Main menu

HighLight News

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြ​ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မိမိတို့ရုံးအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ စားသုံးသူရေးရာပညာပေးသင်တန်းများကို စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်များအရ ဝန်ထမ်းတိုင်းသည် ဒီဂျစ်တယ်နည်းပညာများကို တတ်မြောက်ထားရန်လိုအပ်ကြောင်း၊ ကွန်ပျူတာအခြေခံဘာသာရပ်များကို ကြေညက်ကျွမ်းကျင်စွာတတ်မြောက်ထားရန်လိုအပ်ကြောင်း၊ သင်တန်းတွင်သင်ပေးသမျှကို သေချာစွာမှတ်သားကြရန်၊ မသိနားမလည်သည်များကိုမေးမြန်းကြရန်နှင့် စဉ်ဆက်မပြတ်လေ့ကျင့်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

     သင်တန်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ စုစုပေါင်း ၅ရက်အကြာကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးတို့မှ သင်တန်းသား/သူ စုစုပေါင်း ၂၀ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့၊ မြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးရောင်းချမှုကိုကွင်းဆင်းစစ်ဆေး

    စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိသောကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်းရှိ ကုန်စည်/ဝန်ဆောင်မှုအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်း သက်ဆိုင်ရာဌာန၏ထောက်ခံချက်မရှိသော စားသုံးဆီများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်သွားရန်  ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့နှင့် (၁၂) ရက်နေ့များတွင် စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့မဈေးရှိ မေတ္တာရှင်၊ တော်ဝင်၊ သစ္စာ၊ ဒေါ်မမကြီး၊ ဗိုလ်ဗိုလ်၊ လင်းလင်း စသည့်ဆီမျိုးစုံရောင်းဝယ်ရေးဆိုင်စုစုပေါင်း (၆) ဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးရာတွင် အမှတ်တံဆိပ်မပါဘဲ အလွတ်ရောင်းချသည့်ရောဆီ (ပဲဆီ+စားအုန်းဆီ) များကို စည်ပိုင်ဖြတ် (သို့မဟုတ်) ဒန်အိုးကြီးများတွင်ထည့်၍ ခွက်ချင်ဖြင့် ရောင်းချခြင်းနှင့်အတူ Goody၊ Meizan၊ Duck၊ Good Choice၊ ရွှေပျားအမှတ်တံဆိပ်များကိုရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ Meizan၊ Duck၊ ရွှေပျားဟင်းသီးဟင်းရွက်ဆီ (မြေပဲဆီ+နေကြာဆီ+အဆင့်မြင့်စားအုန်းဆီ) အမှတ်တံဆိပ်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း Good Choice၊ Goody အမှတ်တံဆိပ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိကြောင်း စစ်ဆေးတွေ့ရှိမှုအရသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၁၇-၇-၂၀၂၃) ရက်‌နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

  ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကိုသေချာစွာဖတ်ရှု၍ သတင်းအချက်အလက်ပြည့်စုံသော မိမိလိုအပ်ချက်နှင့်ကိုက်ညီပြီး စိတ်ကျေနပ်မှုရရှိသည့် ကုန်စည်များကိုသာဝယ်ယူရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်မိရပ်ဖနှင့် ကျေးရွာသူ/ကျေးရွာသား (၅၃) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပုသိမ်ခရိုင် MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပြပွဲကျင်းပပြုလုပ်

    ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပုသိမ်ခရိုင် MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပြပွဲကို (၁၂-၇-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် ပုသိမ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်၊၊

    ပြပွဲတွင် ခရိုင်အတွင်းကုမ္ပဏီနှင့်စီးပွားရေးလုပ်ငန်းရှင်များက ခင်းကျင်းပြသထားသော လယ်ယာသုံးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ ဆားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စပါးခွံလောင်စာတောင့် လုပ်ငန်း၊ ရွှေမြင်းပျံဟာလဝါလုပ်ငန်း၊ ငွေကျားဆီစက်လုပ်ငန်း၊ ကြီးမြင့်ကိတ်မုန့်လုပ်ငန်း၊ နုထွေးချင်းသုပ်လုပ်ငန်း၊ ဒေါ်စာမဝက်အူချောင်းလုပ်ငန်း၊ ရေချိုငါးပိလုပ်ငန်း၊ သီဟဆန်စက်လုပ်ငန်း၊ တီတီမေဝက်အူချောင်း၊ ကြက်အူချောင်းလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်း၊ ရေကြည်ပေါ်ဆန်ဘေးကြားလုပ်ငန်း၊ KSO သီဟိုဠ်စေ့လုပ်ငန်း၊ ဖိုးထူးအင်း၏ မျှင်ငါးပိလုပ်ငန်းအပါအဝင် စုစု‌ပေါင်းပြခန်း (၄၀) ကျော်ပါဝင်ပြသခဲ့ကြောင်းသိရပါသည်၊၊

   ယခုကဲ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များကိုပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဈေးကွက်အခွင့်အလမ်းကောင်းများရရှိနိုင်သကဲ့သို့ ဝယ်ယူသူများအတွက် တစ်နေရာတည်း၌ ဒေသထွက်ကုန်များကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သည့်အတွက် လုပ်ငန်းရှင်နှင့်ပြည်သူများမှာ အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းနှင့် ဈေးရောင်းပွဲတော်ကို ဇူလိုင်လ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ (၄) ရက်အကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

                                     

မော်လမြိုင်မြို့၊ အ-ထ-က (ညောင်ပင်ဆိပ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ-ထ-က (ညောင်ပင်ဆိပ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးရန်မသင့်ဟုသတ်မှတ်ထားသော အစားအသောက်များအကြောင်းကိုရှင်းလင်းဟောပြောခြင်း၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၆၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ-ထ-က (မုရစ်ကလေး) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၇-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ-ထ-က (မုရစ်ကလေး) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ  ဒေါ်ခင်လေးနွယ်၊ အငယ်တန်းစာရေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၆၃) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ-ထ-က (ခွဲ) ငန်းတေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟန်ဝင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူအသုံးပြုမည်ဆိုပါက မဝယ်ယူမီ ကုန်အညွှန်းအမှတ်အသားကို ပထမဆုံးဖတ်ရှုပြီးမှသာလျှင် ဝယ်ယူသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ စားသုံးရန်မသင့်ဟုသတ်မှတ်ထားသော အစားအသောက်များအကြောင်းတို့ကိုရှင်းလင်းဟောပြောခြင်း၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်လာလျှင် တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center No. (1535) သို့ဖုန်းခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၄၄) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချလျက်ရှိသော အသင့်စားမုန့်များကိုစစ်ဆေး၍ ဈေးသည်များအား အသိပညာပေးခြင်းများကိုလည်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံတို့သည် (၁၃-၇-၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ-ထ-က (ကွမ်သဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်လာလျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့လည်းကောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်လည်းဝင်ရောက်တိုင်ကြားနိုင်ကြောင်းတို့ကိုဟောပြောဆွေးနွေးခဲ့ပြီး ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၁၈) ဦးတက်ရောက်ခဲ့ကြပါသည်။

   ထို့နောက် ကျောင်းဝင်းအတွင်း တားမြစ်ထားသည့်စာသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တားမြစ်ထားသောအစားအသောက်များကိုရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအသောက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

   (၁၁-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကျိုက်မရောမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် အ-မ-က (အတ္တရံ) ရှိ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အာဇာနည်နေ့အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူစားသုံးအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာဖတ်ရှုပြီးမှသာ ဝယ်ယူစားသုံးအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ၊ Consumer Call Center ဖွင့်လှစ်ရခြင်းအကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၀၅) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကရင်ပြည်နယ်၊ ဆင်ကျုံးကျေးရွာတွင် တပ်ဆင်လျက်ရှိသော စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာ

    ဒေသတွင်းဝမ်းစာဖြစ်သော ဆန်/စပါးများဖူလုံပိုလျှံပြီး ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပကုန်သွယ်မှုများကို အထောက်အကူဖြစ်စေရန်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် (၁၆-၇-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဆင်ကျုံးကျေးရွာသို့သွားရောက်၍ စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရပါသည်။

   ထိုသို့လေ့လာရာတွင် စပါး/ပဲအခြောက်ခံစက်နှင့်ပတ်သက်၍ တစ်နေ့လျှင် အခြောက်ခံသိုလှောင်နိုင်မှုပမာဏ၊ ကုန်ကြမ်းရရှိမှု၊ ဝန်ဆောင်ခနှင့် အခြောက်ခံစက်တပ်ဆင်မှုအပေါ် ဒေသလွှမ်းခြုံဆောင်ရွက်နိုင်မှုနှင့် အခြောက်ခံစက်ပြုလုပ်တပ်ဆင်မှုကုန်ကျစရိတ်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

   စပါး/ပြောင်းအခြောက်ခံစက်နှင့်ပတ်သက်၍ ကရင်ပြည်နယ်းတွင် ဆန်စက် ၂၉လုံးရှိသည့်အနက် ဆန်စက် ၄လုံးတွင်သာ အခြောက်ခံစက် ၄လုံးတပ်ဆင်အသုံးပြုနိုင်သေးပြီး ၂လုံးမှာ ကုမ္ပဏီများမှတိုက်ရိုက်မှာယူသော အခြောက်ခံစက်များဖြစ်ကြောင်းနှင့် ယခုအခြောက်ခံစက်နှင့် ခနိမ်းဒိုကျေးရွာရှိ အခြောက်ခံစက်မှာ ဒေသတွင်းပညာရှင်၏ ပြုလုပ်တပ်ဆင်သော အခြောက်ခံစက်ဖြစ်ကြောင်းနှင့် ဒေသတွင်းပညာရှင်အနေဖြင့် နည်းပညာကို ထိုင်းနိုင်ငံမှရရှိကာ ကရင်ပြည်နယ်နှင့်ကိုက်ညီသော အခြောက်ခံစက်အား ပြန်လည်တီထွင်ဖန်တီးပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ပြင်ပကုမ္ပဏီစက်များနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကြောင်းနှင့် ဆင်ကျုံးကျေးရွာနှင့် ခနိမ်းဒိုကျေးရွာတို့တွင်ရှိသော ယခုတပ်ဆင်သောအခြောက်ခံစက်များမှာ တစ်နေ့လျှင် စပါး/ပဲသီးနှံ တင်း ၃၅၀ခန့်အခြောက်ခံနိုင်ကြောင်းနှင့် အစိုဓာတ် ၃၀ရာခိုင်နှုန်းရှိသောသီးနှံများမှာ ၈နာရီခန့်သာအခြောက်ခံရကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

Pages

Subscribe to RSS - HighLight News