Main menu

HighLight News

Powered by Drupal

တောင်ငူမြို့၊ ပွတ်စုမူ/လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

 စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် တောင်ငူမြို့၊ ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး၍ဖတ်ရှုသင့်ခြင်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ကြောင်း ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

 ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၄၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ရှိ အေးမေတ္တာဆန်စက်အား GACC လက်မှတ်ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် GACC လက်မှတ်ထုတ်ပေးရေးလျှောက်ထားသည့် So Shwe Orient Limited နှင့်စာချုပ်ချုပ်ဆိုထားသည့် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အေးမေတ္တာဆန်စက်အား စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့်အဖွဲ့က လာရောက်စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

  So Shwe Orient Limited သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် တောင်ငူမြို့ရှိ အေးမေတ္တာတန်စက်နှင့်စာချုပ်ချုပ်ဆိုထားခဲ့ပြီး The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ လိုအပ်သည်များကိုဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့က Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို လာရောက်စစ်ဆေးခြင်းဖြစ်ပါသည်။

  စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol - SPS Protocol ပါသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံ၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကိုစစ်ဆေးခြင်း၊ လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စက်ရုံပိုင်ရှင် ဦးရဲလင်းက ဆောင်ရွက်နေသည့်အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ်အခြေခံ၍  (GACC) မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

FDA ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့တွေ့ဆုံပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်တို့တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

  အစည်းအဝေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ပြည်သူများ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများပူးပေါင်း၍ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို အကြိမ်ရေများများဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  အခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာလင်းလဲ့ဖြူနှင့် ဒေါက်တာနိုင်နိုင်လင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါက်တာနွေဦးဆွေတို့နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဆွေဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေထွန်းသန်း၊ တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းဇော်ဦးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနီလာခင်တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိရေးအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ အမှတ် (၃) လမ်းတွင် ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်လုပ်ငန်းရှင်အားတွေ့ဆုံကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းဆွေးနွေးပြီးနောက် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရှိမှသာရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်ဆီကုန်သည်များနှင့် လုပ်ငန်းရှင်အသင်းဖွဲ့စည်းခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးအစည်းအဝေးပွဲကို (၃-၈-၂၀၂၃) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် စသည့်မြို့နယ်များမှ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များ၊ ဆီရောင်းချ/ ဖြန့်ဖြူးသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်ဆီကုန်သည်အသင်းဖွဲ့စည်းရခြင်းမှာ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် အခြေခံလူတန်းစားများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်၊ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို အသင်းဝင်  (၁၅) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦး၊ စီမံရေးရာဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးမိုးခိုင်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၃ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် Virtural စနစ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်၊၊

   အစည်းအဝေးတွင် စီမံရေးရာဌာနခွဲက ပင်မစာပေးစာယူ (Main Dispatch) လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဝင်စာထွက်စာများအကြောင်း Mail ပို့ခြင်းနှင့် Mail ထုတ်ခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန်နှင့် ရုံးဖိုင်များစနစ်တကျထားရှိရန်အကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် Online မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများကိုရောင်းချနေမှု ရှိ/မရှိ၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိနှင့် လူကြီးအာဟာရဖြည့်စွက်စာများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပါရှိမှုရှိ/မရှိတို့ကိုစစ်ဆေး၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် (၃) ဆိုင်တွင်ရောင်းချနေသော Max လိမ္မော်အရသာအချိုရည်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိနှင့် ပြည့်စုံမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနက ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လေးမျက်နှာမြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊  ဩဂုတ်လ (၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ခမောက်စုကျေးရွာရှိ (အ-ထ-က) ကျောင်းအားကစားခန်းမ၌ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူ များကလည်းသိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြန်အောင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ အခြေခံပညာမူလတန်း (ယွန်း) ကျောင်းခွဲရှိ ဆရာ/ ဆရာမ ၂၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၈၀ဦးအား (၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/ မရှိကိုကွင်းဆင်းစိစစ်ခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်အတွက် မုန့်ဈေးတန်းရောင်းချသူများကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News