Main menu

HighLight News

Powered by Drupal

ပခုက္ကူမြို့၊ အထက်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားရွေးချယ်တတ်စေရေး ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၁၃) ဦးနှင့် ဆရာ/ ဆရာမ (၇) ဦး စုစုပေါင်း (၂၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်နှင့်  စားသုံးသူများလိုက်နာရမည့်တာဝန် (၄)ချက်အကြောင်း၊ ယခုကဲ့သို့သိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကိုတောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် လိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အကြောင်း၊ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာ သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများအနေဖြင့် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာကြသည့် ကျောင်းသား/ သူများနှင့် ဆရာ/ မများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးဆိုင်၌ စားသုံးရန်မသင့်သည့်အစားအသောက်များရောင်းချခြင်းရှိ/ မရှိကိုလည်း ကျောင်းအုပ်ဆရာမကြီးနှင့်အတူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၇-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ(၂၈၀)ဦး၊ ဆရာ/ ဆရာမ (၅)ဦး၊ ကျောင်းဈေးသည်(၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုသည်မှာ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးပြီး စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယခုလိုစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် စားသုံးသူ၏အခွင့်အရေးကိုသိရှိနားလည်ပြီး အပြည့်အဝတောင်းဆိုတတ်ရန် ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကိုဝယ်ယူအသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစားအသောက်များကို ရွေးချယ်ဝယ်ယူတတ်ကြစေလိုကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ်  အကျိုးပြုကာကွယ်ပေးနေသောဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး"ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊  မိမိ၏အခွင့်အရေးကိုသဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများသိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်းနှင့် စားသုံးသူ၏တာဝန်များအကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ထို့နောက် ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးကလည်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ- ၄၁အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရန်နှင့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့်အပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကိုကြည့်ရှုပြီး ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့ပြင် ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးကလည်း ကျောင်းသား/ းသူများအနေဖြင့် အခွင့်အရေးနှင့်တာဝန်များကိုသိရှိပြီး တောင်းဆိုတတ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိကို သေချာစွာကြည့်ရှုဝယ်ယူတတ်စေရန်ပြောကြားပြီး မိမိတို့အသိပညာပေးဟောပြောဆွေးနွေးမှုများအနက် နားလည်နိုင်မှုစွမ်းရည်များကိုမေးမြန်း၍ ဖြေကြားနိုင်သည့် ကျောင်းသား/ သူများအား ဆုများချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

သရက်မြို့ပေါ်ရှိ ဆေးဆိုင်၊ ကုန်စုံဆိုင်များ၌ ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်နှင့်ဝန်ထမ်းများသည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်နှင့် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်သည့် ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာ (Pedia Sure/ Gold Power/ Dumex) စသည့် အမှတ်တံဆိပ်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိထားကြောင်းတွေ့ရှိခဲ့ရပါသည်။ ထို့နောက် ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က ဆိုင်ရှင်များအား ကလေးအာဟာရဖြည့်စွက်စာသည် ကလေးများအတွက် အဓိကထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းဖြစ်သောကြောင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များကိုမရောင်းချရန်၊ မြန်မာဘာသာဖြင့် ဖော်ပြထားသည့် ကုန်စည်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်များကိုသာတင်သွင်းရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေး

   မကွေးမြို့နယ်အတွင်း အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု‌လျော့ချ‌ရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ဆေးနှင့်ဖြည့်စွက်စာအရောင်းဆိုင်များသို့သွားရောက်၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် သတ်မှတ်အစားအသောက်တွင် ဖော်ပြပါရှိရမည့်အချက်အလက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၄-၉-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ မြေနုရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၃)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဘိုးနက်ကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

   (၁၂-၉-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာ၊ ဇေယျဝံသဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် တာဝန်ခံဆရာမ ဒေါ်သီသီအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊  အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာ များနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲသို့  ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၃၃) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘားအံမြို့၊ အ-ထ-က (၅) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ကွင်းဆင်းစစ်ဆေးကာ ကျောင်းသား/ သူများအား စားသုံးသူအသိပညာပေးခဲ့

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး) နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ၊ ကျောင်းကျန်းမာရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်ကျေးအဖွဲ့ဝင်တို့ပူးပေါင်း၍ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၅)ရှိ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စစ်ဆေးရေးအရာရှိ ဒေါ်သီတာ‌ဋ္ဌေးက ကျောင်းမုန့်ဈေးတန်းတွင်  အစားအသောက်၊ အချိုရည်များနှင့် မုန့်မျိုးစုံတို့ကို ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့သည့်အပြင် ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော ကျောင်းမုန့်ဈေးသည်များကို  စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်များကို ရောင်းချရာတွင် FDA ၏ ထောက်ခံချက်ရရှိသော ကုန်စည်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဋ္ဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် မုန့်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

         

ဘားအံမြို့၊ အ-ထ-က(၅)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၅) ရှိ ကျောင်းသား/ သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိသက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို လွယ်ကူစွာသိရှိနိုင်ရန် မုန့်ထုပ်များဖြင့် ဥပမာပေးလက်တွေ့ရှင်းလင်းပြောကြားခဲ့ပြီး  ထိုဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူစုစုပေါင်းဦးရေ (၁၈၇) ဦးတက်ရောက်ခဲ့ကြကာ ဟောပြောပွဲအား နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ကျိုင်းတုံမြို့၊ မြို့မဈေး၌ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးရှိ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားမပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ဝိုင်းမော်မြို့၊ အ-မ-က အောင်မြေ (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှ နံနက် (၁၁:၃၀) နာရီအချိန်ထိ ဝိုင်းမော်မြို့၊ အ-မ-က အောင်မြေ(၂)၊ စာသင်ကျောင်းတွင် ဆရာ/ ဆရာမ(၇)ဦး ကျောင်းသား/ကျောင်းသူ(၁၁၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံး ပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်သို့ မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှုနည်းလမ်း၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News