ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဖြူစင်သန့်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၃-၁၀-၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဖြူစင်သန့်ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖြူစင်သန့်ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအဆင့်ဆင့်၊ ထွက်ရှိလာသောဆန်များကို ဈေးကွက်သို့တင်ပို့ရောင်းချမှုအခြေအနေ၊ ဆန်/စပါးဈေးနှုန်းဈေးကွက်အခြေအနေများာကိုမေးမြန်းရား (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးမနောသုခစပါး (၅၀) ပေါင်လျှင် ကွင်းဈေးမှာ ၁၉၃၀၀/-ကျပ်၊ စက်ဈေးနှုန်းမှာ ၁၉၅၀၀/-ကျပ်ဖြစ်ကြောင်း၊ (၂၀၂၂-၂၀၂၃)ခုနှစ်၊ မနောသုခဆန်(၁၀၈)ပေါင်လျှင် လတ်စဈေးမှာ ၇၀၀၀၀/-ကျပ်၊ ထိပ်စဈေးမှား ၇၂၀၀၀/-ကျပ်နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးနှံကားစပါး(၅၀)ပေါင်လျှင် ကွင်းဈေးမှာ ၁၆၈၀၀/-ကျပ်၊ စက်ဈေးမှာ ၁၇၀၀၀/-ကျပ်နှင့် ( ၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးနှံကားဆန်(၁၀၈)ပေါင်လျှင် လတ်စဈေးမှာ ၆၀၀၀၀/-ကျပ်နှင့် ထိပ်စဈေးမှာ (၆၂၀၀၀)ကျပ်ရှိကြောင်းရှင်းလင်းပြောကြားပြီး ဆန်စက်မှထွက်ရှိလာသောဆန်များကို အရည်အသွေးမြင့်ကုန်စည်ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)