Main menu

HighLight News

Powered by Drupal

ကျိုက်ထိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  ၁၃-၆-၂၀၂၄ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း၊ အခွင့်အာဏာအပ်နှင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် တင်ပြရမည့်အထောက်အထားများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍   ၁၄-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသောဂိုထောင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

Royal Jasmine ဆေးဆိုင်သို့သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆေးအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၇-၆-၂၀၂၄ ရက်နေ့၊  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၂၈)၊ ဗိုလ်ချုပ်လမ်း၊ (၃၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ Royal Jasmine ဆေးဆိုင်အား   ဆိုင်တာဝန်ခံနှင့် သွားရောက်တွေ့ဆုံကာ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်း၌ ဆေးဝါး (၈၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Grace Win Co., Ltd မှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း၊ ယခင်ကာလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးအဆမတန်မြင့်တက်ခြင်းမရှိကြောင်း တာဝန်ခံက ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီဆိုင်များရောင်းချနေမှုအားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  ၁၇-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ လက်လီရောင်းချ​ပေး​နေသော စားအုန်းဆီဆိုင်များသို့သွားရောက်ကာ     ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချ​နေမှုရှိ/မရှိစစ်​ဆေးခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်းရှိ/မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးအတွင်းရှိ စားအုန်းဆီလက်လီဆိုင်များရောင်းချနေမှုအားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊  သုဝဏ္ဏဈေးရှိ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပူးပေါင်း၍  ဦးဝင်းနိုင်၊ ဦးဌေးညွန့်၊ ဦးဌေးလွင် စသည့် စားအုန်းဆီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်   လက်လီရောင်းချ​ပေး​နေသော စားအုန်းဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချ​နေမှုရှိ/မရှိစစ်​ဆေးခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်လည်း ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးရှိ ကလေးကစားစရာအရုပ် အမျိုးမျိုးရောင်းချသည့်ဆိုင်များအားစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေး၊ စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသည့်ဆိုင်များသို့  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၁၇-၆-၂၀၂၄ နံနက် (၁၀:၃၀) နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဗိုလ်တထောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသောဆိုင်များသို့သွားရောက်ကာ ကစားစရာကုန်ပစ္စည်းအမျိုးမျိုးတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကလေးကစားစရာအရုပ်အမျိုးမျိုးအပါအဝင် အခြားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်းရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များ၏ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ စည်ပင်သာယာဈေးအတွင်းရှိ လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများအနေဖြင့် ဆီများအလွယ်တကူရရှိနိုင်ရေး ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကမာကဆစ် စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့်အဖွဲ့များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကမာကဆစ်စည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် စားအုန်းဆီရောင်းချနေသည့်ဆိုင်များမှ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကိုဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိဘဲဝယ်ယူစားသုံးစေနိုင်ရန်အတွက် သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်ပါ၍ ရရှိသည့်ခွဲတမ်းအလိုက် ဈေးကွက်အတွင်း သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပြီး ရရှိသောခွဲတမ်းအလိုက် အမှန်တကယ်ရောင်းချခြင်းများမရှိပါက ဝင်ရောက်စစ်ဆေး၍ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ရှင်မျာအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့၊ အစိုးရနည်းပညာတက္ကသိုလ်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၉-၆-၂၀၂၄ ရက်နေ့တွင် အစိုးရနည်းပညာတက္ကသိုလ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်အတူ ကျောင်းသား/သူစုစုပေါင်း (၄၀၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

     အဆိုပါဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးက တိုင်ကြားနိုင်မှုနှင့် ဝန်ဆောင်မှုအကြောင်းသိကောင်းစရာများဟောပြောခဲ့ပြီး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကုန်စည်များဝယ်ယူသည့်အခါ သတိပြုရမည့်အချက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Online Sales နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၉-၆-၂၀၂၄) ရက်နေ့၌ မော်လမြိုင်မြို့၊ အောက်လမ်းမကြီး၏ လမ်းဘေးဝဲယာကုန်စုံဆိုင်ကြီးများရှိ  ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Wah-Lah၊ MA MA (ပုစွန်ချဉ်စပ်)၊ MA MA (ပင်လယ်စာချဉ်စပ်)၊ ယံယံ (ပုစွန်ချဉ်စပ်)၊ MA MEE (ကြက်သားဆီချက်) အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များ၌ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် ရတနာထွန်းပွဲရုံတို့၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇-၆-၂၀၂၄ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ အမှတ်(၁)စျေးနှင့် ရတနာထွန်းပွဲရုံတို့၌  ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရထုတ်ပြန်သည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့်ကိုက်ညီမှုရှိ/မရှိ အခြေအနေများအားလည်းကောင်း၊ အမျိုးသားအစားအသောက်ဥပဒေအရထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရောင်းချရာတွင် လိုက်နာရမည့် အရည်အသွေး၊ အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အမှတ် (၂/၂၀၂၄)တို့နှင့်ကိုက်ညီမှုရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီစွာ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရသည်။ 

         စားသုံးဆီအမျိုးမျိုးသည် ပြည်သူများ၏ နေ့စဉ်စားသောက်မှုတွင် မပါမဖြစ်အသုံးပြုရသည့် အခြေခံစားသောက်ကုန်ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်များကိုက်ညီမှုမရှိသော စားအုန်းဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများကိုဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး ထိခိုက်နိုင်ခြေများသော ကုန်စည်ဖြစ်ခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာနသည် ရောနှောဆီ (Blended Oil) များအပါအဝင် စားသုံးဆီအမျိုးမျိုးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News