Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့အမှတ်(၁)ရက်ကွက် အေဝမ်းဈေးရှိ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊  နေ့လည်(၁၃:၀၀)နာရီအချိန်တွင်    အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒေးဒရဲမြို့နယ်အေဝမ်းဈေးရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်မှ လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပ‌ဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်များတွင်ဖော်ကြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ရွေးချယ်ရောင်းချ  ရန်၊ တားမြစ်ကုန်စည်များရောင်းချခြင်းမပြုရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်ဟု  သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)

 

 

ဘိုကလေးမြို့ရုပ်ဆိုင်ကျေးရွာ ဇေယျာသိင်္ဂီဝင်းဆန်စက်သို့ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ ရုပ်ဆိုင်ကျေးရွာ ဇေယျာသိင်္ဂီဝင်းဆန်စက်သို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဆန်စက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆန်စပါးအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိကကနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌စေရေး၊ စက်ကိရိယာနှင့်ပတ်သက်၍ နည်းစနစ်သစ်များ၊ တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများအတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ   စနစ်တကျစွန့်ပစ်နိုင်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ကျောက်တန်းမြို့နယ်၊ အ.မ.က (ရွှေကုန်းမူလွန်ကျောင်း) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ”

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျောက်တန်းမြို့နယ်တာဝန်ခံ ဒေါ်ဝိုင်းအိတာသည်(၃၁-၇-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီချိန်တွင် ကျောက်တန်းမြို့နယ်၊ အ..က(ရွှေကုန်းမူလွန်ကျောင်း)၌ Grade(6) ကျောင်းသူ/ကျောင်းသားများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

  မြို့နယ်တာဝန်ခံအနေဖြင့် ဆွေးနွေးပြောကြားရာတွင် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်၍ စားသုံးသူမှတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်းသုံးစွဲပုံနည်လမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး စသည့်တို့ကိုကြည့်ရှု စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်နှင့် ဆိုးဆေးအများအပြားသုံးစွဲထားသော ဘေးအန္တရာယ်ရှိသည့်အစားအသောက်များအား ဝယ်ယူသုံးစွဲခြင်းမပြုကြပါရန် ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

 

         

 

         

လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသော တောင်သူအစုအဖွဲ့များအား ချေးငွေများထုတ်ချေးပေး

  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့ (၂၃) ဖွဲ့အား ချေးငွေပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ မြစိမ်းရောင်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း၌ (၂၈၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးအုပ်စုများမှ စပါးစိုက်ပျိုးသူ တောင်သူများအပါအဝင် စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် လှည်းကူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက လှည်းကူးမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသော တောင်သူအစုအဖွဲ့ (၉) ဖွဲ့၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအစုအဖွဲ့ (၂) ဖွဲ့နှင့် MSME လုပ်ငန်းအဖွဲ့ (၁) ဖွဲ့၊ စုစုပေါင်း (၁၂) ဖွဲ့တို့အား ကျပ်သန်း (၂၇၀) ထုတ်ချေးပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တဆက်တည်း၌ပင် မြစိမ်းရောင်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းတွင် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စပါးစိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်စပါးစိုက်ပျိုးမှုနှင့် ဆန်ဖူလုံမှုအခြေအနေများ၊ နွေစပါး၊ မိုးစပါးကို ဧကပြည့်မီအောင်စိုက်ပျိုးကြရန် ရှင်းလင်းမှာကြား၍ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ပျိုးမှုနှင့်တစ်ဧကအထွက်နှုန်းကောင်းစေရန် စိုက်ပျိုးရမည့်နည်းလမ်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

   ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့ (၂၃) ဖွဲ့အား တာဝန်ရှိသူများက ချေးငွေများပေးအပ်ခဲ့ကြကာ ရှင်းလင်းတင်ပြပေးခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ရှင်းလင်းလမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနားမှာ နေ့လယ် (၁၁:၂၀) နာရီအချိန်တွင်ပြီးဆုံးခဲ့ကာ မြစိမ်းရောင်ဘက်စုံစိုက်ပျိုးရေးမွေးမြူရေးစခန်းရှိလယ်များ၌ မိုးစပါးကိုအစေ့ချစနစ် (Seeder) နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနေမှုတို့ကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ငွေစာရင်းအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် “Thursday Talk” ပြုလုပ်ခဲ့

  (၂၇-၇-၂၀၂၃) ရက်နေ့၊       နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ ငွေစာရင်းအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် “ThursdayTalk” အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲ၌ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က အဖွင့်စကားပြောကြာခဲ့ပြီးနောက် ငွေစာရင်းဌာနခွဲမှ ဒေါ်ဆွေဆွေမွန် (ဦးစီးမှူး) က ငွေစာရင်းဌာန၏ Vission၊ ငွေစာရင်းဌာနခွဲ၏လုပ်ငန်းတာဝန်များ၊ ရန်ပုံငွေတောင်းခံခြင်းနှင့် နောက်ဆက်တွဲရန်ပုံငွေတောင်းခံခြင်း၊ စာရင်းပြုစုနည်း၊ သုံးလပတ်ရန်ပုံငွေလွှဲအပ်စာရင်း၊ သုံးလပတ်အလိုက် ပိုလျှံရန်ပုံငွေပြန်လည်အပ်နှံခြင်း၊ အပြီးသတ်စာရင်းနှင့်ရသစ (၆) ရေးဆွဲခြင်း စသည့်အကြောင်းအရာများကိုဆွေနွေးပြောကြားခဲ့ပြီး “Thursday Talk” ဆွေးနွေးပွဲအား နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကရင်ပြည်နယ်၌ ဌာန၏ Website တွင် သတင်းပါဝင်ရေးသားနိုင်မှုအတွက် စာမူခဆုချီးမြှင့်

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက အသီးသီးရေးသားပေးပို့လျက်ရှိရာ သတင်းပါဝင်ဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေး  သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို ၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀ ကျပ်၊ သတင်းရှည် ၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားမှုတွင်ပါဝင်သော ာဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စာမူခဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့အတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့်  ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၈ပုဒ်၊ ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး) က ၅ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး) က ၃ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး) က ၂ပုဒ်၊ ဒေါ်စောပြည့်မာလာ (အငယ်တန်းစာရေး) က ၁ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး) က ၂ပုဒ်၊ စုစုပေါင်း ၃၁ပုဒ်ရေးသားပါဝင်ခဲ့ကြောင်းသိရပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များကိုသိရှိကြစေရန်နှင့် ဝန်ထမ်းတိုင်း သတင်းရေးသားတတ်စေရန်တို့အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာသင်တန်းများကိုပို့ချရန်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

    (၂၈-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ပြည်နယ်/ခရိုင်များမှ ဝန်ထမ်းများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်၊၊

   အခမ်းအနားတွင် ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးဦးသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အထက်ဌာနများ၏လမ်းညွှန်မှုများအပေါ် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့၍ ပြည်နယ်/ခရိုင်များမှဌာနခွဲအလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

    အခမ်းအနားတွင် အစည်းအဝေးဆုံးဖြတ်ချက် ၁၄ချက်ဆုံးဖြတ်ချမှတ်နိုင်ခဲ့ပြီး ပြည်နယ်/ ခရိုင်များမှ ဝန်ထမ်း ၁၄ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)

                  

ဘားအံမြို့ရှိ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၇ရပ်ကွက်၊ အောင်နန်းရှိ အခြေခံပညာမူလတန်းကျောင်း (အ-မ-က) (၁၈)၊ အစည်းအဝေးခန်းမ၌  ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ကြောင်းသိရသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ) က ကျောင်းသား/ကျောင်းသူများသည် အစားအသောက်များကိုဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းဖြင့် အသိပညာပေးခဲ့ကြောင်းသိရပါသည်။

      ဟောပြောပွဲတွင် Grade 3 , Grade 4 နှင့် Grade 5 မှ ကျောင်းသား/ကျောင်းသူ ၆၅ဦးနှင့် ဆရာ/ဆရာမ ၅ဦး၊ စုစုပေါင်း  ၇၀ဦးတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲကို နံနက် (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)          

ဘားအံမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)  (၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်း များသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီးဝန်းအတွင်း၌ ( ၂၄ ) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

    အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊  ရပ်ကွက်နေပြည်သူများ၊ ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်နယ်ဦးစီးမှူးရုံးရှိဝန်ထမ်းများ၊ ကျောထောက်နောက်ခံပြုဖွဲ့စည်းပေးထားသော ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့်ဆီစက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပါဝင်၍    ဘားအံမြို့ရှိ ကျောင်းတိုက်ပေါင်း (၇၃) ကျောင်းနှင့် သီလရှင်ကျောင်း (၁၉) ကျောင်းတို့မှ  ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်များ၊ စုစုပေါင်း (၃၀၂၃) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို  စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင် းသတင်ရရှိပါသည်။

DOCA(ကရင်)

စက်မှုဝန်ကြီးဌာနက စပါးခွံလောင်စာသုံး (Gasifire) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပ

  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာရှိ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၏လုပ်ငန်းခွင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ နေ့လယ်  (၁၅း၀၀) နာရီအချိန်တွင် စက်မှုဝန်ကြီးဌာနက စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားကို ဒိုက်ဦး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအရှေ့ လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ကက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifire စက်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ “ရဲထွန်း” ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြှင့်နည်းပညာဖြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant) တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးတင်ရွှေဦးက Gasifire နှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ကြီးနှင့် တက်ရောက်လာကြသောဧည့်သည်တော်များက ဦးရဲမြင့်တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံလည်ပတ်နေမှုအား လှည့်လည်၍ ကြည့်ရှုလေ့လာခဲ့ကြပါသည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်စုစုပေါင်း ၁၅ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News