Main menu

HighLight News

Powered by Drupal

စက်မှုလယ်ယာသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြော

  (၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနသည် ပန်းတနော်မြို့နယ်၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ သင်တန်းသူ (၅၇)ဦးအား စားသုံးသူအခွင့်အရေးသိရှိနားလည်ကြစေရန် အသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား စာဖတ်ခြင်းအကျိုးကျေးဇူးနှင့်ပတ်သက်၍ ရှင်းလင်းပြီး လူငယ်နှင့်ကျန်းမာရေးအကြောင်းကိုဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးကိုယ်စား မအူပင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း ပြည်သူများသည် မိမိတို့၏အခွင့်အရေးကိုသိရှိနားလည်းနိုင်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အ‌ရေးကိုသိရှိနားလည်ပြီး ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာဆုံးရှုံမှုများဖြစ်ပေါ်လာပါက နစ်နာမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလိုပါက Online မှတစ်ဆင့် တိုင်ကြားလိုသောပြည်သူများအနေဖြင့် DOCA Website၊ DOCA Myanmar Mobile application တို့တွင်ပါဝင်သည့် Consumer Complaint System တိုင်ကြားလွှာပုံစံတို့၌ အချက်အလက်များဖြည့်သွင်း၍ တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပတ်များကိုသိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့၊ ကျုံတနီး (အ-ထ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်လေ့ကျင့်ရေးဦးစီးဌာနတို့နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊  ကျုံးတနီး (အ-ထ-က) အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

  အဆိုပါအသိပညာပေးဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေးအရ အရေးယူခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်းကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များလည်းရှိကြောင်း ထပ်ဆင့်၍  သိရှိနားလည်နိုင်စေရန် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်းကို ကျောင်းသူ/ ကျောင်းသားများသိရှိရန် အသိပညာပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ၏ သိရှိလိုသည်များမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

  

ညောင်တုန်းမြို့နယ်ရှိ Good Brother ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရေးကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၉-၈-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ရှိ Good Brother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ညောင်တုန်းမြို့နယ်၊ Good Brother ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုနှင့် ရန်ကုန်တင်ပို့မှုအခြေအနေ၊ ဆန်းစပါးဈေးကွက်ဈေးနှုန်းအခြေအနေများနှင့် ပြည်တွင်း/ ပြည်ပဖြန့်ဖြူးတင်ပို့နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး  (၉-၈-၂၀၂၃) ရက်နေ့တွင်ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းအခြေအနေဖြင့် ညောင်တုန်းမြို့နယ်၌ (၂၀၂၂/၂၀၂၃) ခုနှစ်ထွက် မိုးမနောသုခစပါး (၅၀)ပေါင်ကွင်းဈေးမှာ ၁၉၃၀၀ကျပ်၊ စက်ဈေးအနေဖြင့် ၁၉၅၀၀ကျပ်၊ မိုးမနောသုခစပါး(၄၆)ပေါင်ကွင်းဈေးမှာ ၁၇၈၀၀/-ကျပ်၊ စက်ဈေးမှာ ၁၈၀၀၀/-ကျပ်၊ မိုးဆန်မနောအလတ်စ (၁၀၈)ပေါင်လျှင် ၇၀၀၀၀/-ကျပ်၊ ထိပ်စဈေးနှုန်းမှာ ၇၂၀၀၀/-ကျပ်ဈေးဖြစ်ပြီး၊ မိုးစပါးနှံကားကွင်းဈေးမှာ (၅၀)ပေါင်လျှင် ၁၆၈၀၀/-ကျပ်၊ စက်ဈေးမှာ ၁၇၀၀၀/-ကျပ်၊ မိုးစပါးနှံကား(၄၆)ပေါငကွင်းဈေးမှာ  ၁၅၅၀၀/ကျပ်၊ စက်ဈေးမှာ ၁၅၇၀၀/-ကျပ်ဖြစ်ပြီး၊ မိုးဆန်မနောသုခ အလတ်စ(၁၀၈)ပေါင်ဈေးမှာ ၆၀၀၀၀/-ကျပ်၊ ထိပ်စဈေးမှာ ၆၂၀၀၀/-ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆက်လက်၍ နွေစပါးဆင်းသုခ/မနောသုခစပါး(၅၀)ပေါင်ကွင်းဈေးမှာ ၁၉၀၀၀/-ကျပ်၊ စက်ဈေးမှာ ၁၉၂၀၀/-ကျပ်၊ နွေစပါးဆင်းသုခ/မနောသုခ (၄၆)ပေါင်ကွင်းဈေးမှာ ၁၇၆၀၀/-ကျပ်၊ စက်ဈေးမှာ ၁၇၈၀၀/-ကျပ်၊ နွေဆင်းသုခ/မနောသုခ ဆန်(၁၀၈)ပေါင်အလတ်စဈေးမှာ ၆၉၀၀၀/-ကျပ်၊ ထိပ်စဈေးမှာ ၇၁၀၀၀/-ကျပ်ဖြစ်ပြီး နွေသီးထပ်ရင်စပါး(၅၀)ပေါင်ကွင်းဈေးမှာ ၁၅၉၀၀/-ကျပ်၊ စက်ဈေးမှာ ၁၆၁၀၀/-ကျပ်၊ နွေစပါးသီးထပ်ရင် (၄၆)ပေါင်ကွင်းဈေးမှာ ၁၄၆၀၀/-ကျပ်၊ စက်ဈေးမှာ ၁၄၈၀၀/-ကျပ်နှင့် နွေသီးထပ်ရင်ဆန်(၁၀၈)ပေါင်အလတ်စဈေးမှာ ၆၀၀၀၀/-ကျပ်နှင့် ထိပ်စဈေးမှာ ၆၂၀၀၀/-ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်းကို ရှင်းလင်းပြေကြားပြီး ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များအရည်အသွေးပြည့်မီစေရေး အကြံပြုပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ လုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များအကြောင်း ကုန်စည် (သို့) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်းသည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်းကိုရှင်းလင်းဆွေးနွေးပြီး ဆန်စက်လည်ပတ်မှုအဆင့်ဆင့်ကိုကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိုင်းလုံးရပ်ကွက်၌ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုင်းလုံးရပ်ကွက်၊ Royal Village စားသောက်ဆိုင်၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊  MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(၉)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနကဆောင်ရွက်ပေးနေရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်အရည်အသွေးမြင့်မားစွာတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့်  လိုအပ်သောအချက်အလက်များကို   လိုအပ်သလို ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကိုဆွေးနွေးခဲ့ရာ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံးကိုဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်မှုနည်းပါးပါကြောင်း၊ ပြည်နယ်အတွင်း စားသုံးဆီအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး အသင်းဝင်များနှင့်ညှိနှိုင်းဆွေးနွေးတိုင်ပင်လျက်ရှိပါကြောင်း၊ ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့်မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အ‌ရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

   ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့နှင့် ၁၁ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးကုန်စည်(၃)မျိုးအနက် တစ်မျိုးဖြစ်သည့် အသင့်သောက်အချိုရည်အမျိုးမျိုးကို စျေးကွက်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် အသင့်သောက်အချိုရည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်အချိုရည်များရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကရင်ပြည်နယ်၊ ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၀-၈-၂၀၂၃)  ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးနှင့် ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးက ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်ဘက်က လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များနှင့်စပ်လျဉ်း၍ စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း စသည့်ဖော်ပြရမည့်အချက်များကို  သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်းကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ‌ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ကျွန်းလှမြို့၊ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံ၊ အကြော်စုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာများ ပေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ (၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခြင်း၊ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းသည် အသင့်စားမုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံမှန်ကန်စွာထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနက  ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံရောင်းချနေသောလုပ်ငန်းရှင်များနှင့် အစားအသောက်ထုတ်လုပ်နေသည့်လုပ်ငန်းရှင်များကိုလည်း အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် ဒေသထွက် “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းများ၏ ထုတ်လုပ်နေသောအမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင်ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန်လိုအပ်ကြောင်းတို့ကို တိုက်တွန်းပြောကြားကာ “ကျော်ဇောသူ၊ သိန်းစံ” မုန့်မျိုးစုံနှင့်အကြော်စုံထုတ်လုပ်သည့်လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားများလျှောက်ထားခဲ့ကြပါသည်။ ထို့နောက် မိမိတို့စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ရှိ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး၍ အသိပညာပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက အသင့်စားမုန့်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၅)၊ ပုဒ်မ (၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နဲ့အညီ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးအချက်များကိုဖော်ပြထားစေရေး၊ “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းသည် အသင့်စားရသောမုန့်များကိုထုတ်လုပ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနက ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့်လုပ်ငန်းရှင်များကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကို  စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးကြပါရန်နှင့်  ဒေသထွက် “စမိုင်းလ်” ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်နေသော အမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင်ဖြည့်သွင်းမှုများကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားကာ “စမိုင်းလ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်သည့် လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားများလျှောက်ထားခဲ့ကြပါသည်။ ထို့နောက် မိမိတို့စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အသိပညားပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

စားသုံးသူအကာအကွယ်ရေးအသိပညာပေးရေးအစ စာသင်ကျောင်းများက

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၇-၈-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ပိတောက်မြိုင် အ.မ.က (၂) စာသင်ကျောင်းတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး  ကျွန်းလှ အ-ထ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုး၏တောင်းဆိုချက်အရ ကျောင်းမုန့်ဈေးတန်းများကိုပါ စစ်ဆေးဆောင်ရွက်ပေးခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူဖြူဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ ၌ပြဋ္ဌာန်းခဲ့ပြီး ဤဥပဒေတွင် အခန်းပေါင်း (၂၅) ခန်း၊ ပုဒ်မပေါင်း  (၈၄) ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများဖြစ်သည့် Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း၊ မိမိတို့ဌာန၏ခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website  ဖြစ်သည့် www. Doca .gov. mm တွင်လည်းကောင်း၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. (1535) တို့တွင် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများနှင့် မိမိတို့အားဟောပြောသွားသောအချက်အလက်များကို မိမိတို့မိသားစုများ၊ အသိမိတ်ဆွေများကိုပြန်လည်ရှင်းပြပေးကြရန်နှင့်  ကျောင်းသား/သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူစားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/သူ (၁၆၃) ဦး၊ စုစုပေါင်း (၁၇၃) ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ (၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ဦးဝင်းညွန့်ကုန်စုံဆိုင်နှင့် ငွေနန်းစံကုန်စုံဆိုင်တို့အား ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းကျော့မောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းတာဝန်ခံ ဦးမျိးဝင်းညိုနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်တို့က  အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

 အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင်ရောင်းချသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့သည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့ကိုဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SHARK အားဖြည့်အချိုရည်ဘူးတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များရောင်းချမှုမရှိသည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အမှတ်များပါပါရှိကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်နှင့်ပတ်သက်၍ တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် မိမိတို့ထံလက်ဝယ်လာရောက်ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေရန်နှင့် မပြည့်စုံပါက မိမိတို့က ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးကြပါရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News