Main menu

HighLight News

Powered by Drupal

မြန်အောင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ အခြေခံပညာမူလတန်း (ယွန်း) ကျောင်းခွဲရှိ ဆရာ/ ဆရာမ ၂၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၈၀ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/ မရှိကိုကွင်းဆင်းစိစစ်ခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်အတွက် မုန့်ဈေးတန်းရောင်းချသူများကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ပါဝင်သောအဖွဲ့သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ပါသည်။

 စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မပါမဖြစ်အသုံးပြုနေရခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုမရှိသည့်စားသုံးဆီကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကြုံတွေ့လာနိုင်ခြင်းတို့ကြောင့် စစ်ဆေးခြင်းဖြစ်ကြောင်းပြောကြားကာ အဆိုပါစားသုံးဆီများတွင် ကုန်အညွှန်းဖော်ပြရာ၌ ပင်ရင်းပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြခြင်းရှိ/ မရှိနှင့် ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်များဖြင့် ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့၍ ဇလွန်မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင် (၂) ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊  ဩဂုတ်လ (၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြင်းတဲကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ (၈) ဦး ကျောင်းသား/ သူများ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်ရှိ ခြံစိုက်တောင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ပခန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ ခြံစိုက်တောင်သူလုပ်ငန်းရှင် (၆၀) ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။

 ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်အကြောင်း၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စုရှိ ဘုရားကြီးတန်ဆောင်းဝန်းတွင် ပြည်သူ (၁၅၀) ဦးအား (၂-၈- ၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုသိရှိနိုင်ရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. Gov .mm Website တွင် ဝင်ရောက်လေ့လာနိုင်ရန်နှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ရန် စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

         

         

မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးအတွင်း ရောင်းချနေသောအချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေး

  မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးအတွက် ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့်အချိုရည်များကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထို့သို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးတွင်ရောင်းချနေသော ကုန်စုံဆိုင်များရှိ အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိနေကြောင်းသိရှိရ၍ ကုန်စည်များကို exp date (သက်တမ်းကုန်ဆုံးရက်) များစစ်ဆေးရောင်းချရန်၊ ဘေးအန္တရာယ်ရှိသောကုန်စည်များမရောင်းချစေရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန် ပြောကြားခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့တွင် Machine City ကုမ္ပဏီက မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ Packing Machine များနှင့်ပတ်သက်၍ ရှင်းလင်းပြသ

   Packing Machine များထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Machine City ကုမ္ပဏီသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၌ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခဲ့ပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Machine City ကုမ္ပဏီမှ ဦးရဲမြင့်ဦးက  ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

   Machine City ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် သာမန်အိတ်ပိတ်စက်များတွင် လက်ဖိစက်နှင့်ခြေနင်းစက် စသည်တို့ရှိရာ အမျိုးအစားပေါ်မူတည်၍ တစ်လုံးလျှင် ၂၀၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်အထိရှိပါသည်။ ၎င်းစက်များမှာ ထုပ်ပိုးအိတ်ခွံများကို သားရေကြိုးစည်းသည့်စနစ်မှ စက်ဖြင့် စနစ်တကျသေသပ်လှပစွာပိတ်နိုင်မည်ဖြစ်ပါသည်။ ခြေနင်းစက်တစ်မျိုးမှာ တန်ဖိုးအားဖြင့် ၄၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်အထိရှိပြီး အကြမ်းခံနိုင်သဖြင့် ၎င်းစက်ကို လုပ်ငန်းရှင်များစိတ်ပါဝင်စားသည်ကိုတွေ့ရပါသည်။

  ပြည်ပပို့ကုန်အဖြစ် အဆင့်မီသေသပ်လှပစွာထုပ်ပိုးနိုင်သည့် ရင်ခွဲအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၆၅၀၀၀၀ကျပ် (ကျပ်တစ်ဆယ့်ခြောက်သိန်းငါးသောင်း) ခန့်ရှိရာ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံရန် စဉ်းစားရမည့်အပြင် မုန့်ဖတ်ခြောက်များ၏ သဘောသဘာဝအရ အခြားစားသောက်ကုန်များနှင့်မတူညီသဖြင့် မုန့်ဖတ်ခြောက်များထုပ်ပိုးနိုင်ရန် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုတွေ့ရှိရပါသည်။ ဘေးအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၂၀၀၀၀၀ကျပ် (ကျပ်သိန်း၁၂၀) ခန့်ရှိပြီး မုန့်ဖတ်ခြောက်အတွက် ပိုမိုသင့်လျော်ကြောင်း လုပ်ငန်းရှင်များကဆိုပါသည်။

  Packing Machine ဝယ်ယူခြင်းနှင့်ပတ်သက်၍ အရစ်ကျစနစ်ဖြင့် ကုမ္ပဏီ၏ဆောင်ရွက်ပေးနိုင်မည့်ကိစ္စကို လုပ်ငန်းရှင်များကမေးမြန်းရာ ကုမ္ပဏီက ငွေကြေးလည်ပတ်မှုအခက်အခဲကြောင့် လုပ်ငန်းရှင် ၃ဦးအထိကို ၆၀ရာခိုင်နှုန်းငွေချေပြီး ကျန်သည့် ၄၀ရာခိုင်နှုန်းကို တစ်လလျှင် ၂၀ ရာခိုင်နှုန်းစီပေးသွင်းရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်ကို သိရှိရပါသည်။

   Machine City မှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် တောင်ငူမြို့နယ်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ၇ဦးတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆန်စက်များ စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေးနှင့် ဆန်စပါးဈေးနှုန်းများတည်ငြိမ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။         

      ထိုသို့ဆွေးနွေးရာတွင် အုတ်ဖိုမြို့နယ်အတွင်း တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ချေးငွေရယူ၍ ဆန်စက်များတွင် Gasifier စနစ်ဖြင့် တပ်ဆင်အသုံးပြုရန် လျှောက်ထားလိုသောဆန်စက်ပိုင်ရှင်များအား ဆန်စက်များ၏ ကြိတ်ခွဲနိုင်မှုအင်အား၊ လက်ရှိထရန်စဖော်မာတပ်ဆင်ထားရှိမှုအင်အားနှင့် Gasifier တပ်ဆင်လိုသည့်အချက်အလက်များကိုဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ရှိ လက်ကားကုန်စုံဆိုင်ကြီးများသို့သွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်းကာ အဏ္ဏဝါရပ်ကွက်တွင် လက်ကားကုန်စုံဆိုင်ကြီး (၆) ဆိုင်သို့သွားရောက်၍ အစားအသောက်ကုန်စည်အုပ်စုများအနက် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြထားခြင်းရှိ/မရှိ စသည်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

  မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၃.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများကို ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ဆောင်ရွက်ပေးနေသည့်အကြောင်းအရာများ၊ ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍                    တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင်စနစ်လုပ်ငန်းများ စသည့်သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - HighLight News