Main menu

HighLight News

Powered by Drupal

လွိုင်ကော်မြို့၊ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဖူးစားပြောင်းများ၏ဈေးနှုန်း

    ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။

    လွိုင်ကော်မြို့ရှိ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ လောပိတမြို့ရှိ မိုက်ကန်းကျေးရွာ၊ လောပိတရှမ်းရွာများနှင့် နန်းမယ်ခုံမြို့ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိရာ ရှမ်းပြောင်းဖူးများပေါများချိန်တွင် ပြုတ်၍သော်လည်းကောင်း၊ မီးနှင့်ဖုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ ယခုလအတွင်းတွင် ပြောင်းဖူးများပေါများချိန်ဖြစ်သော်လည်း ဈေးနှုန်းများလျော့နည်းခြင်းမရှိဘဲ ကျပ် (၁၀၀၀) လျှင် ပြောင်းဖူး(၄)ဖူးသာရရှိပါသည်။း  ယခင်လနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းများမှာ ကွာခြားခြင်းမရှိဘဲ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာရှိ  လယ်ယာထွက်ကုန်သီးနှံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၊ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့်အရည်အသွေး၊ စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ကော့မှူးမြို့နယ်၌ ကုန်ပစ္စည်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် (၁၀-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကွက်များရှိ စားသောက်ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများထံ အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သော စားသုံးဆီ၊ အချိုရည်၊ သောက်ရေသန့်အမျိုးမျိုးတို့နှင့် အခြားထုပ်ပိုးပြီးသား စားသောက်ကုန်ပစ္စည်းများကိုရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိသော စားသောက်ကုန်ပစ္စည်းများ၊ သက်တမ်းကုန်နေသောအစားအသောက်များကိုရောင်းချခြင်းမပြုစေရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးကာ သက်ဆိုင်ရာဌာနများကတားမြစ်ထားသေ ာစားသောက်ကုန်ပစ္စည်းများကိုဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ Coporate Video File ပြုစုထိန်းသိမ်းနည်းနှင့် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

   စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် Coporate Video File ပြုစုထိန်းသိမ်းနည်းနှင့် သတင်းရေးသားနည်းသင်တန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် သင်တန်းသားစုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

    အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်း၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများနှင့်သင်တန်းသားများအား ရင်းနီးစွာမိတ်ဆက်စကားပြောကြားခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းနည်းပြက သတင်းသမားများလိုက်နာကျင့်သုံးရမည့်အချက်အလက်နှင့်စည်းကမ်းများ၊ သတင်းရေးသားသူသိရမည့်အချက်များ၊ သတင်းစားသုံးသူတို့အတွက် အမှန်တကယ်အကျိုးခံစားခွင့်ပေးရမည့်အကြောင်းအရာများကိုသင်ကြားပို့ချခဲ့ပါသည်။

   သင်တန်းကို (၁၇-၈-၂၀၂၃)ရက်နေ့မှ (၁၈-၈-၂၀၂၃)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး  သင်တန်းတက်ရောက်ခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ  ဝန်ထမ်းများအနေဖြင့်    စားသုံးသူပြည်သူများအား မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုထိရောက်စွာသတင်းရေးသားဖော်ပြပေးသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့မှုအရသိရပါသည်။

DOCA(ကရင်)

ညောင်တုန်းမြို့၊ မြို့မရပ်ကွက်ရှိ အသင့်သောက်အချိုရည်များအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၃း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အချိုရည်လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဆိုင်(၄)ဆိုင်သို့သွားရောက်၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ စစ်ဆေးရာ၌ အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ  မြန်မာဘာသာဖြင့် သိသာထင်းရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များမှာ ပြည်စုံစွာဖော်ပြပါရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး အချိုရည်ရောင်းချသောဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမရောင်းချရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့၊ ဆားမလောက်ဈေး၊ မြို့မဈေးနှင့် ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်(၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ဈေး၊  မြို့မဈေး၊ ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင် (၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  အဆိုပါ စစ်ဆေးမှု၌ ညောင်တုန်းမြို့ရှိ စားသုံးဆီကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့သည် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်မျာပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းကိုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့၌ အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့၊ အချိုရည်လက်ကား၊ လက်လီအရောင်းဆိုင်(၃)ဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသောအချိုရည်များသောက်သုံးနိုင်ရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသောအချိုရည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေပါ စည်းကမ်းချက်များအတိုင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် သိသာစွာဖော်ပြရမည့်အချက်များပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းရှင်များကိုလည်း မိမိတို့ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမရှိသောကုန်စည်၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက်မပါဝင်သောကုန်စည်များကို ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အပတ်စဉ် ဈေးကွက်ရောက်ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြုမြို့နယ်၌ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၄၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၆)သို့သွားရောက်၍ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မအူပင်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင်ရောင်းချနေသော အသင့်သောက်အချိုရည်များ၌ ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိကို (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ အချိုရည်အရောင်း(၄)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) နှင့် ရုံးအဖွဲ့သည် အသင့်သောက်သုံးနိုင်သောအချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီဖော်ပြပါဝင်ခြင်း ရှိ/မရှိ၊ FDA ၏ ထောက်ခံချက်ပါဝင်မှုရှိ/မရှိကိုစစ်ဆေးခဲ့ကြပါသည်။ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန်ပြောကြားခဲ့ပြီး မအူပင်မြို့၊ အချိုရည်ရောင်းချနေသောဆိုင်များတွင် အချိုရည်များသည် သက်ဆိုင်ရာဌာန တို့၏ထောက်ခံချက်၊ ခွင့်ပြုချက်နှင့်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အချိုရည်များကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)

         

မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk ဆွေးနွေးပွဲကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ်အလိုက် Thursday Talk ဆွေးနွေးပွဲကိုလေ့ကျင့်ပြုလုပ်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကိုဟောပြောဆွေးနွေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ ဌာနလုပ်ငန်းများကျွမ်းကျင်ရုံသာမက အတွေ့အကြုံဗဟုသုတရှိစေရန်ရည်ရွယ်၍ လူငယ်များအား လေ့ကျင့်ဟောပြောမှုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲကို (၁၆-၈-၂၀၂၃) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဒေါ်အိအောင်ဟိန်း (အငယ်တန်းစာရေး) က စီမံရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များအကြောင်းကိုရှင်းလင်းတင်ပြခြင်း၊ စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းတင်ပြခြင်း၊  အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုင်နိုင်သည့်အခွင့်အရေးများအကြောင်း၊ အခန်း(၁၄)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အားမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးတို့ကိုရှင်းလင်းပြီး စာပေဗဟုသုတများဖတ်ရှု၍ လေ့လာသင့်သောစာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် ကောင်းကျိုးများရရှိပုံတို့ကိုလည်းရှင်းလင်းဆွေးနွေးပြီး Thursday Talk ဆွေးနွေးပွဲသို့ ဝန်ထမ်း (၁၂)ဦး တက်ရောက်လေ့လာမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - HighLight News