Main menu

HighLight News

Powered by Drupal

ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးခရိုင်၊ စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ခြင်း၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဦးသန်းစိုး (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး၊ ကျောင်းမုန့်ဈေးရောင်းချသူ (၃) ဦး၊ ဌာနဆိုင်ရာ (၄) ဦး၊ စုစုပေါင်း (၂၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “ထွဋ်ခေါင်မြန်မာ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးမှူး ဦးတင်ချစ်ကောင်းက စားသုံးသူကာကွယ်ရေးအသိပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပါယ်ဖော်ပြချက်နှင့် စားသုံးသူအခွင့်အရေး (၈) ချက်တို့ကို ကျောင်းသား/ကျောင်းသူများနားလည်သဘောပေါက်စေမည့် ဥပမာများဖြင့် ရှင်းလင်းဟောပြောခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေး (၈) ချက်ရှိသကဲ့သို့ တာဝန် (၄) ချက်လည်းရှိပါကြောင်း၊ တာဝန်များကိုလည်းလိုက်နာရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်ပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ပါဝင်ပစ္စည်းများ၊ သုံးစွဲပုံနည်းလမ်းများကို အဓိကထားကြည့်ရှု၍ ဝယ်ယူသင့်ပါကြောင်း၊ ဟောပြောဆွေးနွေးခဲ့သည့်အကြောင်းအရာများကို မိဘ၊ ညီအစ်ကိုမောင်နှမများကိုလည်း ပြန်လည်မျှဝေပေးစေချင်ပါကြောင်း ပြောကြားခဲ့ပြီး  တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/‌ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      ဆက်လက်၍ “ထွဋ်ခေါင်မြန်မာ” ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးဒီးကားက ယခုကဲ့သို့ လာရောက်ဟောပြောပေးခဲ့ခြင်းမှတစ်ဆင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများစွာရရှိမည်လို့လည်းမျှော်လင့်ပါကြောင်း၊ လာရောက်ဟောပြောပေးသည့် တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးသည် မြန်မာကော်ဖီပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူလတ်တို့သည် ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်တွင် E-Virtualစနစ်ဖြင့်ပြုလုပ်သော မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေး ကော်ဖီကိုအဓိကပို့ကုန်တစ်ခုအဖြစ် တင်ပို့နိုင်သည့်အထိဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံအတွင်း ကော်ဖီတိုးချဲ့ စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုးကွင်းဆက်လုပ်ငန်းများဖွံ့ဖြိုးမှုရရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ပျိုးမည့်အခြေအနေနှင့်ပတ်သက်၍ စိုက်ပျိုးရန်လျာထားဧက  (၁) ဧကအတွက် စိုက်ပျိုးပင်ပျိုးထောင်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် စက်မှုဇုန်ဥက္ကဋ္ဌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ စက်မှုဇုန်ဥက္ကဋ္ဌ ဦးလေးကို၊ ဧရာဝတီတိုင်းဒေသကြီး၊း စီမံကိန်းကော်မရှင်တို့နှင့်တွေ့ဆုံခဲ့ပါသည်၊၊

    ထိုသို့တွေ့ဆုံခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးမြင့်ထုတ်ကုန်များကိုထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ပါတင်ပို့နိုင်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးကောင်းမွန်လာကာ အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ခေတ်နှင့်အညီပြောင်းလဲလာသောနည်းဥပဒေများနှင့် လိုက်လျောညီထွေစွာဆောင်ရွက်ပြီး (MSMEs) အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာရန် အရင်းအနှီးနှင့် လိုအပ်ချက်များကိုလည်း ဒေသအာဏာပိုင်နှင့် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

                            

ဧရာဝတီတိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ မိုးစပါးရာသီစိုက်ဧက (၁၂) သိန်းကျော် စိုက်ပျိုးပြီးစီး

   ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် ဆန်၊ စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးစပါးစိုက်ဧက (၃၇) သိန်းကျော်စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသောဆန်များကို ဒေသတွင်းစားသုံးမှုဖူလုံရုံသာမက တခြားတိုင်းဒေသကြီးများနှင့် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိပါကြောင်းသိရှိရပါသည်။      

     (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ မိုးစပါးရာသီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ဧက (၃၇၅၇၄၈၉) ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ဇွန်လကုန်အထိ မိုးစပါးစိုက်ဧက (၁၂၅၈၃၄၇) ဧက၊ ရာနှုန်းအားဖြင့် (၃၃.၄၉%) စိုက်ပျိုးပြီးစီး၍ ကျန်သည့်စိုက်ဧကများကို ဆက်လက်စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ ရာသီဥတုရေမြေ‌ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများကိုတိုးချဲ့စိုက်ပျိုးရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် (၁) ဧကအထွက်နှုန်းတိုးတက်ရေး မျိုးကောင်းမျိုးသန့်များသုံးစွဲရန်တို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ စတိုးဆိုင်များအား (၆-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးအတွက် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုသိရှိလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မုန်မျိုးစုံဆိုင် (၃) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့၊ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ဆန်တန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များကို (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးအတွက် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုသိရှိလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံဆိုင် (၅) ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကုန်မြို့နယ်တို့အတွင်း စားသုံးဆီအမျိုးမျိုးကိုစစ်ဆေး

    (၁၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်မှ နေ့လယ် (၁၅:၃၀) နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေ‌သော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးမော်(ဒု-ကြီးကြပ်ရေးမှူး)နှင့်အတူ တာဝန်ရှိဝန်ထမ်းများက တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးနှင့် ရန်ကင်းမြို့နယ်(စံပြဈေး)အတွင်းရှိ စားသုံးဆီ(အမှတ်တံဆိပ်မျိုးစုံ)ကိုစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈)၊ ပုဒ်မ (41)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

 

သုဝဏ္ဏဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးကိုစစ်ဆေး

   (၁၀-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေ‌သော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) နှင့်အတူ တာဝန်ရှိဝန်ထမ်းများက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးအတွင်းရှိ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံကိုစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈)၊ ပုဒ်မ (၄၁) ရှိ (ခ)နှင့် (ဆ)ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့ရှိ ဈေးကွက်များအတွင်း Sprite အချိုရည်များကိုစစ်ဆေး

   (၅-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်အတွင်းရောင်းချနေ‌သော Sprite အချိုရည်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိနှင့် (CCOBM) ကုမ္ပဏီမှထုတ်လုပ်သော ကုန်အမှတ်တံဆိပ်နှင့်ပုံစုံတူ Sprite အချိုရည်များရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများက ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးတွင်လည်းကောင်း၊ ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများက တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးတွင်လည်းကောင်း၊ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင်လည်းကောင်း၊ Sprite  အချိုရည်ဘူးများကိုစစ်ဆေးခဲ့ရာတွင် တရားမဝင်ရောင်းချနေခြင်းမရှိကြောင်းနှင့် ဆိုင်ခန်း (၁၃) ဆိုင်ကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News