Main menu

HighLight News

Powered by Drupal

ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အ-မ-က (၃) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်( ၃ ) ရပ်ကွက်၊ အ-မ-က ( ၃ ) ကျောင်း၌ ဆရာ/ဆရာမ(၆)ဦး၊  ကျောင်းသား/ ကျောင်းသူ(၁၁၀)ဦး၊      စုစုပေါင်း(၁၁၆)ဦးအား  စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံက  လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာမြို့နယ်တာဝန်ခံက တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေ၊ ရွေးချယ်စာသုံးသင့်သည့်အစားအစာများအကြောင်းနှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဆရာ/ဆရာမ(၅၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် ခရိုင်စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးကာကွယ်ရေးဥပဒေပါ   စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏  လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည။၊ ထို့နောက် ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်(၂)ဆိုင်ကိုစစ်ဆေးခဲ့ပြီးနောက် ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်မုန့်များရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မိုးညှင်းမြို့ရှိ Happy ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၂၂-၈-၂၀၂၃) ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ Happy (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Royal Myanmar အမှတ်တံဆိပ်ပါ အသင့်ဖျော်လက်ဖက်ရည်တွင် ကုန်စည်အုပ်စုသတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ချင်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရန် ရည်ရွယ်၍ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၂ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့် စားသုံးသူပြည်သူများကိုထိခိုက်နစ်မှုမရှိစေရန် ရည်ရွယ်၍ မိမိတို့သက်ဆိုင်ရာဌာနများက လစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊ မြန်မာပြည်တွင်းသို့ နယ်စပ်မှ တရားမဝင်ကုန်စည်များ မှောင်ခိုလမ်းဖြင့် ဝင်ရောက်လျက်ရှိရာ မိမိတို့ဌာနများက ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုမရှိစေရန် စောလျင်စွာစစ်ဆေးသိမ်းဆည်းမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူသိရှိစေရန် ဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အသိပညာပေးလမ်းကမ်းစာစောင်များဖြင့်ဖြစ်စေ အသိပေးဖြန့်ဝေဆောင်လျက်ရှိပါကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများအနေဖြင့် ကုန်ပစ္စည်းများမှာယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် စားသုံးသူပြည်သူများကို ဘေးအန္တရာယ်ဖြစ်စေသော မည်သည့်ကုန်ပစ္စည်းမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြန့်ဖြူးရောင်းချခြင်းမပြုကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ချင်း)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပညာရေးကောလိပ်ကျောင်းဝန်းအတွင်း ရောင်းချနေသော မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၂၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပညာရေးကောလိပ်ဝန်း၊ လှာကတောင်ကျေးရွာ၊ အ-လ-က လေ့ကျင့်ရေးကျောင်းသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်အိသက်စံက ကျောင်းမုန့်ဈေးတန်းများတွင် သက်ဆိုင်ရာဌာနများ၏ တားမြစ်ထားသောကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသော အစားအသောက်များကိုသာရွေးချယ်၍ ဝယ်ယူရောင်းချပေးရန် မှာကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော မုန့်နှင့်အချိုရည်မျိုးစုံတို့ကိုရောင်းချခြင်းမပြုရန်၊ စားသောက်ကုန်များတွင် သက်တမ်းကုန်ဆုံးရက်ဖော်ပြထားခြင်းရှိ/မရှိကို စနစ်တကျကြည့်ရှုတတ်စေရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးလက်တွေ့သင်ကြားပြသကာ ကျောင်းမုန့်ဈေးတန်းများ၌ လှည့်လည်၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာရှိ ပြည်သူများအား စားသုံးဆီများဖြန့်ဖြူးရောင်းချမှုကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်များနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သေစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာရှိ ပြည်သူများအား ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ဈေးကားဖြင့် စားအုန်းဆီများကို (၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဘူးခွံတစ်ခွံလျှင် (၅၀၀)ကျပ်၊ စုစုပေါင်း စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သွားရောက်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

   ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး အထောက်အကူဖြစ်စေရန်နှင့် ပြည်သူများသက်သာသောနှုန်းထားဖြင့် အခြေခံစာသုံးဆီများကို ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်၊ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်အသင်းတို့က စားသုံးဆီများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများနေပြည်သူတို့ထံသို့ သက်သာသောနှုန်းထားဖြင့် တစ်ပတ်လျှင် (၅)ရက် (ရုံးပိတ်ရက်မပါ)ခန့် ရောင်းချပေးလျက်ရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အနီးကပ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)

                                                                                                         

 

ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite® အချိုရည်များရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးအနေဖြင့် မင်းပြားမြို့၊ မြို့မဈေးနှင့် ရပ်ကွက်အတွင်း ရောင်းချနေသောကုန်စုံဆိုင်များတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ပုံမှန်ဆောင်ရွက်စိစစ်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နေ့လယ်(၁:၃၀၀)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးကျော်ကျော်ဝင်း(ဒု-ဦးစီးမှူး)၊ ဈေးဥက္ကဋ္ဌ ဦးထွန်းသိန်းတို့နှင့်အတူ (Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ Sprite အချိုရည်များရောင်းချနေခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌  ၎င်း Sprite®  အချိုရည်များသည် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ သက်ဆိုင်ရာအစိုးရဌာနများ၏ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော်လည်း ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့်ဖော်ပြထားခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မပါရှိသော Sprite® အချိုရည်များရောင်းချနေကြောင်းသိရှိရသဖြင့် အဆိုပါအချိုရည်များကို ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များ၌ ၎င်းအချိုရည်များကိုရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

    အချိုရည်များရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အချိုရည်များ၊ FDA ၏ ထောက်ခံချက်မရှိသော အချိုရည်များကိုရောင်းချင်းမပြုရန်၊ အတုအပသတိပြု၍ မှာယူရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်တို့ကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

တာလေမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာကြန့်စံပြကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

  အဆိုပါ ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်နောင်(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်းနှင့် စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များကို ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူအခွင့်အရေး (၈) ချက်ကိုလည်း ကျေးရွာသူ/ သားများနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သီပေါမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ အခမဲ့ဖြန့်ဝေပေးသော ပုလဲဓာတ်မြေဩဇာများအား တောင်သူများသို့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို (၁၅-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

  အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် သီပေါမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းမင်းဦးက ပုလဲဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာများကို မြို့နယ်တွင်း ကျေးရွာအုပ်စု (၁၁)အုပ်စုအနက် ကျေးရွာ(၄၀)ရွာရှိ တောင်သူ (၁၆၄)ဦးတို့အား (၁) ဧကလျှင် (၅၀) ကီလိုဂရမ်ပါသည့် ပုလဲဓာတ်မြေဩဇာစုစုပေါင်း (၄၇၉)အိတ်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး တောင်သူများအားလုံးကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စားပြောကြားခဲ့ကြောင်းသိရသည်။

    ဆက်လက်၍ မန်ဟဲကျေးရွာအုပ်စု၊ နားခဲကျေးရွာရှိ တောင်သူဦးထွန်းမြတ်၏ လယ်မြေတွင် မိုးစပါးပန်းတိုင်ရရှိရေးအတွက် မြေဩဇာစုပေါင်းကြဲပက်ပွဲအား တာဝန်ရှိသူများက ကွင်းဆင်းအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - HighLight News