Main menu

HighLight News

Powered by Drupal

ဘားအံမြို့ရှိ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၇ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) (၁၈)၊ အစည်းအဝေးခန်းမ၌  ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ကြောင်းသိရသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) က ကျောင်းသား/ကျောင်းသူများသည် အစားအသောက်များကိုဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းဖြင့် အသိပညာပေးခဲ့ကြောင်းသိရပါသည်။

      ဟောပြောပွဲတွင် Grade 3 , Grade 4 နှင့် Grade 5 မှ ကျောင်းသား/ကျောင်းသူ ၆၅ဦးနှင့် ဆရာ/ဆရာမ ၅ဦး၊ စုစုပေါင်း  ၇၀ဦးတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)          

ဘားအံမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)  (၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်း များသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီးဝန်းအတွင်း၌ ( ၂၄ ) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

    အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊  ရပ်ကွက်နေပြည်သူများ၊ ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်နယ်ဦးစီးမှူးရုံးရှိဝန်ထမ်းများ၊ ကျောထောက်နောက်ခံပြုဖွဲ့စည်းပေးထားသော ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့်ဆီစက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပါဝင်၍    ဘားအံမြို့ရှိ ကျောင်းတိုက်ပေါင်း (၇၃) ကျောင်းနှင့် သီလရှင်ကျောင်း (၁၉) ကျောင်းတို့မှ  ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်များ၊ စုစုပေါင်း (၃၀၂၃) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို  စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင် းသတင်ရရှိပါသည်။

DOCA(ကရင်)

စက်မှုဝန်ကြီးဌာနက စပါးခွံလောင်စာသုံး (Gasifire) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပ

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နေ့လယ်  (၁၅း၀၀) နာရီအချိန်တွင် စက်မှုဝန်ကြီးဌာနက စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအရှေ့ လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ကက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifire စက်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ “ရဲထွန်း” ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြှင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်ရွှေဦးက Gasifire နှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ကြီးနှင့် တက်ရောက်လာကြသောဧည့်သည်တော်များက ဦးရဲမြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နေမှုအား လှည့်လည်၍ ကြည့်ရှုလေ့လာခဲ့ကြပါသည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်စုစုပေါင်း ၁၅ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦး၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးက စပါးခွံလောင်စာသုံး (Gasifire) စက်ရုံအား ကြည့်ရှုစစ်ဆေး

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ‘ရဲထွန်း’ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ၂၇ရက်နေ့၊ နံနက်( ၁၀:၀၀) နာရီအချိန်တွင် စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှု့ စစ်ဆေးခြင်းကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံများအား ကြည့်ရှု့စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifire စက်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ‘ရဲထွန်း’ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အထွေထွေဆွေးနွေးခြင်းအခမ်းအနားကျင်းပကာ ဝန်ကြီးနှင့် တက်ရောက်လာသောဧည့်သည်တော်များက အဆင့်မြင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့၏ စည်ပင်သာယာဈေးအတွင်း အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား‌ဈေးကွက်စောင့်ကြည့်စစ်ဆေး

    (၂၅-၇-၂၀၂၃) ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးအတွင်းသို့သွားရောက်၍ ဈေးအတွင်းရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် စည်ပင်သာယာဈေးအတွင်းရှိ ဆိုင်များတွင်ရောင်းချလျက်ရှိသော MA MA ခေါက်ဆွဲခြောက်၊ ဦးဦးခေါက်ဆွဲ၊ ကောင်းစံ (ဆန်ကြာဇံ) အစရှိသော အသင့်စားခေါက်ဆွဲခြောက်များတွင်   ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ(၄) အရ ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊  ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်သော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးခဲ့ရာ၌ အထက်ဖော်ပြပါအချက်များနှင့်ကိုက်ညီမှုရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရသိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦး၌ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပ

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ၊ ရဲထွန်းဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ဇူလိုင်လ (၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် စပါးခွံစွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင်၊ ဒိုက်ဦးမြို့ ရဲထွန်းဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်တို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆန်စက်၊ ဆီစက်၊ စပါးအခြောက်ခံစက်လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆီစက်၊ ဆန်စက်၊ စပါးအခြောက်ခံစက်လည်ပတ်နေမှုအခြေအနေ၊ စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ လျှပ်စစ်မီးဖြင့် ဆန်စက်ငယ်များ၊ အိမ်တွင်းစက်မှုလုပ်ငန်းများတွင် သုံးစွဲနိုင်ရေးဆောင်ရွက်ပါက ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ချဲ့ထွင်နိုင်ကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများအား  လျှပ်စစ်မီးရရှိသုံးစွဲနိုင်‌ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား ဦးရဲမြင့်က (Gasifire Power Plant) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ လက်တွေ့ ရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

      အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဖိတ်ကြားထားသောဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ  (MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရေး အရင်းအနှီးရရှိ‌ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော မိုးညိုတန်းလမ်းရှိ တောင်သူအကျိုးပြု လယ်ယာသုံးပစ္စည်းနှင့် အာမခံပန်းပဲလုပ်ငန်း၊ အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာ (၂) လမ်းရှိ ဝါးခမောက်လုပ်ငန်းနှင့် ကျောင်းကြီးရပ်ကွက်၊ ဓမ္မသီရိလမ်းရှိ အချိုရည်ထုတ်ကုန်လုပ်ငန်းတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများတိုးချဲ့၍ ရင်းနှီးမတည်ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ယခုအခါ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လာနိုင်သဖြင့် သွင်းကုန်အစားထိုး တောင်သူအကျိုးပြုလယ်ယာထုတ်ကုန်လုပ်ငန်းသုံးပစ္စည်းနှင့် ဝါးခမောက်လုပ်ငန်းမှာ ပဲခူးမြို့၊ နှစ်ထပ်ဈေးကြီးတွင် ဈေးကွက်ချဲ့ထွင်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများအနေဖြင့်  ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်အတွက် မိတ်ဖက်ဌာနများဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်းတည်မြို့ပေါ်ရှိ စားသောက်ကုန် ကုန်စုံဆိုင်နှင့်စတိုးဆိုင်များသို့ (၂၅-၇-၂၀၂၃) ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်များနှင့် စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆိုင်ရှင်များအား တရားမဝင်ပြည်ပမှတင်သွင်းသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေးပြီးမှသာရောင်းချကြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ ညောင်းလေးပင်ခရိုင်၊ ညောင်းလေးပင်မြို့တွင် (၂၄-၇-၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ညောင်လေးပင်မြို့၊ အ-လ-က (ခွဲ) ဖအောင်ဝဲကျေးရွာကျောင်းသို့သွားရောက်၍ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အ-လ-က (ခွဲ) ဖအောင်ဝဲကျောင်း၌ ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတက်ရောက်ခဲ့ကြပြီး ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နီနီဝင်း (ဦးစီးအရာရှိ) က တက်ရောက်လာသူများအား မိတ်ဆက်စကားပြောကြားကာ စာပေနှင့်ပတ်သက်သော အသိပညာဗဟုသုတတို့ကို အကျယ်တဝင့်ဟောပြောခဲ့ပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ထွေး (ဒု-ဦးစီးမှူး) က မိတ်ဆက်စကားပြောကြားပြီးနောက် စားသုံးသူအခွင့်အရေးများ၊ တာဝန်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ပိုမိုတိုးတက်သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိစေရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စပါးခွံဓာတ်ငွေ့ ပိုမိုတိုးတက်စွာသုံးစွဲနိုင်ရေး ပဲခူးတိုင်းဒေသကြီးအနောက် သာယာဝတီ၊ ပြည်၊ နတ်တလင်းခရိုင်များသို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ (၂၀-၇-၂၀၂၃) ရက်နေ့နှင့် (၂၁-၇-၂၀၂၃) ရက်နေ့များ၌ ဆန်စက်လုပ်ငန်းရှင်များနှင့် Gasifier Power Plant တပ်ဆင်ရာတွင် စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ပဲခူးတိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာန၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက Gasifier စက်တပ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာ၊ တိုင်းဒေသကြီးဦးစီးမှူးက Gasifier စတင်ပေါ်ပေါက်ခဲ့သောသမိုင်းကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြဿနာများနှင့် ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News