Main menu

HighLight News

Powered by Drupal

ကျိုက်ထိုမြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့်အစားအသောက်များကို ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရေးနှင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ  ၂၀၂၃ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စည်ပင်သာယာပြည်သူ့ဈေးသို့သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၏ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ဈေးအတွင်းလှည့်လည်၍  စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟုကြေညာထားသည့်အစားအသောက်များနှင့် သက်တမ်းလွန်အစားအသောက်များရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးကာ စားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ဈေးရောင်းချနေသောပြည်သူများကို စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဘီးလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်စားဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁၁-၇-၂၀၂၃) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ မင်္ဂလာဈေးနှင့် နီလာဈေးအတွင်းရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့မှာ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား‌ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းမုန့်ဈေးတန်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းနှင့် မုဒုံမြို့နယ်တာဝန်ခံသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ စာစင်လမ်းမကြီးရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၏ ကျောင်းမုန့်ဈေးတန်းသွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာမုန့်များသန့်ရှင်းလတ်ဆက်မှုရှိ/မရှိစစ်ဆေးခြင်း၊ လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများ စသည့်အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သောစားသောက်ကုန်များကိုစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပြီးနောက် ကုန်အညွှန်;အမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များကိုသာရောင်းချရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရှိ ကျောင်းမုန့်ဈေးတန်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းနှင့် မုဒုံမြို့နယ်တာဝန်ခံသည် (၁၂-၇-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ ဒုံကနီအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိ ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း တားမြစ်ထားသည့်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းပြည့်စုံခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တားမြစ်ထားသောအစားသောက်များကိုရောင်းချခြင်းမပြုရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအသောက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကိုသာရောင်းချကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ထိုင်းဘာသာဖြင့် ဖော်ပြလျက်ရှိသော ပုံစံတူ Sprite အချိုရည်ရောင်းချမှုရှိ/မရှိကို စောင့်ကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း (၂) ဦး၊ အမှတ် (၃)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကန့်ဘလူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ “ဦးကြည်မြင့်” ကုန်စုံဆိုင်နှင့် “ကြံတိုင်းအောင်” စတိုးဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Coca-Colapinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော Sprite® အမှတ်တံဆိပ်နှင့်ပုံစံတူ ထိုင်းဘာသာဖြင့်ဖော်ပြထားသော Sprite®အချိုရည်များကိုရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပြီး ကန့်ဘလူမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသောအချိုရည်များကိုသာရောင်းချရန်မှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊တို င်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၃-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဟောပြောပွဲတွင် (၁၂/၂၀၂၃) ကြိမ်မြောက် Thursday Talk အသိပညာပေးဟောပြောဆွေးနွေးနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်းဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  မုံရွာမြို့နယ်တာဝန်ခံရုံးမှ  ဒေါ်စန်းစန်းဝေ (ဦးစီးမှူး) က “ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအကြောင်း” သိကောင်းစရာများကိုဆွေးနွေးခဲ့ပြီး  ရုံးစာကြည့်တိုက်မှ စာအုပ်များအားဖတ်ရှုပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာပေစကားဝိုင်းဆွေးနွေးပွဲကို အပတ်စဉ် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခြင်း၊ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ  ဒေါ်ကျော့‌ကျော့ခိုင် (ဒု-ဦးစီးမှူး) က  စာရေးဆရာမ မစန္ဒာ၏ "နှင်းဆီဝတ္ထု" စာအုပ်အကြောင်းကိုဆွေးခဲ့ခြင်း၊ ၎င်းအပြင် မုံရွာမြို့နယ်တာဝန်ခံရုံးမှ ဦးမင်းခန့် (ဒု-ဦးစီးမှူး) က စာရေးဆရာဖေမြင့်၏ မရဏနုဿတိစာအုပ်အကြောင်းကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသောဝန်ထမ်းများက သိလိုသည်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၌ စားသုံးဆီံရောင်းချသည့်လုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်ပြီး ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်၊ မင်းရပ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် (၁) ဦးနှင့် အမှတ် (၇) ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် (၂) ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးဆီများဝယ်ယူရရှိမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီများသယ်ယူရာတွင် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသောကုန်စည်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူစားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့်ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်ကိုက်ညီစေရေးအတွက် ဈေးကွက်အတွင်းသို့ဖြန့်ဖြူးခြင်းမပြုမီ ထပ်ပိုးကပ်ခြင်း (သို့မဟုတ်) ထုပ်ပိုးပစ္စည်းအသစ်အသုံးပြုခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်းရှိ အောင်ချမ်းမြေ့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်တို့က စားသုံးဆီများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၌ ရောင်းချသည့်စားသုံးဆီများတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Goody ဟင်းရွက်ဆီများတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များရောင်းချမှုမရှိသော်လည်း ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်အပေါ် တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန် း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်း များကိုသာရောင်းချကြရန်နှင့် မိမိတို့လက်ဝယ်အရောက် လာရောက်ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့က ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးကြပါရန်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ခြေကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ခြေကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာသူကျေးရွာသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ Online မှလည်းတိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်းတိုင်ကြားနိုင်ပါကြောင်းနှင့် Website မှတစ်ဆင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း၊ ဌာန၏ Website မှာ www. doca. gov. mm ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာတာဝန်ခံက ယခုကဲ့သို့ အသိပညာများဟောပြောဆွေးနွေးပေးပါသော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ တက်ရောက်လာသောကျေးရွာသူကျေးရွာသားများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၊ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နံနက် (၀၉:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မြင်းခြံခရိုင်၏ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေ

    မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သောမြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ ကျောက်ကမူများ၊ ညီညာပြန့်ဖြူးမှုမရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါးသောဒေသတစ်ခုဖြစ်ပါသည်။

   မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်စိုက်ပျိုးကြပြီး မေလနှင့်ဇူလိုင်လတို့တွင် ရိတ်သိမ်းပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် မြင်းခြံခရိုင်၏ နွေစပါးစိုက်ပျိုးရန်လျာထားမှုမှာ (၃၀၆၇) ဧကရှိပြီး စိုက်ပျိုးမှုအနေဖြင့်လည်း (၃၀၆၇) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ နွေစပါးရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၁၆၇) ဧကရိတ်သိမ်းပြီးဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ တင်း (၅၇.၃၀) ခန့်ထွက်ရှိကြောင်းနှင့် ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် နွေစပါးစိုက်ပျိုးမှုအနေဖြင့် (၃၂၄၂) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၇.၂၉) တင်းခန့်ထွက်ရှိခဲ့ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်တို့ကို နှိုင်းယှဉ်လျှင် ယခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၁၇၅) ဧကစိုက်ပျိုးမှုလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

     မြို့နယ်အလိုက် နွေစပါးစိုက်ပျိုးမှုများမှာ မြင်းခြံမြို့နယ်တွင် (၁၂၀၉) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၁၆) ဧက၊ ငါန်းဇွန်မြို့နယ်တွင် (၁၀၄၀) ဧကတို့ဖြစ်ပါသည်။ ရိတ်သိမ်းပြီးစီးမှုမှာ ယခုဇူလိုင်လ၊ ဒုတိယအပတ်ထိ မြင်းခြံတစ်မြို့နယ်သာ အနည်းငယ်ရိတ်သိမ်းမှုရှိသေးကြောင်းနှင့် ဈေးနှုန်း၊ ဈေးကွက်မရှိသေးကြောင်း၊ ယခင်နှစ်နွေစပါးပေါ်ချိန်တွင်မူ ဈေးကွက်အဖွင့်ဈေးမှာ တစ်တင်းလျှင် (၈၀၀၀၊ ၉၀၀၀) ကျပ်တို့ဖြင့် စတင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - HighLight News