Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှောဖလှယ်ပွဲကို Online စနစ် ဖြင့် ကျင်းပပြုလုပ်

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန် အရည်အသွေးပိုမိုကောင်းမွန်ရေးနှင့် နိုင်ငံတကာဈေးကွက် နှင့် ဈေးနှုန်းရရှိစေရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက် ရေးနှီးနှောဖလှယ်ပွဲကို ၃၀.၉.၂၀၂၀ ရက်နေ့တွင် Online စနစ် ဖြင့် ကျင်းပခဲ့ပါသည်။

            မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များ စသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး ကဏ္ဍအလိုက် ပူးပေါင်း အဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်မားလာစေရေးအတွက် အမျိုးသား အဆင့် ပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနဲ့ အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈) ခု သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာမှာ ရော်ဘာကဏ္ဍဟာလည်း ဦးစားပေးကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါကြောင်း၊ မြန်မာ့ ရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင် ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊  မြန်မာ့ရော်ဘာ ထုတ်လုပ်တင်ပို့ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ အတားအဆီးများကို Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူ များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာနှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက်ဈေးကွက်ရရှိမှုနှင့် ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

            ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင်များက စာတမ်းဖတ်ကြားခြင်း၊ ရော်ဘာ စိုက်ပျိုးတောင်သူများ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ရေတိုရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါ သည်။

ITQM

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက နေ့စဉ်တွက်ချက်ရမည့် ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့် ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား သက်တမ်းတိုးမြှင့်ခြင်းညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အောက်ပါ file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

         ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂) ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ  အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ ၁၁.၉.၂၀၂၀ ရက်နေ့တွင် အဆောက်အအုံ တခါးပေါက်များ သံပန်းတပ်ဆင်ခြင်းနှင့် ရုံးဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းပမာဏ၏ ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ရေဦးမြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၁၁.၉.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေဦးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့စသည့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အလှကုန် အရောင်းဆိုင်များတွင် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များနှင့် မိခင်နို့အစားထိုးကုန်စည်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ မှတ်တမ်းတင်ထားသော အမှတ်တံဆိပ်များအား sticker ကပ်ပြီးမှသာ ရောင်းချရန်ဆိုသည့် ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/ မရှိနှင့်  စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပြည်မြို့ ၊ နဝဒေးတံတား COVID-19 စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ၁၉.၉.၂၀၂၀ ရက်နေ့ တွင် ပြည်မြို့၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ် Coronaviurs Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း  စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show များပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပါဝင်သည့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်ငူခရိုင်၌ ၁၆.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင်လည်းကောင်း၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၁၈.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်းကောင်း၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၂၁.၉.၂၀၂၀ ရက်နေ့ နေ့လယ် (၂းဝဝ)နာရီတွင်လည်းကောင်း သက်ဆိုင်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၏ လူထုအခြေပြုဗဟိုခန်းမများတွင် အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။ 

အဆိုပါ မိနစ်(၂၀)စာ Talk Show  အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားရန် CICC ဖွင့်လှစ်ထားရှိမှုများ၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားကြပါသည်။

Online ဖြင့် အသိပညာပေးခြင်းသည် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့် အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်များကို သက်ဆိုင်ရာ မြို့နယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ IPRD Page များတွင် လွှင့်တင်ပေးထားကြောင်း သိရှိရပါသည်။

 

DOCA Myanmar mobile application နှင့်ပတ်သက်၍စားသုံးသူပြည်သူများသို့ အသိပေးကြေညာခြင်း

       စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (upgrade consumer complaint system) အား ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၁ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။

     ဌာန၏mobile application ဖြစ်သော DOCA Myanmar mobile application ကိုလည်း ဖော်ပြပါစနစ်အသစ်ဖြင့် အသုံးပြုနိုင်ရေး version အသစ်ရေးဆွဲထားရှိပါသည်။ သို့ပါ၍ စားသုံးသူပြည်သူများအနေဖြင့် version အသစ်ရေးဆွဲထားသော DOCA Myanmar mobile application ကို အသုံးပြုကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအသိပေး အပ်ပါသည်။

          version အသစ်ဖြင့်ရေးဆွဲထားသော DOCA Myanmar mobile application အား https://www.doca.gov.mm/ Website တွင် လည်းကောင်း၊ google play store တွင် လည်းကောင်း အခမဲ့ download ရယူနိုင်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စားသုံးရေးရာဦးစီးဌာန၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။

 ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် COVID-19 ကြောင့် မိမိတို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်သည့်အပြင် တစ်ဦးချင်းအနေနဲ့လည်းလိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မလိုအပ်ဘဲအပြင်မထွက်ရန်လိုအပ်ကြောင်း၊ တာဝန်အရထွက်ရပါကလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့် အညီလိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိမိဌာန၏ လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင်လည်းပူးပေါင်းဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာတဲ့အတွက် လူဝင်/ထွက်မှုအား ကန့်သတ်တားဆီးမှုများရှိသည့်အတွက် ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးနှင့်ကျန်းမာရေးသုံးပစ္စည်းများအား ဖြစ်သင့်သည့် ဈေးထက်မြင့်တက်ရောင်းချမှုများကိုလည်း စစ်ဆေးဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆေင်ရွက်သွားရမှာဖြစ်ကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာ၊ ဆန်နှင့်ဆီ ဝယ်ယူသိုလှောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

ရုံးချုပ်အနေနဲ့လည်းလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲများကို Online မှ ဆောင်ရွက်လျက်ရှိကြောင်း၊ Online မှ ညှိနှိုင်းဆောင်ရွက်မှု့များသည် COVID-19 ကပေးတဲ့ New Normal အခြေအနေဖြစ်ပါကြောင်း၊ လုပ်ငန်းများကို New Normal အရ အရှိန် အဟုန်မပျက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ၊ စားသုံးသူ သက်သာချောင်ချိရေးလုပ်ငန်းများ၊ အရေးပေါ်ရိက္ခာဆန်နှင့် ဆီသိုလှောင်မှုအခြေအနေများ၊ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့မှ ဆန်စပါးဝယ်ယူသိုလှောင်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်မှုအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကဏ္ဍအလိုက်ဇုန်များ၊ အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သည့်လုပ်ငန်းများ၊ COVID-19 အလွန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုပ်ငန်းများဆောင်ရွက်နေမှုများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်မှ ပြန်လည်ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ထပ်မံဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)

COVID-19 ကာလအတွင်း Mask များ ရောင်းချခြင်း နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သို့ တိုက်တွန်းနှိုးဆော်ခြင်း

    စီးပွားရေးလုပ်ငန်းရှင်များသည် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် ဉပဒေ၊ စည်မျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် အရေးကြီး အသုံးများသော Mask များဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ပစ္စည်း ပြတ်လပ်မှု မရှိစေ ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။

တစ်ဖက်တွင်လည်း စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဈေးကွက်အတွင်း အရည်အသွေးမီ Mask များအား သင့်တင့်သည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း၍ တရုတ်နိုင်ငံ FDA အသိအမှတ်ပြု Mask များစွာ ဝယ်ယူတင်သွင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံ အရေးကြုံ လိုအပ်နေသော အချိန် တွင် တည်ငြိမ်သော ဈေးနှုန်းများဖြင့် တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရန် လိုအပ်ပါသဖြင့် အောက် ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်-

(က)    ဈေးကွက်အတွင်း ကုန်စည် ဝယ်လိုအား များပြားလာမှုကို အခွင့်ကောင်းယူ၍ မလျော်ကန် သော ဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချခြင်း မပြုရန်၊

(ခ)     စံချိန်၊ စံညွှန်းနှင့် အရည်အသွေး မမီသော၊ လုံခြုံစိတ်ချရမှု မရှိသော Mask များကို ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊

(ဂ)     ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရန် သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ကုန်စည် သိုလှောင် ခြင်းများ မပြုလုပ်ရန်၊

(ဃ)    ကုန်စည် ပြတ်လပ်မှု မရှိစေရန်အတွက် ပုံမှန်တင်သွင်းခြင်း၊ ပုံမှန်ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူး ရောင်းချခြင်းများ ဆောင်ရွက်ရန်၊

(င)     Mask များအား လက်ကားဖြန့်ချိရာတွင် ဈေးနှုန်းနှင့်အရည်အသွေး မှန်ကန်စွာဖြင့် ဖြန့်ဖြူး ရောင်းချရန်၊

(စ)     လုပ်ငန်းရှင်များအနေဖြင့် Mask များ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊ သိုလှောင်မှုများ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဉပေဒ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ အရေးယူ သွားမည်ဖြစ်ပါကြောင်း နှင့် စားသုံးသူများ နစ်နာမှု မရှိစေရေး၊ မိမိတို့၏ လုပ်ငန်းများ ရေရှည် လည်ပတ်ဆောင်ရွက်သွားနိုင်ရေးတို့အတွက် စားသုံးသူ ကာကွယ်ရေး ဉပဒေ အခန်း (၁၀)၊ ပုဒ်မ ၂၁ နှင့်အညီ လုပ်ငန်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်။

စားသုံးသူရေးရာဦးစီးဌာန

ဖရူဆိုမြို့ပေါ်ရှိကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ၂၀၁၉စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ( ၁ )ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနှင့်အခြေခံစားသုံးကုန်အမျိုးမျိုးအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူး ခြင်းရှိ/မရှိကို ဖရူဆိုမြို့နယ်ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဖရူဆိုမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ Covid ကာလအတွင်း အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အားဆေးများ၊ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask၊ Hand Gel အမျိုးမျိုးကို ဝယ်လိုအား ပုံမှန်အတိုင်းသာရှိကြောင်း၊ အခြေခံစားသုံးကုန် ရောင်းချသောဆိုင်များ၌လည်း လက်ရှိကာလတွင် ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချနေကြပြီး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကုန်စည်များအပေါ် တားမြစ်မိန့် ထုတ်ပြန် ခြင်းအမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)အား လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၂။       ဆက်လက်၍ ဖရူဆိုမြို့ လူငယ်ရိပ်သာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဖွင့်လှစ်သော လူသုံးကုန်ပြုလုပ်နည်း လက်တွေ့လုပ်ငန်းခွင်သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြို့ရီက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ကြရန် သင်တန်းသူ/သားများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ