Main menu

HighLight News

Powered by Drupal

ဖြူးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအကြောင်း Talk Show အစီအစဉ်ဖြင့် ဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများပြည်သူများသိရှိစေရန် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရှိရာသို့ကွင်းဆင်း၍ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍လည်း Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲကို Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprise – MSME) များသည် အဓိကအရေးပါသည့်အကြောင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခြေခံအချက်အလက်နှင့် အခန်းကဏ္ဍများ၊ မြန်မာ့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည့်အကြောင်းများကိုဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

                  

အုတ်တွင်းမြို့နယ် မူ/လွန် တလုတ်ကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    အုတ်တွင်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ကျင်းပခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာ၌ ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဦးစားပေးဖတ်ရှုရန်၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူရန်နှင့် ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲကြရန်တို့အတွက် လိုအပ်သည်များကိုဟောပြောဆွေးနွေးခဲ့ပါသည်။

    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၂ဦးတက်ရောက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ကျိုက်မရောမြို့နယ်၊ အ-ထ-က (ခွဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကျင်းပပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ အ-ထ-က (ခွဲ) ကျောင်း၌ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှုပြီးမှသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm Website တွင်လည်းဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၃၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

    ထို့နောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပြီးနောက် ဈေးသည်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၇ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

    အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဦးစီးအရာရှိ ဒေါငြိမ်းမြတ်ကျော်က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲလုပ်ငန်းဆိုင်ရာအကြောင်းကိုဆွေးနွေးခြင်း၊ စီမံရေးရာဌာနခွဲမှ အကြီးတန်းစာရေး ဦးနိုင်လင်းထက်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပုံသေပိုင်ကိစ္စရပ်များကိုဆွေးနွေးခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာဝင်းက မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

စားသုံးသူရေးရာဦးစီးဌာန(ဘီးလင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဘီးလင်း)တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဟောပြောဆွေးနွေးခြင်း

    (၁၆-၈-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

  အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတို့ကိုဆွေးနွေးခဲ့ပြီးနောက် ဦးညီလွင်အေး၊ ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ထိုတားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မြိတ်မြို့၊ ရာပြည့်ရပ်၊ အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့တွင် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဝယ်ယူစားသုံး‌နိုင်ရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဟောပြောခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများအတွက် အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များအကြောင်းနှင့် ဖော်ပြရမည့်အချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်၍  အန္တရာယ်ရှိသောဆိုးဆေးများ၊  တားမြစ်ထားသောစားသောက်ကုန်များ၊ နစ်နာမှုများကြုံတွေ့ရပါက တိုင်ကြားနိုင်မည့်နေရာများနှင့် ဖြေရှင်းချက်များ၊ အစားအသောက်များကို ချက်ပြုတ်မစားသောက်မီ သတိပြုဆင်ခြင်ရမည့်အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်းတို့ကိုဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ မ၊ ကျောင်းသား/သူစုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မကွေးတိုင်းဒေသကြီး၌ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ (၈/၂၀၂၃) ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နေလယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်တက်စေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)ဌာနစိတ်မှ ဦးရဲမင်းသိန်း(ဦးစီးမှူး)က တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာသိကောင်းစရာများ(၂)မှ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့်လုပ်ငန်းလမ်းညွှန်ချက်များကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဒေါ်ဇင်ဝေဦး(ဒု-ဦးစီးမှူး)က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း (Labelling) အကြောင်းကိုလည်းကောင်း၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး)က  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများ၏ သိရှိလိုသည်များကိုမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)

               

             

ဆိပ်ဖြူမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၄-၈-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၀)ဦး၊ စုစုပေါင်း(၂၀၄)ဦးနှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၇၁)ဦး၊ စုစုပေါင်း(၁၈၀)ဦးတို့အား နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် မိတ်ဖက်ဌာနဖြစ်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

 ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းတို့ကိုရှင်းလင်းခဲ့ပါသည်။

   ဒု-ဦးစီးမှူး ဒေါ်တင်မာရီက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုအသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်သုံးစွဲရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူရာတွင်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအား စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိကလည်း ပလတ်စတစ်အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများကတိုင်ကြားနိုင်ကြောင်း၊ DOCAWebsite၊  Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application    နှင့်  Consumer Call Center No. (1535) တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသောကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေး(၈)ချက်ကိုမေးမြန်းပြီး ဖြေဆိုနိုင်သောကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်များချီးမြှင့်ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

လွိုင်ကော်မြို့၊ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဖူးစားပြောင်းများ၏ဈေးနှုန်း

    ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။

    လွိုင်ကော်မြို့ရှိ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ လောပိတမြို့ရှိ မိုက်ကန်းကျေးရွာ၊ လောပိတရှမ်းရွာများနှင့် နန်းမယ်ခုံမြို့ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိရာ ရှမ်းပြောင်းဖူးများပေါများချိန်တွင် ပြုတ်၍သော်လည်းကောင်း၊ မီးနှင့်ဖုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ ယခုလအတွင်းတွင် ပြောင်းဖူးများပေါများချိန်ဖြစ်သော်လည်း ဈေးနှုန်းများလျော့နည်းခြင်းမရှိဘဲ ကျပ် (၁၀၀၀) လျှင် ပြောင်းဖူး(၄)ဖူးသာရရှိပါသည်။း  ယခင်လနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းများမှာ ကွာခြားခြင်းမရှိဘဲ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဗန်းမော်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာရှိ  လယ်ယာထွက်ကုန်သီးနှံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၊ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့်အရည်အသွေး၊ စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News