ကို ထည့်သွင်းဟောပြောစေလိုကြောင်း၊ ကျောင်းမုန့်ဈေးတန်းများကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဒုတိယသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်တို့ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဦးစီးမှူးသည် မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     (၁၉-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  မုန့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို အလေးထားဖော်ပြပေးရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘားအံမြို့ပေါ်ရှိ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

  (၂၀-၉-၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချပေးသောစားအုန်းဆီများအား ကရင်ပြည်နယ်ဆီအသင်း၏စီစဉ်မှုဖြင့် ဘားအံမြို့ပေါ်နှင့် ကျေးရွာများ၌ ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားအုန်းဆီများ ဈေးကွက်အတွင်းသို့ဖြန့်ချိရာတွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

 ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီရည်ညွှန်းဈေးတစ်ပိဿာဈေးနှုန်း(၄၄၄၀)ကျပ်အပေါ်အခြေခံ၍ အရောင်းဈေးထပ်ပေါင်းပြီး ကရင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာလျှင် ၄၉၅၀ကျပ်ဖြင့် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချပေးကြောင်းသိရပါသည်။

  အဆိုပါ စားအုန်းဆီများရောင်းချရာတွင် ဈေးနှုန်းနှင့်အလေးချိန်မှန်ကန်စေရေး၊ ပြည်သူများဆီသို့ ဖြန့်ဖြူးရောင်းချရာတွင် ဈေးကွက်အတွင်း သက်သာမှန်ကန်သောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊  ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် ကရင်ပြည်နယ်ဆီအသင်းအနေဖြင့် ဘားအံမြို့ပေါ် (၁၁)နေရာနှင့် ဘားအံမြို့အနီးကျေးရွာ (၄) နေရာတို့ရှိ  ဆီအရောင်း ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဦးမျိုးဝင်းနိုင်(ဦး/ရှိ)တို့သည် မြေပြင်အခြေအနေကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)                                                                                                

 

ကရင်ပြည်နယ်ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးရှိ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်(ရုံးအုပ်)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ထုတ်လုပ်လျက်ရှိသောလုပ်ငန်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကရင်ပြည်နယ်ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”  ထုတ်လုပ်ရာတွင် စားသုံးသူပြည်သူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ သတ်မှတ်ထောက်ခံချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရုံးအနေဖြင့် စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

  ဆက်လက်၍ ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍  လုပ်ငန်းရှင် ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင်လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျာတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါ အူနုများကို ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်နုရွက်၊ ရှမ်းနံနံ စသည့်ဟင်းခတ်အမွှေးအကြိုင်များကို စုပေါင်းရောနှောလုံးပြီး နူးအိစွာချက်ပြုထားခြင်းဖြစ်ကြောင်းနှင့်  ဒေသတွင်းစားသုံးမှုသာမက တစ်ဖက်ထိုင်းနိုင်ငံသို့ပါ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - HighLight News