ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ထောက်အကူပြု (Thursday Talk) ဆွေးနွေးမှုကျင်းပ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် (၂၇-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး (ကိုယ်စား)၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ကဦးဆောင်၍ ပြည်နယ်ရုံးရှိဌာနခွဲတာဝန်ခံများ၊ ဝန်ထမ်းများနှင့်အတူ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးအထောက်အကူပြု (Thursdays Talk) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ဌာနခွဲအလိုက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်နှင့်ပတ်သတ်၍လည်းကောင်း၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ မီဒီယအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File ပြုစုထိန်းသိမ်းရေးပြုစုနည်းဆောင်ရွက်ရန်ကိစ္စကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးမှူး ဒေါ်ဇာခြည်အောင်က စားသုံးသူရေးရာဌာန၏နောက်ခံသမိုင်းကြောင်းများ၊ စားသုံးသူရေးရာ၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်အတွင်း ပြည်နယ်အဆင့်အသင်းအဖွဲ့များဖွဲ့စည်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ၏ လုပ်ငန်းအဖြာဖြာဆွေးနွေးတင်ပြမှုတို့ကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့၍ အခမ်းအနားသို့ ဝန်ထမ်းစုစုပေါင်း (၁၃) ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားကို နေ့လယ် (၁၅:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)