Main menu

HighLight News

Powered by Drupal

ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌသည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌသည် (၂၅-၈-၂၀၂၃) ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဘုရားကြီး ဆည်မြောင်းဝင်းအတွင်းရှိ နဝင်းခန်းမတွင် နေ့လယ်(၂:၀၀)နာရီအချိန်၌ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ပြည်ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းများ၊ သား/ငါးထုတ်လုပ်ရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် အခြေခံ စားကုန်ပစ္စည်းများဈေးနှုန်းတည်ငြိမ်ရေး၊ တိုင်းဒေသကြီးအတွင်း စားသုံးရန်လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုပမာဏညီညွတ်မျှတရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစားကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ အခြေခံစားကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့ မှုရှိစေရေးနှင့် ကုန်ဈေးနှုန်းမြှင့်တင်ခြင်း၊ ဈေးကစားခြင်းကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးကလည်း အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြပါကြောင်းနှင့် ပြည်ခရိုင်အတွင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များ၊ သား/ငါးထုတ်လုပ်ရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် (၂၉)ဦး၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင် (၁၅)ဦး၊ သား/ငါးထုတ်လုပ်ရောင်းချသူ (၁၉)ဦးနှင့် သဘာဝဓာတ်မြေဩဇာရောင်းချသူ (၂) ဦး၊ စုစုပေါင်း (၆၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆန်ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

    ပဲခူးတိုင်းဒေသကြီးအနောက်၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ (၂၈-၈-၂၀၂၃) ရက်နေ့၊    နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် မြို့နယ်တွင်းစားသုံးသူများ ဆန်များကို ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်၊ ဆန်လက်ကားဆိုင်များ၊ ပဲနှမ်း ပွဲရုံ၊ စိုက်ပျိုးရေးဆေးဓာတ်မြေဩဇာရောင်းချသူများပါဝင်သော လုပ်ငန်းရှင် (၂၁) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ကာ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စားသုံးသူပြည်သူများ လက်ရှိအခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သောဆန်များကို ဈေးနှုန်သက်သာစွာဝယ်ယူနိုင်ရေး ဝိုင်းဝန်းကူညီပေးနိုင်ကြပါရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး (၂၆-၈-၂၀၂၃) ရက်နေ့တွင် နတ်တလင်းခရိုင်၌ ကျင်းပခဲ့သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခြေခံစားသုံးကုန်ဖြစ်သောဆန်များကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ကြစေရေး၊ စားသုံးသူအခြေခံလူတန်းစားများ၏ အခက်အခဲများအား လုပ်ငန်းရှင်၊ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်း၊ အသင်းအဖွဲ့များအနေဖြင့် ကူညီကြစေရန် လမ်းညွှန်ခဲ့မှုအပေါ်  ဇီးကုန်းမြို့နယ်တွင်း လူဦးရေ (၇၀၀၀၀) ခန့်တွင် နွမ်းပါးသူအခြေခံလူတန်းစား (၁၅၀၀၀) ခန့်ရှိ၍ အချိန်ကာလတစ်ခုအထိ ထိရောက်စွာကူညီနိုင်မည့်နည်းလမ်းအား ဝိုင်းဝန်းဖြေရှင်းပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း ပြန်လည်မေးမြန်းဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

                            

ဘိုးသာအောင်ကုန်းရွာ၊ အခြေခံပညာသင်ကျောင်းများသို့သွားရောက်၍ အသိပညာပေးဟောပြောဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၉-၂၀၂၃) ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းရွာ၊ အခြေခံမူလတန်းကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၅၀)ဦးတိုးအား  စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ကြီးများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ကုန်ပစ္စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွန်းအမှတ်အသားများကို သေချာစွာဖတ်ရူပြီးမှသာလျှင် ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်းကိုလည်း ရှင်လင်းဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်သား/ ကျောင်းသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ဆောင်ရွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ထွေအုပ်ရုံး၌ (၂၈-၈-၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက ဆန်အိတ် (၅၀၀)ကို မိုးစပါးအသစ်မပေါ်မီအချိန်ကာလအထိ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် နေ့စဉ် ဆန်စက်လုပ်ငန်းရှင်များ၏ ဆန်အရောင်းဆိုင်များဖြစ်သော နွယ်ခွေရပ်ကွက်၊  နွယ်ခွေလမ်း၊ ဟံသာစိုးဆန်ဆိုင်တွင်လည်းကောင်း၊ ရွာမမြောက်ရပ်ကွက်၊ မြောက်ရွာမလမ်းရှိ ညိမ်းသုခဆန်စက်များတွင်လည်းကောင်း နှစ်နေရာခွဲ၍ အခြေခံစားသုံးသူမည်သူမဆို ရောင်းချပေးမည်ဖြစ်ကြောင်းကို မြို့နေသူ၊ တောနေသူများပါ သိရှိနိုင်ရန်အတွက် ကြိုတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လိုက်လံကြော်ငြာပေးရန်ဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဌာနမှ ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မွန်ပြည်နယ်ဦးစီမှူးနှင့် ကွန်ကရစ်လုပ်ငန်းရှင်တို့တွေ့ဆုံဆွေးနွေး

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလည်ပတ်မှုအခြေအနေများ၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးနှုန်း/ ဈေးကွက်အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းအမျိုးပေါင်း (၁၀)မျိုးကျော်ခန့်ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ဖြန့်ဖြူးလျက်ရှိပြီး လုပ်ငန်းလည်ပတ်ရန်အတွက် မတည်ရင်းနှီးငွေလိုအပ်လျက်ရှိကြောင်း၊ ဆွေးနွေးချက်အပေါ်  မတည်ရင်းနှီးငွေလိုအပ်ချက်နှင့်ပတ်သက်၍ MSME ချေးငွေရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၊ အ.ထ.က (ခွဲ) ကျွန်းရွာကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပါဝင်ဆွေးနွေး

  (၆-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ.ထ.က (ခွဲ) ကျွန်းရွာကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။  အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အ.ထ.က (ခွဲ) ကျွန်းရွာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက “လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်” ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုဝင်းက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (ခွဲ) ကျွန်းရွာမှ Grade (10) နှင့် (9) မှ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။

       စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၉၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

    (၆-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ 

  အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉) ညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အသေးစိတ်ဖော်ပြရမည့်အချက်များဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ ဆေးဝါးနှင့်အလှကုန်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်၊ အလှကုန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသောဆေးဝါးများမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိစစ်ဆေးခဲ့ပြီး ဆေးဝါးများအား သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိမှသာရောင်းချရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ကျန်းမာရေးဦးစီးဌာနသို့ပို့ဆောင်၍ စနစ်တကျစွန့်ပစ်ရန်နှင့် ဆေးဝါးများကို စနစ်တကျထားရှိနိုင်ရန် အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

¬အ.ထ.က (ခွဲ) ကွမ်ရိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျပ်းပပြုလုပ်

   (၅-၉-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အ.ထ.က (ခွဲ) ကွမ်ရိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center ပတ်သက်သည့် အကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၂၆၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့်သက်ဆိုင်သည့် အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့်  အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင်ရာ ရှင်းလင်းခြင်း စသည်တို့နှင့်စပ်လျဉ်း၍ လစဉ် အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

     (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ ဧပြီလတွင် ၁၀ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၀၆ဦး၊ မေလတွင် ၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၆ဦး၊ ဇွန်လတွင် ၁၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၉၀ဦး၊ ဇူလိုင်လတွင် ၁၇ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၉၀ဦး၊ ဩဂုတ်လတွင် ၁၂ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၁၂၃ဦး၊  စုစုပေါင်းအရေအတွက် အကြိမ်ရေ (၅၉)ကြိမ်တွေ့ဆုံမှုတွင် စီးပွားရေးလုပ်ငန်းရှင်လူဦးရေ(၄၂၅)ဦးအား ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ကုန်စည်ဒိုင်အသင်းလုပ်ငန်းရှင်၊ MONCCI အသင်းမှ လုပ်ငန်းရှင်၊ ဆန်ကုန်သည်အသင်းအဖွဲ့၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်၊ ကြက်သွန်နီရောင်းဝယ်ရေးအသင်းအဖွဲ့၊ ကွမ်းသီးအသင်းအဖွဲ့လုပ်ငန်းရှင်၊ မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်၊ အအေးခန်းလုပ်ငန်းရှင်၊ ရက်ကန်းရုံလုပ်ငန်းရှင်၊  မုန့်တီရုံလုပ်ငန်းရှင်၊ အလှကုန်လုပ်ငန်းရှင်၊ အထည်ချုပ်ရုံလုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်၊ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်၊ ငါးခြောက်နှင့်ငါးပိထုတ်လုပ်သည့်လုပ်ငန်းရှင်၊  လက်ဖက်နှင့်အကြော်စုံလုပ်ငန်းရှင်၊ ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ရှောက်သီးဆေးပြားထုတ်လုပ်သည့်လုပ်ငန်းရှင်၊ တိုင်းရင်းဆေးထုတ်လုပ်သည့်လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

  ထို့သို့  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်းမှတစ်ဆင့် မွန်ပြည်နယ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကာကွယ်ဆောင်ရွက်နေကြောင်း  သိရှိရပါသည်။

DOCA(မွန်)

 

 

Pages

Subscribe to RSS - HighLight News