Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ တွံတေးမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာဈေးအတွင်း စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်ကြီးများ ဈေးအတွင်း/အပြင် စားအုန်းဆီရောင်းချဖြန့်ဖြူးပေးလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူများအလွယ်တကူဝယ်ယူရရှိနိုင်ရန်နှင့် ရည်ညွှန်းဈေးအပေါ် သတ်မှတ်ထားသည့် အမြတ်(၂)ရာခိုင်နှုန်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မားမှုဖြင့် ထပ်ဆောင်းရောင်းချမှုများ ရှိ/မရှိ မေလ(၂)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က တွံတေးမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးပေးလျက်ရှိသော ကိုယ်စားလှယ်ဆိုင်ကြီးများနှင့် စားအုန်းဆီ ရောင်းချ နေသည့် ကုန်ခြောက်ဆိုင်များအား စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာ အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရည်ညွှန်းဈေးအပေါ် သတ်မှတ်ထားသည့်အမြတ်(၂)ရာခိုင်နှုန်း၊ မိမိဒေသအရောက် သယ်ယူပို့ဆောင်မှုစရိတ်တို့ဖြင့်  ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူး ရောင်းချနေမှုရှိ/မရှိနှင့် ဝိသမလောဘစောဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားခြင်းများမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်မှုများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီ ရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်များတွင် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား မေလ(၃)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုစိစစ်ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စားအုန်းဆီကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်း ကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေး၊ ရောနှောဆီများဖြင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး၊ စားအုန်းဆီများ တရားမဝင်သိုလှောင်ထားရှိမှုများ မရှိစေရေး၊ ရရှိသည့်ခွဲတမ်းများအလိုက် အခြေခံလက်ကား ရည်ညွှန်းဈေးအား မိမိတို့ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းထက်အမြတ်မပိုသော ဈေးနှုန်းဖြင့် မိမိတို့အနေဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီး စားအုန်းဆီရောင်းချနေမှု အခြေအနေအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

“ ဒလမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးလျှက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်ကြီးများအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် အခက်အခဲမရှိ အလွယ်တကူဝယ်ယူနိုင်စေရန်အတွက် ဈေးအတွင်း/အပြင် ရပ်ကွက်ကျေးရွာများသို့ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအား မေလ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ခရေလမ်း၊ အမှတ်(၉၄၃)၊ ကမာကဆစ်ရပ်ကွက် စားအုန်းဆီကိုယ်စားလှယ် ဒေါ်ဇင်ညိုလတ်ဆီဆိုင်တွင် စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် မိမိတို့မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သတ်မှတ်ခွဲတမ်းများခွဲဝေရရှိပြီးဖြစ်၍ ရရှိသည့် ခွဲတမ်းများအတွက် သတ်မှတ်ထားသည့်အခြေခံရည်ညွှန်းဈေးအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချကြရန် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ ဆောင်စရိတ်များဖြင့် အမှန်တကယ်ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိ၊ ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင် မရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရာမဝင်သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ ပြုလုပ်မှုများအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်အတွင်း စည်ပင်သာယာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များ စစ်ဆေးခြင်း

   စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးမြသန်းနိုင် (လက်ထောက်ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ စားအုန်းဆီအသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးမျိုးဇော်ထူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၃.၅.၂၀၂၄ ) ရက်နေ့ ၊နေ့လယ် (၁၅း၃၀)နာရီအချိန်တွင် ဆီကိုယ်စားလှယ်ဦးချစ်ကိုမှ တဆင့်ပြန်လည်ခွဲဝေဖြန့်ဖြူး ရောင်းချပေးသည့်   တာမွေမြို့နယ်၊ တာမွေရာပြည့်ဈေး၊ တာမွေယာယီဈေး၊ ဒဂုံညွန့်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင် (၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     ဆက်လက်၍ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ / မရှိ၊ သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်း များအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှု အခြေအနေ၊ ပြည်သူများထံအပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားသုံးဆီ များသို လှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ /မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးနှင့်၊တောင်ညွန့်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များ စစ်ဆေးခြင်း

      စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ စားအုန်းဆီအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးမျိုးဇော်ထူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေး စည်ပင်သာယာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၃.၅.၂၀၂၄ ) ရက်နေ့၊နေ့လယ် (၁၂း၃၀)နာရီ အချိန်တွင် ဆီကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးမှ တဆင့်ပြန်လည်ခွဲဝေဖြန့်ဖြူးရောင်းချပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးနှင့်၊ တောင်ညွန့်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင် (၉)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ / မရှိ၊ သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်း များအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ /မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံမြို့သစ်ခရိုင်၊တောင်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များ စစ်ဆေးခြင်း

    စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂.၅.၂၀၂၄ ) ရက်နေ့၊နေ့လယ် (၁၅း၃၀)နာရီအချိန်တွင်  တောင်ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး၊ ရုံ(ဃ)(၂၀)ရပ်ကွက်အတွင်းရှိ စားသုံးဆီ ရောင်းချမှု ပြုလုပ်နေသော ဆီကိုယ်စားလှယ် ဦးဇော်လင်းထွန်းဆိုင်နှင့် ဗဟိုစည်ဈေး၊ ရုံ(ဆ)(၅၁/၅၂)၊ (၇၁) ၇ပ်ကွက်အတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ဆီကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     ခရိုင်ဦးစီးမှူးသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ / မရှိ၊ သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်း များအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူ များထံအပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသို လှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့ တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ /မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရတနာဈေးရှေ့ရှိ ရွှေမြင့်မိုရ်စားအုန်းဆီအရောင်းဆိုင်သို့ သွားရောက်စစ်ဆေးခြင်း

  စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် (၂.၅.၂၀၂၄ ) ရက်နေ့ ၊နေ့လယ် (၁၅း၀၀)နာရီ တွင်  ဒေါပုံမြို့နယ်၊ ရတနာဈေးဈေးအရှေ့ရှိ စားအုန်းဆီ လက်လီ / လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ်ဦးမောင်မောင်တင်၊ ဆိုင်အမှတ် (၂၆၁) အောင်သစ္စာလမ်း၊ ဇေယျာသီရိရပ်ကွက်ရှိ(‌ရွှေမြင့်မိုရ်) အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး ထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ / မရှိ၊ သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန်ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးနှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို ကွင်းဆင်းစစ်ဆေး/အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးဈေးအတွင်းရှိ ဦးညွန့်ဟန်စားအုန်းဆီအရောင်းဆိုင်သို့ သွားရောက်စစ်ဆေးခြင်း

   စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်နီနီတိုး(စာရင်းကိုင်-၃)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂.၅.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီတွင်   ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီကိုယ်စားလှယ် ဦးညွန့်ဟန်၊ဆိုင်အမှတ်(ဂ/ ၅-၆) အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး ထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ / မရှိ၊ သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန်ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးနှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များစစ်ဆေးခြင်း

     စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေး အဖွဲ့မှတာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၂.၅.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ဆီကိုယ်စားလှယ်များဖြစ်သော ဦးဉာဏ်ထွန်းဆိုင်၊ ဦးအောင်ကြည်ဆိုင်၊ ဦးအောင်မြတ်မိုး အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းဖြင့်အမြတ်တင်ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည် ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားသုံးဆီများသို လှောင်ထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

“ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

       ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား (၂၄-၄-၂၀၂၄)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆေးဆိုင်များသို့ကွင်းဆင်း၍ ကျန်းမာရေးဦးစီးဌာနမှချမှတ်ပေးသော  စည်းကမ်းများအတိုင်းရောင်းချကြရန်နှင့် ပိုးသတ်‌ဆေး၊ သောက်ဆေး၊ ထိုး‌‌ဆေးများအား ပြည်သူများအား အလွယ်တကူရောင်းချခြင်းမပြုကြရန်နှင့် ဆရာဝန်ထောက်ခံချက်လက်မှတ်ပါမှသာ ရောင်းချပေးရန်ရှင်းလင်းပြောကြားခဲ့ပါသည်။ မိမိတို့ဆေးဆိုင်မှ ဝယ်ယူတင်သွင်းသော ဆေးအမျိုးအစားအလိုက်နှင့် ဆေးကုမ္ပဏီအမည်၊ တစ်ရက်ရောင်းချနိုင်မှုဆေးအမျိုးအစား၊ ဆေးလက်ကျန်စာရင်းများအား လယ်ဂျာစာရင်းထားရှိ၍ လကုန်ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပေးပို့ပေးရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ငန်းလိုင်စင်သတ်တမ်းကုန်သော ဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုးရန်မှာကြားပြီး စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကလည်း ပြည်သူများလက်ဝယ်သို့ သင့်တင့်သောစျေးနှုန်းများဖြင့်ရောင်းချပေးရန်နှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်(၁၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ