Main menu

HighLight News

Powered by Drupal

ချောက်မြို့၊ အမှတ် (၈၀)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြော

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၈၀)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို (၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲအခမ်းအနားတွင် အမှတ်(၈၀)၊ အခြေခံပညာမူလတန်း (မူလွန်) ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးဇော်လင်းအောင်က “အားကစားနှင့် လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က “ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးက အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များကို ဟောပြောပွဲသို့တက်ရောက်လာသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးအပ်ခဲ့ကြပါသည်။

     ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ‌ကျောင်းမုန့်စျေးတန်းရှိ မုန့်များနှင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဩဂုတ်လအတွင်း သတင်းပါဝင်ရေးသားနိုင်မှုအတွက် စာမူခဆုချီးမြှင့်

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေး၊ သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို ၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀၀ကျပ်၊ သတင်းရှည် ၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားပါဝင်သူ ဝန်ထမ်းများကို (၂၄-၈-၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ရာ Website သတင်းပါဝင်မှုအတွက် ပြည်နယ်မှူးက တစ်ပုဒ်လျှင် ၅၀၀ကျပ်ဖြင့် စုစုပေါင်း ၄၄ပုဒ်အတွက်လည်ကောင်း၊  Commerce Journal တွင် သတင်းပါဝင်မှုအတွက် သတင်းနည်းဌာနခွဲတာဝန်ခံ ဦမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က တစ်ပုဒ်လျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း သတင်းရေးသားသူများအား စာမူခများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၀ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ၈ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)က  ၇ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)က ၁ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)က ၃ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က ၄ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်စောပြည့်မာလာ(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး)က ၄ပုဒ်နှင့် ဒေါ်ရီရီအောင်(ရုံးအကူမှူး)က ၂ပုဒ်၊ စုစုပေါင်း ၄၄ပုဒ်ရေးသားပါဝင်ခဲ့ကြောင်းသိရသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သတင်းရေးသားတတ်စေရန်အလို့ငှာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာသင်တန်းများသို့တက်ရောက်ခဲ့ကြပြီး သတင်းရေးသားမှုအရည်အသွေးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ကရင်)

ဝိုင်းမော်မြို့ရှိ စားသောက်ကုန်ရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် (၂၄-၈-၂၀၂၃)ရက်နေ့တွင် ဝိုင်းမော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ကုန်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်(၃)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများယုံကြည်စိတ်ချရစွာအသုံးပြုနိုင်ရေးအတွက် အန္တရာယ်ကင်းရှင်းအောင် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအနက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကောင်းမွန်ရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

မြစ်ကြီးနားမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ်ဦးဘောမ်ဇုန်းသည် (၂၃-၈-၂၀၂၃)ရက်နေ့တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး၌ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ စားသောက်ကုန်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် ရုံးအုပ်က စားသုံးသူရေးရာဦးစီးဌာနအဆင့်ဆင့်ဖြစ်ပေါ်လာပုံ၊ ယခုလက်ရှိ မိမိတို့ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများယုံကြည်စိတ်ချရစွာအသုံးပြုနိုင်ရေးအတွက် အန္တရာယ်ကင်းရှင်းအောင် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအနက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊   ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဗန်းမော်မြို့၌ ဆန်စက်လုပ်သားများအား အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၃-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၁၅) နာရီအချိန်တွင် ဗန်းမော်မြို့၊ မိုး ဖိန်းကျေးရွာ၊ စန်းမေတ္တာဆန်စက်ရှိ ဆန်စက်လုပ်သား ၁၁ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။

 ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ တခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ မိမိတို့ဌာနမှ ယခုဆောင်ရွက်နေသော လုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုူံးမှုဖြစ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုသိရှိလိုပါက www.doca.gov.mm Website တို့မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

အမ်းမြို့၊ ရေဘုတ်အ-ထ-က (ခွဲ) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အမ်းမြို့၊ ရေဘုတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ကျောင်း၌ (၂၃-၈-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် အမ်းမြို့၊ ရေဘုတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်သက်က ကျောင်းသား/သူများအား အစားအသောက်နှင့်ပတ်သတ်၍ ဆောင်ရန်၊ရှောင်ရန်အချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ရှင်းလင်းပြောကြားချက်များအား မှတ်သားထားစေရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦး‌အောင်မင်းခိုင် (ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံကို အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီးနောက် ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ချပြပြောကြားခြင်း၊ ကျောင်းသား/သူများသည် နိုင်ငံအတွက် အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ကျန်းမာစွာပညာသင်ယူနိုင်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာဖို့အတွက် မိမိတို့နေ့စဉ်စားသောက်နေသည့် အစားအစာများသည် ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများရွေးချယ်ဝယ်ယူစားသုံးနိုင်ရန်လိုအပ်ပါကြောင်းနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင်လည်း သိရှိလိုသည့်သတင်းအချက်များအား စီးပွားရေးလုပ်ငန်းရှင်များသို့ မေးမြန်းပြီးမှသာဝယ်ယူသုံးစွဲကြရန်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင်လည်း ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာဝယ်ယူအသုံးပြုကြရန်နှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား/သူများ၏ မေးမြန်းချက်များအား အကျယ်တဝင့်ပြန်လည်ရှင်းလင်းဖြေကြားကာ ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၃၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၆/၂၀၂၃)ကျင်းပပြုလုပ်

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၂၄ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၆/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးမှ ဝန်ထမ်းစုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

     အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဌာနခွဲမှ ဒေါ်မိခင်သူဇာ(အငယ်တန်းစာရေး)က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၀၅)သို့ တက်ရောက်ခဲ့ရသည့်အတွေ့အကြုံကို ပြန်လည်ရှင်းလင်းပြောကြားခြင်းနှင့် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်(၃)ရပ်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

မိုးကောင်းမြို့နယ်ရှိ မျိုးမြေပဲစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၃-၈-၂၀၂၃) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအတွင်းရှိ မျိုးမြေပဲစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း စသည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)                         

စားသုံးဆီဈေးနှုန်းများကျဆင်းရေး စီမံဆောင်ရွက်နေ

၂၉-၈-၂၀၂၃

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီလက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ညှိနှိုင်း၍ သက်သာသောဈေးနှုန်းများ ဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

          စားသုံးသူပြည်သူများအနေဖြင့် လက်လီဈေးကွက်အတွင်း စားသုံးဆီများဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ ၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဘားအံမြို့၌ ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄-၈-၂၀၂၃)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းကာ  စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကိုလည်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဟောပြောပွဲသို့ ဆရာ/ဆရာမ  (၆) ဦး၊နှင့် ကျောင်းသား/ကျောင်းသူ   (၁၀၂) ဦးတက်ရောက်ခဲ့ကြပြီး  တက်ရောက်လာသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

         

Pages

Subscribe to RSS - HighLight News