Main menu

HighLight News

Powered by Drupal

ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ စားအုန်းဆီသိုလှောင်ကန်များအားစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မိုးအောင်နှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ကြည်မြင့်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ KIP၊ MNG (2)၊ DD၊ HTT၊ MEC (အဖြူ)  စသည့်ဆီကန်များမှ ဆီကန်မန်နေဂျာနှင့်တာဝန်ခံများပူးပေါင်း၍ ၃၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဆီကန်လက်ကျန်ပမာဏများစစ်ဆေးခြင်း၊ ဆီထုတ်ယူသည့် ဆီပေပါများသန့်ရှင်းမှုရှိ / မရှိ၊ ဆီပေပါများ အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဟန်နီစိုးဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(၂၉)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါဆေးဆိုင်များမှာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီးနောက် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်သို့ သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် သာကေတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ၃၁-၅-၂၀၂၄ ရက်နေ့  နံနက် (၁၁:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၁၅)၊ ခိုင်‌ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ မြတ်သဇင်ဆေးဆိုင်ခွဲ(၃)အား   ဆိုင်တာဝန်ခံ ဒေါ်ခင်ကြည်ကြည်ဇင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးများမှာ ဆေးအမျိုးအမည် (၅၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Mega, AA  စသည့်ဆေးကုမ္ပဏီများမှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်းဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် သာကေတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ၃၁-၅-၂၀၂၄ ရက်နေ့၊  နေ့လယ် (၁၁:၃၀) နာရီအချိန်တွင်  အမှတ်(၁၂၁၅)၊ ခိုင်‌ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား ဆိုင်တာဝန်ခံ ဒေါ်သင်းအိထွေးနှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးအမျိုးအမည်မှာ (100)ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို မင်္ဂလာဈေးရှိ ကိုကျော်သူ၊ ကေကေ၊ မင်္ဂလာ စသည့်ဆေးဆိုင်များမှ ဝယ် ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ က(၁၀၁)အစည်းအဝေးခန်းမတွင် ၃၁-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးကြီးမျိုးကြည်၊ အတွင်းရေးမှူးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မတီ၏လုပ်ငန်းတာဝန်များဖြစ်သည့် အမိန့်ချမှတ်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် တင်ပြချက်အပေါ် ဆုံးဖြတ်ပေးခြင်း၊ အယူခံမှုများအတွက် ဆုံးဖြတ်ခြင်းနှင့် ကော်မတီ၏ လုပ်ဆောင်ချက်များကို ‌ကော်မရှင်ထံသို့တင်ပြခြင်း အစရှိသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၁၈) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရှေ့ဆက်လည်း ကော်မတီအနေဖြင့် စားသုံးသူအသိပညာပေးခြင်း၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်ခြင်း လုပ်ငန်းများအား ယခုထက်ပိုမိုအောင်မြင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးကျော်ကျော်လွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။

       ယင်းနောက် အစည်းအဝေးသို့တင်ပြထားသည့် အမှာစာများအား ဖတ်ကြားတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးမှု များပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး၊၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှု အဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဇေမောင်မောင်တို့ပါဝင်သောအဖွဲ့များသည် ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV လစန္ဒာရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ အရက်၊  အထွေထွေစားသောက်ကုန်၊ လူသူံးကုန်မျိုးစုံများကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့်  ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများကို ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မေတ္တာအလင်းရောင်ဆေးကုမ္ပဏီအား ဌာနဆိုင်ရာအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်ကိုကိုတို့ပူးပေါင်း၍ ၂၉-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂း၃၀) နာရီအချိန်တွင်  အမှတ်(၆၇)၊ နှင်းဆီလမ်းနှင့် ဧရာဝတီလမ်းထောင့်၊ အလုံမြို့နယ်ရှိ မေတ္တာအလင်းရောင်ဆေးကုမ္ပဏီမှ မန်နေဂျာနှင့်သွားရောက်တွေ့ဆုံကာ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီသည် အကိုက်ခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး(၂) မျိုးသာ အိန္ဒိယနိုင်ငံမှ တင်သွင်းဖြန့်ချိရောင်းချသော ကုမ္ပဏီဖြစ်ကြောင်း၊ အဆိုပါနိုင်ငံမှ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Medi Health Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်တို့ပူးပေါင်း၍ ၂၉-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် အမှတ်(270)၊ အခန်း(၇/အေ)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ Medi Health Co.,Ltd မှ  ဆိုင်မန်နေဂျာနှင့်သွားရောက်တွေ့ဆုံကာ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့် ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေးပစ္စည်း(၁၂)မျိုးရှိပြီး၊ အဆိုပါဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းဖြန့်ချိရောင်းချကြောင်း၊ အဆိုပါနိုင်ငံမှ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့် တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ သင်္ဃန်းကျွန်းမြို့နယ်တာဝန်ခံသည် ဈေးစည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့်အတူ    သင်္ဃန်းကျွန်းမြို့နယ်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား (၃၀-၅-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချ ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုခရိုင်၏ (၅/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၅/၂၀၂၄)လအတွင်း ခရိုင်ဦးစီးမှူးမှဦးဆောင်ပြီး ရွှေဘိုမြို့နယ်တာဝန်ခံ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံ (၂)ခုအားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အားလည်းကောင်း အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည်ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၁)ဆိုင်အားလည်း‌ကောင်း၊ အမှတ် (၁၀)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၃)ဆိုင်အားလည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News