Main menu

HighLight News

Powered by Drupal

ရွှေတောင်မြို့နယ်ရှိ မြို့မဈေးသို့သွားရောက်၍ ဈေးကွက်စောင့်စစ်ဆေး

   ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မဈေးနှင့် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့ပြင် ဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအရ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာများကို ပြည်စုံစွာဖော်ပြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်း(အ-မ-က)ကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်း (အ-မ-က)ကျောင်း၌ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တခြားပူးပေါင်းအဖွဲ့များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ဌာနအလိုက် အသိပညာများဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဟောပြောပြီးနောက် စားသုံးသူများရရှိရမည့်အခွင့်အရေး၊ လိုက်နာရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြောခဲ့ပြီး ဒေါ်နွေးနွေးက ကျောင်းသား/ကျောင်းသူများကိုပုံပြင်များပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က မှတ်ပုံတင်ထားပြီးသော တိုင်းရင်ဆေးများကိုသာဝယ်ယူသောက်သုံးသင့်ကြောင်းနှင့် အားကစားနှင်ကာယပညာဦးစီးဌာနမှ အားကစားမှူးက ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများကိုလုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သိုင်းပညာများအနက် သိုင်းကွက် (၆၃)ကွက်သရုပ်ဖော်၍ပြသခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ တေဇအခြေခံပညာမူလွန်ကျောင်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကျောင်းဟောပြောပွဲများဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ကုန်စည်များထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များပါမကျန် နိုင်ငံတဝှမ်းရှိ စားသုံးသူရေးရာဝန်ထမ်းများက အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ တေဇအခြေခံပညာမူလွန်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၆)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းဝန်းအတွင်းရောင်းချလျက်ရှိသော ဦးကျော်စိုး၏မုန့်မျိုးစုံဆိုင်သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်ဆိုင်ရာများနှင့်ကိုက်ညီသော မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော  မုန့်များကိုသာဦးစားပေးရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့သစ် (၁၃)လမ်းရှိ အောင်မြေသာအခြေခံပညာမူလွန်ကျောင်းသို့ ထပ်မံသွားရောက်၍ ဆရာ/ဆရာမ၊ ကျောင်းသား /ကျောင်းသူ (၇၃)ဦးတို့အားလည်း ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူတာဝန်များအကြောင်းတို့နှင့်ပတ်သက်၍ အသိပညာများပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်(အ-မ-က)လွန် အောင်မြေသာယာကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ အခြေခံပညာ(အ-မ-က)လွန် အောင်မြေသာယာကျောင်းသို့ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူ (၇၆)ဦးအား စားသုံးသူအသိပညာပေးဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးပွဲတွင် ပြည်မြို့နယ်တာဝန်ခံနှင့်အတူ ပြည်ခရိုင်ရုံးမှ ဝန်ထမ်းများက ပူးတွဲ၍ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ  အငယ်တန်းစာရေး ဒေါ်အိသပြေခင်က စားသုံးသူရေးရာဦးစီးဌာနမှပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြား၊ ကုန်စည်များရွေးချယ်ကိုဝယ်ယူရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များ စသည့်အကြောင်းအရာများကို မူလတန်းအရွယ်နှင့်လိုက်သော ဥပမာများပေးကာ အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည့် အကြောင်းအရာများအားမေးမြန်းခဲ့ရာ တစ်ချက်ချင်းပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ပါသည်။

     ထို့နောက် ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မုန်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော မုန့်များကိုသာရောင်းချကြရန်၊ ဘေးအန္တရာယ်ဖြစ်စေတတ်သော မုန့်များကိုရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-မ-က (လွန်) တေဇကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-မ-က (လွန်) တေဇကျောင်းတွင် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်သက်ယမုံဖူးက စားသုံးသူရေးရာဦးစီးဌာနမှပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း စသည်တို့ကို မူလတန်းအရွယ်နှင့်လိုက်သော ဥပမာများဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းရှိ ဆရာ/ဆရာမများအားလုံးနှင့် မုန့်ဈေးတန်းရောင်းချသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမများစုစုပေါင်း (၁၀၆)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ဆက်လက်၍ မူလတန်း(လွန်)တေဇကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသောမုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟတားမြစ်ထုတ်ပြန်ထားသောအစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိသော ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                                     

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၁) ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လက်ရှိထမ်းဆောင်နေသည့် လုပ်ငန်းများအကြောင်း၊ ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ခံ ဦးစီးမှူး ဦးနိုင်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကျောင်းသူ/ ကျောင်းသားများနှင့် ဆရာ/ ဆရာမများစုစုပေါင်း (၃၈၇)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

    ဆက်လက်၍ အ-ထ-က (၁) ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသောမုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော အစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုမရှိသောကုန်စည်များ ရောင်းချမှုမရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခြင်နှင့် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကိုလည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်၊ ရွှေတောင်မြို့နယ်ရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ခရိုင်အတွင်း ပြည်မြို့၌ (၄-၈-၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ခရမ်းကုန်း၊ ပြည်သာယာရပ်ကွက်ရှိ  ဦးတင်အောင်ဖြူ၏ ‘ဝေဖြိုး’ ပဲကြော်လုပ်ငန်းသို့လည်းကောင်း၊ (၇-၈-၂၀၂၃)ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်တွင် ရွာဘဲနယ်မြေ၊ မူယာပင်ရပ်ကွက်အတွင်းရှိ ဒေါ်တင်ကြည်၏ ‘ပဲလှော်လုပ်ငန်း’ သို့လည်းကောင်း၊ ရွှေတောင်မြို့၌ (၈-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန် - ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးရဲမျိုးအောင်၏ ‘သရဖူ’ ဆန်စက်သို့လည်းကောင်း၊ (၁၅-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန် - ပြည်လမ်းရှိ  ဦးမိုးကြီး၏ ‘ရွှေမိုးဟိန်း’ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

                                     

ပြည်ခရိုင်အတွင်း အသင့်သောက်အချိုရည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ပြည်မြို့၊ မြို့မဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့၌ (၉-၈-၂၀၂၃)ရက်နေ့တွင် သရက်တောရပ်ကွက်နှင့် (၁၁-၈-၂၀၂၃) ရက်နေ့တွင် ယွန်းတန်းရပ်ကွက်သို့လည်းကောင်း၊ ပန်းတောင်းမြို့၌ (၃-၈-၂၀၂၃)ရက်နေ့တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်၊ (၉-၈-၂၀၂၃)ရက်‌နေ့တွင် ဆင်တဲဈေးအရှေ့ဘက်ရှိ ကုန်စုံဆိုင်၊ (၁၁-၈-၂၀၂၃)ရက်နေ့တွင် နတ်မောက်ကျေးရွာရှိ ကုန်စုံဆိုင်နှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ညောင်ညိုရိပ်လမ်းဆုံရှိ ကုန်စုံဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့မဈေးသို့ (၁၄-၈-၂၀၂၃)ရက်နေ့တွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော ပူးပေါင်းအဖွဲ့ဝန်ထမ်းများသည် သွားရောက်ကွင်းဆင်း၍ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ပြည်ခရိုင်အတွင်း ဈေးကွက်များ၌ရောင်းချနေသော အသင့်သောက်အချိုရည်များ၏ ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းများမှာ ပြည့်စုံမှန်ကန်မှုရှိကြောင်း၊ ရောင်းချနေသောလုပ်ငန်းရှင်များအားလည်း စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများလည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၂) ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အကြောင်းအရာများကိုသိရှိနားလည်နိုင်စေရေးရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်မြို့၊ အ-ထ-က (၂) အခြေခံပညာစာသင်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်း၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ  (တာဝန်ခံ) ဦးစီးမှူး ဦးနိုင်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့်ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို  Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ဆွေးနွေးပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၁၆၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                            

ရေတာရှည်မြို့တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (FDA) က ဦးဆောင်၍ ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်းဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ ရေတာရှည်မြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြစ်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနန်းမိုးကျော်၊ ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းနွယ်တို့ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါသည်။  ပူးပေါင်းအဖွဲ့ဝင်များသည် ရေတာရှည်မြို့၊ စည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင်ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ၌ ခွင့်မပြုဓာတုပစ္စည်းများပါဝင်မှုမရှိစေရေးနှင့် သက်တမ်းလွန်ကုန်စည်များမဖြစ်စေရေးကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချနေသော အိမ်သုံး ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများမဖြစ်စေရေးနှင့် သက်တမ်းလွန်ဆေးဝါးများမဖြစ်စေရေးကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကုန်စည်နမူနာများကိုကောက်ယူခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News