Main menu

HighLight News

Powered by Drupal

ညောင်ဦးမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဂံမြို့ရှိ ဓမ္မရာဇာဘုရားတွင်လည်းကောင်း၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လောကနန္ဒာဘုရားတွင်လည်းကောင်း ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

  တွေ့ဆုံဆွေးနွေးမှုတွင် ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်များ၊ တာမြစ်ချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းအားလည်းကောင်း၊ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိအကျိုးစီးပွားအတွက်သာကြည့်ပြီး စားသုံးသူများထိခိုက်နစ်နာစေသည့် အပြုအမူ၊ လုပ်ဆောင်မှုများကို ရှောင်ကျဉ်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူအပေါ် စိတ်စေတနာအပြည့်အဝထားရန်နှင့် မိမိတို့၏စိတ်စေတနာအလျောက် ပြန်လည်အကျိုးသက်ရောက်လာမည်ာဖြစ်ပါကြောင်း၊ မိမိတို့၏ ပုဂံ၊ ညောင်ဦးဒေသသည် ကမ္ဘာ့အမွေအနစ်ဝင် ရှေးဟောင်းအထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အချိန်နှင့်အမျှ အမြဲမပြတ်လာရောက်လျက်ရှိပြီး ခရီးသွားများအနေဖြင့်လည်း လာရောက်လည်ပတ်ကြပြီး မိမိအိမ်၊ မိမိဒေသသို့ပြန်သည့်အခါ ပုဂံ၊ ညောင်ဦးဒေသ၏ ဒေသထွက်အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့်သော်လည်းကောင်း၊ မြတ်နိုးကြိုက်နှစ်သက်၍သော်လည်းကောင်း ဝယ်ယူကြ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အရပ်ဒေသဂုဏ်၊ မိမိထုတ်လုပ်သည့်ကုန်စည်၏အရည်အသွေးနှင့် နာမည်ဂုဏ်သတင်းကောင်းမွန်ခိုင်မာရန်လိုပါကြောင်း၊ သို့မှသာပြည်တွင်းတွင်သာမက နိုင်ငံတကာသို့လည်း ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းဝယ်ရာတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထောက်ခံချက်များ သိရှိနားလည်ထားရမည်ာဖြစ်ပြီး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများ နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွား ကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးမှုတွင် ဓမ္မရာဇာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊း စုစုပေါင်း (၄၅)ဦး၊ လောကနန္ဒာဘုရား၌ ဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၀)ဦး စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ပူးပေါင်းအဖွဲ့သည် ဘုရားများ၏ အတွင်းအပြင်ရှိ ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းရောင်းချသောဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထန်းတောကြီးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၃၀-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်သည့်အပြင် Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်းတိုင်ကြားနိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ ဌာန၏ Website မှာ www. doca. gov. mm ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာတာဝန်ခံက ယခုကဲ့သို့ အသိပညာများလာရောက်ဟောပြောဆွေးနွေးပေးပါသော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ တက်ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးဟောပြောပွဲမှာ နံနက် (၀၉:၁၅) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ ဩဂုတ်လအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

   စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၃-၈-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “အ-မ-က(၂)” ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူ(၁၇၃)ဦးကိုလည်းကောင်း၊ (၉-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေး Talk Show (၂)ဦးနှင့် (၁၁-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေး Talk Show (၂)ဦး စုစုပေါင်း စားသုံးသူပြည်သူ(၁၇၇)ဦးတို့ကို စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာအသိပညာများကိုလည်းကောင်း စားသုံးသူရေးရာနှင့်သက်ဆိုင်သည့်အကြောင်းအရာများ၊ အသိပညာဗဟုသုတများကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည့် ဌာန၏ Website၊ Facebook Page နှင့် Consumer Call Center No.(1535) စသည်တို့ကို ဝင်ရောက်ကြည့်ရှုခေါ်ဆို၍ လေ့လာလို့ရကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

(၈/၂၀၂၃)လအတွင်း ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ (၃-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ ၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ကုန်စုံ ဆိုင်(၁)ဆိုင်နှင့် စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၄-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့ ၊ အမှတ်(၅) ရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ (၉-၈-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ (၁၀-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ ၊သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၈-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစုစုပေါင်း (၄)ကြိမ်နှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ (၈/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၄.၈.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊    သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်းလ်”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် (၂၄.၈.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူ မြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “ကမ္ဘာကျော်” ဆန်စက်လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၂)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို  သိရှိနားလည်ထားရန် အရေးကြီးကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ လေ့လာသိရှိလိုပါက  ဌာန၏ Facebook Page နှင့် Consumer Call Center No. (1535) သို့ ရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင်ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ရာတွင်၂၀၂၃ခုနှစ် ဩဂုတ်လတွင်ဆီစက်လုပ်ငန်းရှင်၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်၊ ဂစ်တာလုပ်ငန်းရှင်၊ သောက်ရေးသန့်လုပ်ငန်းရှင်၊ မုန့်တီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  ထိုသို့ စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်မျာ းဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ် ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသောစားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ (၂၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် သောက်ရေသန့်၊ အချိုရည်၊ စားသုံးဆီ၊ အသင့်စားမုန့်အမျိုးမျိုး၊ အရံသင့်အစားအစာအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အသားနှင့်အသားထွက်ပစ္စည်းအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ မှတ်ပုံတင်ခြင်းမရှိသောဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသောစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိစစ်ဆေးပြီး လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

    (၃၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာစုမျိုးသွယ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနသို့ လာရောက်ဆွေးနွေးပြောကြားပေးပါသော စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ ဌာနသည် ငါးလုပ်ငန်းဦးစီးဌာနဖြစ်သည့်အတွက် ဒေသတွင်း ငါးရိက္ခာဖူလုံရေး အဓိကဆောင်ရွက်နေရသည်ဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော ငါးနှင့်ငါးအစာများ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ်ရခြင်း၊ ဓာတ်ခွဲစမ်းသပ်ရခြင်းများပြုလုပ်ရသည့်အတွက် မိမိတို့ဌာနမှာ စားသုံးသူရေးရာဦးစီးဌာနနှင့် ရင်းနှီးမှုများရှိပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်ဟောပြောဆွေးနွေးသည့်အတွက် မိမိတို့ဌာနမှ ဝန်ထမ်းများသည်လည်း နှစ်ဌာနချိတ်ဆက်ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ စားသုံးသူနှင့်ဆိုင်သော အသိပညာဗဟုသုတများ များစွာရရှိမည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခု အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များအကြောင်းနှင့် လက်ရှိအဓိကဆောင်ရွက်နေရသော လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေပါ စာသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် နစ်နာဆုံးရှုံးမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက် အကြောင်း၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ အငယ်တန်းစာရေး ဦးကျော်သက်ဝေက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် ဌာနမှဖြေရှင်းဆောင်ရွက်ပေးခဲ့သော အမှုဖြစ်စဉ်များအကြောင်းတို့အား Power Point များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသော လူဦးရေ (၁၅)ဦးအား  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မလှိုင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကျင်းပ

  မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကို ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က (၂/၂၀၁၉)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန်လိုအပ်ကြောင်း၊ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ခြင်းမရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု၊ ပြစ်ဒဏ်များရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ခြင်းမရှိပါက ထောင်ဒဏ် (၂)နှစ်နဲ့ ကျပ်သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံနိုင်ရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တပ်ဆင်ရန်အခက်အခဲရှိပါက  စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူများအ‌နေနှင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ၌ စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ e-mail ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းဆွေးနွေးခဲ့ပြီး နံနက် (၁၀း၃၀) နာရီအချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေး

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ “Rainbow”  အမှတ်တံဆိပ် မုန့်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်၌ ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၈ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံမှုအရ “Rainbow”အမှတ်တံဆိပ်မုန့်လုပ်ငန်းတွင် နို့ပေါင်မုန့်၊ ပဲပေါင်မုန့်၊ ဒိုးနတ်မုန့်နှင့် ကိတ်ခြောက်များရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများကို ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉) ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

                                               

Pages

Subscribe to RSS - HighLight News