Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရှမ်းပြည်နယ်၏နနွင်းစျေးကွက်အခြေအနေ

ရှမ်းပြည်နယ်၏နနွင်းစျေးကွက်အခြေအနေ

                  ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်လာပါတယ်၊ ပြည်တွင်းသုံးအနေနဲ့သာ အဝယ်ရှိနေ ပြီး သူ့စျေးနဲ့သူတော့ ဝယ်လက်အနည်းငယ်ရှိလာတယ်လို့လည်း သိရပါတယ်၊ ပြည်ပဝယ်လက်ကတော့ အခုထိမရှိသေးပါဘူး၊ မူဆယ်ဝယ်လက်တွေကတော့ စျေးကိုသာမေးပြီး ဝယ်ယူမှုမရှိသေးဘူးလို့လည်း သိရပါတယ်၊ ပြည်တွင်းသုံးအမှုန့်ကြိတ်ဖို့အတွက်ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ အဝယ်ရှိလို့ တပတ်ကိုလည်း ပိဿာချိန်ကရာဂဏန်းခန့်သာ အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်၊ အောင်ပန်း စျေးကွက်မှာသာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေပြီး ဟိုပုံးစျေးကွက်မှာတော့ အရောင်းအဝယ်က မဖြစ်ဘူးလို့လည်းသိရပါတယ်၊ အောင်ပန်းစျေးကွက်မှာတော့ နနွင်းကအရည်အသွေးပေါ်မူတည်ပြီး စျေးကလည်းကွာလာပါတယ်၊ တပိဿာပေါက်စျေးကတော့ ထိပ်စ(မြေနီ)က ၁၇၀ိ/- လတ်စက ၇၀ိ/- ၈၀ိ/-စျေးရှိပြီး ဆင်တောင်နနွင်းက ၂၅၀ိ/-စျေးရှိပါတယ်၊ ဟိုပုံးချင်းကတော့ တပိဿာကို ၂၂၀ိ/- စျေးပေါက်နေပေမဲ့ အရောင်းအဝယ်တော့မဖြစ်ဘူးလို့ ဟိုပုံးချင်းပွဲရုံတွေထံက သိရပါတယ်။

                                                                                                                                                                                                                                             ဧဧခိုင်၊ တောင်ကြီး

 

 

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၈.၅.၂၀၁၈ ရက်နေ့တွင် ရုံးအမှတ်(၅၂)၊စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းနှင့်  ပြည်နယ်မှ တိုင်းဦးစီးမှုးများမှ စားသုံးသူအသိပညာပေးလုပ်ငန်းလုပ်ဆောင်နေသည့် အခြေအနေများ ၊ပြည်တွင်း ကုန်သွယ်မှုအခြေအနေများ၊၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း အမိန့်ကြော်ငြာစာအား အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကျင်းပ 

နေပြည်တော် - မတ်လ ၁၅

            “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး”ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ Horizon Lake View Resort Hotel တွင် ကျင်းပရာ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍အမှာစကားပြောကြားပါသည်။ အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ စားသုံးသူရေးရာအသင်း၊ USAID နှင့် EU-GIZ အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အခမ်းအနားသို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊  စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးနှင့် USAIDအဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို စားသုံးသူများကိုယ်တိုင် မိမိတို့၏အခွင့်အရေးများကို သိရှိရန်နှင့် စားသုံးသူများ၏အခြေခံ အခွင့်အရေးများကို မြှင့်တင်နိုင်ရန်အတွက် တွန်းအားပေးလှုံ့ဆော်သည့်အနေဖြင့် ယခုကဲ့သို့နှစ်စဉ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်း၌ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲစည်းလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် စားသုံး သူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေနှင့်အညီ စားသုံးသူတို့၏အခြေခံအခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊  စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းသည် စားသုံးသူများအပေါ် ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားသည့်ကုန်စည်များကို ထုတ်လုပ် တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများကိုလည်းရရှိစေရန် ဖော်ဆောင်ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ယနေ့အချိန်အခါတွင်  စားသုံးသူများ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း ရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ၏ထိခိုက်နစ်နာမှုများအတွက် အရေးယူဆောင်ရွက်ပေးနိုင်မည့် ယန္တရားများ၊ စနစ်များပေါ်ပေါက်လာစေရေး နှင့် စားသုံးသူများ အသိပညာတိုးတက်စေရန် စဉ်ဆက်မပြတ် ပညာပေးမှုလုပ်ငန်းများသည် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများအနက် အရေးကြီးသော လုပ်ငန်းစဉ်များဖြစ်လာ သည်ကို သိသာထင်ရှားစွာ တွေ့မြင်လာနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းနှင့် USAID အဖွဲ့အစည်း၏ Private Sector Development Activity, Project Director ဖြစ်သူ Mr. Steve Allen Parker တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်ရှိသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Official Websiteလွှင့်တင်ခြင်းစပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည် ထောင်စုဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပါသည်။ ထို့နောက် ဆွေးနွေးပွဲအစီ အစဉ်များကို ဆက်လက်ကျင်းပရာ “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက် ပေး”ဟူသည့် ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်း မြင့်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူ၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပါမောက္ခ ဒေါက်တာအောင်မြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးနှင့် မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ အတွင်း ရေးမှူး ဦးမောင်မောင်တို့က ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဓါတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သော အပင်၊ တိရစာၦန် သန့်ရှင်းရေးနှင့် ရောဂါဘယကင်း ရှင်းရေးဆိုင်ရာ ဓာတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက် မှု စီမံချက်အတွက် အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ပညာရှင်များက ဓါတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အခမ်းအနား

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် အခမ်းအနားအား မန္တလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဌာနဆိုင်ရာများ၏ ပညာပေးပြခန်းများ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၏ အရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခုနှစ် ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်လည်း နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အခမ်းအနား

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ဌာနအကြီးအမှူးများသည် မန္တလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် အခမ်းအနားတွင် ဌာနဆိုင်ရာများ၏ ပညာပေးပြခန်းများ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၏ အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။ 

ပုဂံမြို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကို တောင့်တင်းခိုင်မာစေခြင်းအတွက် စားသုံးသူ ဝန်ဆောင်မှုတိုင်ကြားချက်များ ကို စိစစ်ကိုင်တွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ပုဂံမြို့တွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကို တောင့်တင်းခိုင်မာစေရန်ရည်ရွယ်ပြီး စားသုံးသူဆိုင်ရာ ဝန်ဆောင်မှုတိုင်ကြားချက်များကို စိစစ်ကိုင်တွယ် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူ ရေးရာဦးစီးဌာနနှင့် USAID တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဝန်ဆောင်မှုကဏ္ဍမှာ စားသုံးသူများရဲ့ အခွင့်အရေးတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အလေ့အထကောင်းများကို လေ့လာမှုမှတစ်ဆင့် မိမိတို့ နိုင်ငံသားပြည်သူများအတွက် လက်တွေ့အသုံးချနိုင်ပြီး အကျိုးကျေးဇူး ဖြစ်ထွန်းစေမယ့်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်ပဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်(ရုံးချုပ်)၊ အထက်မြန်မာပြည် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဦးစီးရုံးများမှ တာဝန်ရှိသူများ အပါအဝင် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး USAID မှ Private Sector Development Activity, Senior Technical Advisor ဖြစ်သူ Ms.Jaleen Moroney မှ ဝန်ဆောင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေးနှင့်ပတ်သက်၍ Asian Development Bank-ADB ကိုယ်စားလှယ် ကို လက်ခံတွေ့ဆုံ

ယနေ့နံနက် ၁၁ နာရီ အချိန် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၊နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး သည် ADB ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၍ အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေး နှင့် ပတ်သက်သော ဌာနက လက်ရှိ ဆောင်ရွက်မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် အာရှဖွံဖြိုးရေးဘဏ်(ADB) နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ