Main menu

HighLight News

Powered by Drupal

ကြံခင်းမြို့နယ်၊ မြို့ဦးရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့ဦးရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များအား (၁၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး မုန့်မျိုးစုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းအပါအဝင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းအတွက် ဖွင့်လှစ်မည့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စီမံကိန်းလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ကျေးလက်နေပြည်သူ( ၂၀ )ဦးနှင့် သင်တန်းသား( ၁၀ )ဦး၊ စုစုပေါင်း( ၃၀ )ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

  အဆိုပါဖွင့်ပွဲတွင် ဘိုကလေးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြကျေးရွာရှိ သင်တန်းတက်ရောက်မည့်သင်တန်းသားများအနေဖြင့် စနစ်တကျသင်ယူလေ့လာစေလိုကြောင်း၊ ယခုသင်တန်းသား(၁၀)ဦးထဲမှ (၅)ဦးရွေးချယ်၍ အပ်ချုပ်စက်များနှင့် ဆက်စပ်ပစ္စည်းများ အခမဲ့ပံ့ပိုးပေးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားပါက မိမိနေအိမ်၌ပင် အသေးစား လုပ်ငန်းဖွင့်လှစ်နိုင်ပြီး ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း၊ ပြင်ပတွင် စီးပွားရေးလုပ်ကိုင်နိုင်သည်အထိ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလကို (၁)လပေးကာ ရွေးချယ်ထားသော ( ၅ ) ဦးကို မွမ်းမံသင်တန်း နောက်ထပ် (၁၅) ရက်ထပ်ဆင့်သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက တပိုင်တနိုင်စားသောက်ကုန်လုပ်ငန်းများကိုလုပ်ကိုင်မည်ဆိုပါက မိမိတို့ဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အုန်းစားသောက်ကုန်နှင့်ပက်သက်၍ ထုတ်လုပ်သူများရှိပါက သင်တန်းပေးရန်ရှိသဖြင့် စာရင်းပေးသွင်းနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့လည်းကောင်း၊ (website) သို့လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)      

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဌာနခွဲမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက တိုင်းဦးစီးရုံခန်းတွင် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ဒုတိုင်းဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်၊၊

    တိုင်းဦးစီးမှူးက ရုံးချုပ်နှင့်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားထားသည့် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လစဉ်ပြုလုပ်နေသော မိတ်ဆုံစားပွဲ၊ ဝန်ထမ်းထုဒါဘာ၊ သင်တန်းကိစ္စနှင့်သန့်ရှင်းရေးကိစ္စများ၊ Thursday Talk ပြုလုပ်ရန်ကိစ္စများအပြင် စီမံရေးရာဌာနခွဲ၊ ငွေစာရင်းဌာနခွဲ၊ ပြည်တွင်းဌာနခွဲ၊ သတင်းဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၊ စားသုံးသူရေးရာဌာနခွဲများနှင့် ဌာနခွဲအလိုက် လစဉ်လုပ်ငန်းဆောင်ရွက်ရာတွင် ကြွေးကျန်မရှိစေရေးနှင့် လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ပါသည်၊၊

     ဆက်လက်၍ ဒုတိုင်းဦးစီးမှူးကလည်း ရုံးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျဆောင်ရွက်ရန်နှင့် ရုံးချုပ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားစာများအချိန်မီပေးပို့ပါရန်၊ အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရန်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနခွဲအလိုက် တာဝန်ခံများက လက်ရှိဆောင်ရွက်နေမှုနှင့်  ဆောင်ရွက်ဆဲလုပ်ငန်းများအားတင်ပြ၍ လိုအပ်သည်များကို တိုင်းဦးစီးမှူးက ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဒေသတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီအစည်းအဝေးပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းအတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်တီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၇ရက်နေ့တွင် ကျင်းပပြုပလုပ်ရာ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပုသိမ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် နည်းပညာတက္ကသိုလ်၊ တွဲဖက်ပါမောက္ခနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးများတက်ရောက်ခဲ့ကြပါသည်၊၊

   အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဖွဲ့စည်းထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ တိုင်းဒေသကြီးထုတ်ကုန်များမှ သုတေသနလုပ်ရန် သင့်တော်သောထုတ်ကုန်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က သုတေသနပြုလုပ်ရန် ဘဏ်ချေးငွေရရှိရေး ကုန်သည်စက်မှုအသင်းက ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ပူးပေါင်းပြီး ဧရာဝတီတိုင်းမှ ထုတ်ကုန်များစံနမူနာပြုလုပ်ရန် ထုတ်ကုန်နှင့်ပတ်သက်သောသုတေသနများ၊ ဈေးကွက်နှင့်ပတ်သက်သောတွက်ချက်မှုများပြုလုပ်ရန် ဌာနဆိုင်ရာများမှ အချက်အလက်များရယူပြီး တက္ကသိုလ်မှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

                            

ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် စားအုန်းဆီရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည်   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နေ့လယ်(၁၆:၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ ပြည်သူများအား လက်လီဈေးကားဖြင့်  စားအုန်းဆီတစ်ပိဿာလျှင် (၄၅၀၀)    ကျပ်နှုန်းဖြင့်ရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

        ဒေးဒရဲမြို့နယ်၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်များပူးပေါင်းကာ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာနေပြည်သူများအား စားအုန်းဆီရည်ညွှန်းဈေး ၁ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ပြည်သူ တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် လူဦးရေ (၂၂၀)ဦးအား ဆီပိဿာချိန် ၁၁၀ပိဿာဖြန့်ဖြူးရောင်းချခဲ့မှုအပေါ် ဈေးကွက်စောင့်ကြည့်၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်၊ အလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်၊ အလယ်တန်းကျောင်းရှိ ဆရာ/ဆရာမ(၃၀)ဦး၊ ကျောင်းသား/သူ(၁၂၀)ဦး၊ စုစု‌ပေါင်း (၁၅၀) ဦးတို့အား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယနည်းပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသောဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရိုက်နှိပ်ဖော်ပြထားသော ကုန်စည်များကိုရွေးချယ်ဝယ်ယူစားသုံးကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သောစင်တာများဖွင့်လှစ်ထားရှိပါကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm နှင့် Call Center No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးမှုသတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ "ဇာနည်ကျော်"ဆန်စက်အား SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ "ဇာနည်ကျော်" ဆန်စက်သို့သွားရောက်၍ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ လုပ်ငန်းရှင်၏ အခက်အခဲနှင့်အတွေ့အကြုံများ၊   ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်အား Gasfier များ စနစ်တကျထားရှိစေပြီး စက်ရုံဝန်းအတွင်း ဆန်စပါးသိုလှောင်မှုအခြေအနေများ၊ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆန်စက်တွင် ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြုမှုရှိစေရေး၊ ဆန်စပါးသိုလှောင်သည့်သိုလှောင်ရုံများကို သန့်ရှင်းသပ်ရပ်စွာထားရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အ-မ-က (၃) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်( ၃ ) ရပ်ကွက်၊ အ-မ-က ( ၃ ) ကျောင်း၌ ဆရာ/ဆရာမ(၆)ဦး၊  ကျောင်းသား/ ကျောင်းသူ(၁၁၀)ဦး၊      စုစုပေါင်း(၁၁၆)ဦးအား  စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံက  လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာမြို့နယ်တာဝန်ခံက တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေ၊ ရွေးချယ်စာသုံးသင့်သည့်အစားအစာများအကြောင်းနှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ/ဆရာမ(၅၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် ခရိုင်စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးကာကွယ်ရေးဥပဒေပါ   စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏  လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည။၊ ထို့နောက် ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်(၂)ဆိုင်ကိုစစ်ဆေးခဲ့ပြီးနောက် ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်မုန့်များရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - HighLight News