Main menu

HighLight News

Powered by Drupal

မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးအတွင်း ရောင်းချနေသောအချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေး

  မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးအတွက် ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့်အချိုရည်များကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထို့သို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးတွင်ရောင်းချနေသော ကုန်စုံဆိုင်များရှိ အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိနေကြောင်းသိရှိရ၍ ကုန်စည်များကို exp date (သက်တမ်းကုန်ဆုံးရက်) များစစ်ဆေးရောင်းချရန်၊ ဘေးအန္တရာယ်ရှိသောကုန်စည်များမရောင်းချစေရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန် ပြောကြားခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့တွင် Machine City ကုမ္ပဏီက မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ Packing Machine များနှင့်ပတ်သက်၍ ရှင်းလင်းပြသ

   Packing Machine များထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Machine City ကုမ္ပဏီသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၌ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခဲ့ပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Machine City ကုမ္ပဏီမှ ဦးရဲမြင့်ဦးက  ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

   Machine City ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် သာမန်အိတ်ပိတ်စက်များတွင် လက်ဖိစက်နှင့်ခြေနင်းစက် စသည်တို့ရှိရာ အမျိုးအစားပေါ်မူတည်၍ တစ်လုံးလျှင် ၂၀၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်အထိရှိပါသည်။ ၎င်းစက်များမှာ ထုပ်ပိုးအိတ်ခွံများကို သားရေကြိုးစည်းသည့်စနစ်မှ စက်ဖြင့် စနစ်တကျသေသပ်လှပစွာပိတ်နိုင်မည်ဖြစ်ပါသည်။ ခြေနင်းစက်တစ်မျိုးမှာ တန်ဖိုးအားဖြင့် ၄၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်အထိရှိပြီး အကြမ်းခံနိုင်သဖြင့် ၎င်းစက်ကို လုပ်ငန်းရှင်များစိတ်ပါဝင်စားသည်ကိုတွေ့ရပါသည်။

  ပြည်ပပို့ကုန်အဖြစ် အဆင့်မီသေသပ်လှပစွာထုပ်ပိုးနိုင်သည့် ရင်ခွဲအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၆၅၀၀၀၀ကျပ် (ကျပ်တစ်ဆယ့်ခြောက်သိန်းငါးသောင်း) ခန့်ရှိရာ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံရန် စဉ်းစားရမည့်အပြင် မုန့်ဖတ်ခြောက်များ၏ သဘောသဘာဝအရ အခြားစားသောက်ကုန်များနှင့်မတူညီသဖြင့် မုန့်ဖတ်ခြောက်များထုပ်ပိုးနိုင်ရန် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုတွေ့ရှိရပါသည်။ ဘေးအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၂၀၀၀၀၀ကျပ် (ကျပ်သိန်း၁၂၀) ခန့်ရှိပြီး မုန့်ဖတ်ခြောက်အတွက် ပိုမိုသင့်လျော်ကြောင်း လုပ်ငန်းရှင်များကဆိုပါသည်။

  Packing Machine ဝယ်ယူခြင်းနှင့်ပတ်သက်၍ အရစ်ကျစနစ်ဖြင့် ကုမ္ပဏီ၏ဆောင်ရွက်ပေးနိုင်မည့်ကိစ္စကို လုပ်ငန်းရှင်များကမေးမြန်းရာ ကုမ္ပဏီက ငွေကြေးလည်ပတ်မှုအခက်အခဲကြောင့် လုပ်ငန်းရှင် ၃ဦးအထိကို ၆၀ရာခိုင်နှုန်းငွေချေပြီး ကျန်သည့် ၄၀ရာခိုင်နှုန်းကို တစ်လလျှင် ၂၀ ရာခိုင်နှုန်းစီပေးသွင်းရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်ကို သိရှိရပါသည်။

   Machine City မှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် တောင်ငူမြို့နယ်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ၇ဦးတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆန်စက်များ စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေးနှင့် ဆန်စပါးဈေးနှုန်းများတည်ငြိမ်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။         

      ထိုသို့ဆွေးနွေးရာတွင် အုတ်ဖိုမြို့နယ်အတွင်း တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ချေးငွေရယူ၍ ဆန်စက်များတွင် Gasifier စနစ်ဖြင့် တပ်ဆင်အသုံးပြုရန် လျှောက်ထားလိုသောဆန်စက်ပိုင်ရှင်များအား ဆန်စက်များ၏ ကြိတ်ခွဲနိုင်မှုအင်အား၊ လက်ရှိထရန်စဖော်မာတပ်ဆင်ထားရှိမှုအင်အားနှင့် Gasifier တပ်ဆင်လိုသည့်အချက်အလက်များကိုဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ရှိ လက်ကားကုန်စုံဆိုင်ကြီးများသို့သွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်းကာ အဏ္ဏဝါရပ်ကွက်တွင် လက်ကားကုန်စုံဆိုင်ကြီး (၆) ဆိုင်သို့သွားရောက်၍ အစားအသောက်ကုန်စည်အုပ်စုများအနက် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြထားခြင်းရှိ/မရှိ စသည်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

  မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၃.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများကို ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ဆောင်ရွက်ပေးနေသည့်အကြောင်းအရာများ၊ ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍                    တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင်စနစ်လုပ်ငန်းများ စသည့်သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

    ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း ( ၃၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းဆွေးနွေးခဲ့ပြီး စီမံရေးရာဌာနခွဲမှ ဒေါ်သိန်းကြည် ဒု-ဦးစီးမှူးက ပင်စင်အကြောင်းသိကောင်းစရာများကိုဆွေးနွေးခြင်းနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ  ချောင်းဆုံမြို့နယ်တာဝန်ခံ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောသူများမှ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ချောင်းဆုံမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၃.၈.၂၀၂၃ ရက်နေ့တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများကို ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ဆောင်ရွက်ပေးနေသည့်အကြောင်းအရာများ၊ ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက်လာသည့်စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍တိုင်ကြားမှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Online Shopping မှတ်ပုံတင်စနစ်လုပ်ငန်းများ စသည့်သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ကျောက်ဆည်တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ”

     ကျောက်ဆည်ခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများသိရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ (၃.၈.၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်၌  စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက ဦးစီးဌာနအကြောင်းနှင့်ပတ်သက်၍ မိတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူ းဦးကျော်မင်းထွန်းက ကျန်းမာရေးနှင့်ပတ်သက်သည့်သိကောင်းစရာများကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးဇော်မင်းလတ်(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူတို့၏တာဝန်၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်စည်နှင့်ဝန်ဆောင်မှုတို့စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center(CICC) များနှင့် Consumer Call Center ဖြစ်သည့် 1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www. doca. gov. mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းအတွင်းရောင်းချ‌နေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

မောင်တောမြို့ပေါ်ရှိကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက် နေ့ နံနက် (၁၀:၀၀)အချိန်တွင် မောင်တောမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျှက်ရှိသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ သက်ဆိုင်ရာဌာန၏ ခွင့်ပြုထောက်ခံချက်ပါဝင်မှုရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျှက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဌာနမှထုတ်ပြန်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဆိုင်ရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)                                                                                                                                        

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် (၂.၈.၂၀၂၃) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ကျောင်းသူ(၁၂၀)အား အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရီုင်ဦးစီးမှူးဦးဇော်မင်းက စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်၊ ယခင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၆)ခုနှစ်က စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအဖြစ် သီးခြားပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေကို (၂၀၁၉)ကို ပြင်ဆင်ရေးဆွဲ၍ ပြည်ထောင်စုလွတ်တော်ဥပဒေ (အမှတ်-၉) ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့က အတည်ပြုဌာန်းခဲ့ပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုသိရှိနားလည်ရန် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများမိမိတို့ဝယ်ယူသည့်ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သောကုန်စည်များကို ရွေးချယ်ဝယ်ယူတက်စေရန် ရှင်းလင်းခဲ့ပြီး စားသုံးသူ၏အခွင့်အရေး(၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူသုံးစွဲရာတွင်   စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သော နည်းလမ်းများ၊ Consumer Call Center 1535 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားမေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - HighLight News