Main menu

HighLight News

Powered by Drupal

တောင်တွင်းကြီးမြို့ပေါ်၌ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကိတ်မျိုးစုံ၊ ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရေးအတွက် တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပုဒ် မ(၄၁)၊ (က) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြော်ငြာအမှတ် (၂/၂၀၁၉) နှင့်အညီ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် ခရိုင်/တိုင်းရုံးများသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားဌာနများ၏ခွင့်ပြုချက်လိုင်စင်လုပ်ဆောင်ရန်လိုအပ်ပါကလည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့၍ စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များနှင့်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီကထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များ၌ အချိုရည်များကို စျေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ကုန်စည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ (၆-၇-၂၀၂၃) ရက်နေ့နှင့် (၇-၇-၂၀၂၃) ရက်နေ့များတွင် မကွေး/ချောက်ခရိုင်အတွင်းရှိ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ချောက်မြို့နယ်များ၌ စည်ပင်သာယာစျေးနှင့် စတိုးဆိုင်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်း၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်များရောင်းချမှုရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်များနှင့် သက်တမ်းလွန်နေသောကုန်စည်များရောင်းချမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမထားသောကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသောကုန်စည်များရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်အတွင်းရှိ စစ်ဆေးရေးမှူးများက စားသောက်ကုန်ရောင်းချသူလုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သောကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသောကုန်စည်များဆိုင်တင်ရောင်းချမှုမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စျေးကွက်အတွင်းရှိ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေးသို့လည်းကောင်း၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးသို့လည်းကောင်း သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောစားသုံးဆီများဖြစ်သည့် GOODY Vegetable Oil (ဟင်းရွက်ဆီ)၊ GOOD CHOICE (အဆင့်မြင့် စားအုန်းဆီ)၊ COOK Sunflower Oil (နေကြာဆီ)၊ DUCK (ဟင်းသီးဟင်းရွက်ဆီ)၊ Meizan Sunflower Oil (မေဇင်နေကြာဆီ)၊ LOTUS (ကြာပန်းတံဆိပ် ဟင်းသီးဟင်းရွက်ဆီ-စားအုန်းဆီ)၊ အမေထွား (နှမ်းဆီ)၊ ပွင့်ဖြူ (မြေပဲဆီ) အမှတ်တံဆိပ် (၈) ခုတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။

    ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲပြုလုပ်

   ဝန်ထမ်းများသက်သာချောင်ချိရေး၊ အထက်အောက်အပြန်အလှန်ချစ်ကြည်ရင်းနှီး၍ လုပ်ငန်းခွင်ပျော်ရွင်စေရေး ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် (၁၈-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြပါသည်။

     ထိုသို့ပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နေ့လယ်စာအဖြစ် ဘဲဥချဉ်ရည်ဟင်း၊ ပဲနီလေးကြာဇံဟင်းချို၊ ငရုတ်သီးဆားထောင်း၊ သခွားသီး၊ ဥသျှစ်ညွန့်၊ ဂေါ်ဖီ စသည့် အတို့အမြှုပ်၊ ငါးပိရည်တို့ကို ချက်ပြုတ်ကျွေးမွေးခဲ့ပြီး ဝန်ထမ်းများကလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာကြသော ကြက်ဥကြော်၊ ပဲပြားချက်၊ ငါးလေးအိုးကပ်၊ မုန့်လာဥချဉ်ရည်ဟင်း၊ ငါးပိထောင်း စသည့်ဟင်းလျာများကို အပြန်အလှန်လဲလှယ်ကြပြီး တပျော်တပါး လက်ရည်တပြင်တည်း ပျော်ရွင်စွာစားသောက်ခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများစုပေါင်းညီညာစွာ မိတ်ဆုံစားပွဲပြုလုပ်ခြင်းနှင့် အခါအားလျော်စွာ မုန့်ဟင်းခါးချက်စားခြင်း၊ အစုံသုပ်လုပ်စားခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး တောင်ကလေးဂျပ်ခုတ်လုပ်ငန်းစီမံကိန်းဆောင်ရွက်မည်

  အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်လာစေရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးကျေးရွာတွင် တောင်ကလေးဂျပ်ခုတ်လုပ်ငန်းစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

      ယခုစီမံကိန်းအား အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (သို့မဟုတ်) သိန်း၁၀၀စီမံကိန်းဟုခေါ်ဆိုပြီး စီမံကိန်းဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီသော အသေးစားကုန်ထုတ်လုပ်ငန်းတစ်ခုရွေးချယ်ကာ စိတ်ပါဝင်စားသော ဒေသခံ၁၀ဦးအား စီမံကိန်းကာလအတွင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသား၁၀ဦးအနက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် ၅ဦးကို ထပ်မံစိစစ်ရွေးချယ်ကာ စီမံကိန်းကာလအတွင်း နောက်ပိုင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏မတည်ပေးသော ကျပ်သိန်း၁၀၀မှ စက်ကိရိယာများရင်းနှီးထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းရှင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကြောင်းသိရသည်။

   အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်တွင် စီမံကိန်းဆောင်ရွက်မည့် ဒေသ၆ခုကိုရွေးချယ်ထားပြီး ယခုဆောင်ရွက်မည့် ဘားအံမြို့၊ တောင်ကလေးဂျပ်ခုတ်စီမံကိန်းမှာ ပထဦးဆုံးအကောင်အထည်ဖော်မည့်စီမံကိန်းဖြစ်ကြောင်းနှင့် စီမံကိန်းကြီးကြပ်သူများအဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က  ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

DOCA(ကရင်)

ဗန်းမော်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၇-၂၀၂၃) ရက်နေ့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့၊ ခိုကျင်ကျေးရွာ၊ စိမ်းမြနီလာခန်းမ၌ ကျင်းပပြုလုပ်သော    အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်၊ ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေးများဖြစ်သည့် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် လျော်ကြေးပေးရန်နှင့် အာမခံထားသောအချိန်ကာလအတွင်း သဘောတူညီထားသောဝန်ဆောင်မှုကိုမရရှိခဲ့လျှင်စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန်အချက် (၂) ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားရန်နည်းလမ်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အသိပညာပေးခဲ့ပါသည်။ဟောပြောပွဲသို့ သင်တန်းနည်းပြဆရာမ (၃) ဦးနှင့် သင်တန်းသူ (၂၀) ဦး၊ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(ကချင်)

ဝိုင်းမော်မြို့နယ်မှ စားသောက်ကုန်ရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဘောမ်ဇုန်းသည် (၁၇-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာရှိ စားသောက်ကုန်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၃) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်စည်များကို စားသုံးသူများယုံကြည်စိတ်ချရစွာအသုံးပြုနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များအနက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များတို့ကိုသိရှိလိုက်နာရမည်ဖြစ်ကြောင်းတို့ကိုး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

သံတွဲမြို့၊ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် သံတွဲမြို့၊ အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် အံတော်ကျောင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး) က အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရေးနှင့် ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိကို သေချာစွာလေ့လာဖတ်ရှုပြီးမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့်အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ခဲ့ကာ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကယားပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ စားသုံးသူဆိုင်ရာအသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ဖွင့်လှစ်ပို့ချရာ သင်တန်းသားစုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါသင်တန်း၌ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က မိမိတို့ဌာန၏ရည်မှန်းချက်မှာ “စားသုံးသူအခွင့်အရေး ဦးစားပေး” ဖြစ်ပြီး  မျှော်မှန်းချက်တာဝန်များမှာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ‌အောင်မြင်ရန်အတွက် ဝန်ထမ်းများစွမ်းဆောင်ရည်ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ပြည်ပသို့တင်ပို့သောဆန်အမျိုးအစားများနှင့် အရည်အသွေးဆိုင်ရာစံချိန်စံညွှန်းများအကြောင်းအား အကျယ်တဝင့်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ) က အမျိုးသားအစားအသောက်ဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေ၏ရည်ရွယ်ချက်၊  အစားအသောက်ဆိုင်ရာအရည်အသွေးသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်နှင့်ကျန်းမာရေးအတွက် လိုအပ်သောသတင်းအချက်အလက်များနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်ပသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်းပြုရာတွင် အမှတ်တံဆိပ်ဖော်ပြခြင်း စသည့် Suppy chain တစ်လျှောက်လုံးတွင် ဒေသစံနှုန်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရေးကိစ္စရပ်များအားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ရှိသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းစေခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို တားမြစ်ခြင်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ဝန်ထမ်းများအဂတိလိုက်စားမှုမရှိစေရေးအတွက်  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း သိရှိစေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဦးစီးမှူးဒေါ်သစ္စာဖူးက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ၏ အစီရင်ခံတင်ပြရမည့်အချက်အလက်များ၊ စစ်ဆေးသည့်ရက်စွဲ၊ အချိန်၊ နေရာ၊ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးအပ်သူ၏အချက်အလက်၊ ကုန်စည်/ဝန်ဆောင်မှုတွင် ပါဝင်သောအချက်အလက်များကိုရေးသားရန်၊ ဈေးကွက်အတွင်းသို့ သွားရောက်စစ်ဆေးရခြင်း၏ရည်ရွယ်ချက်၊ စစ်ဆေးတွေ့ရှိချက်တို့ကိုရေးသားဖော်ပြရန်နှင့် မည်ကဲ့သို့အရေးယူဆောင်ရွက်သင့်ကြောင်း၊ တရားမဝင်လမ်းကြောင်းမှဝင်ရောက်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်သည့်နည်းလမ်းများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်ရပ်ကွက်နှင့်ရွှေ‌တောင်ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင် (၁၂) ဆိုင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှု/မရှိကို မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအများစုကို ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော စားသုံးဆီဘူးများကိုသာ တင်သွင်းရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချသည့်စားသုံးဆီဘူးများတွင် ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံသောကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားရှိပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီဘူးများကိုသာတင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် ဝိုင်းဝန်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - HighLight News