Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီ လက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ ခွဲဝေရရှိသော စားအုန်းဆီများကို ဦးထင်ကျော် (ကိုယ်စားလှယ်)မှ စားသုံးသူပြည်သူများအား လက်လီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ရာ စားအုန်းဆီများ လက်လီရောင်းချနေသော ဆိုင်များတွင် သတ်မှတ်ဈေးနူန်းအတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ ၊ ခွဲဝေရရှိသည့် အရေအတွက်အတိုင်း ရောင်းချပေးခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနူန်းနှင့် ခွဲဝေရရှိသည့် အရေအတွက်အတိုင်း ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ ပလတ်စတစ်လျော့ချရေး Campaign နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးတွင် (၆.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် ပူးပေါင်း၍ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအသိပညာပေး Campaing နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌  ဈေးကွက်အတွင်း ရောင်းချနေသော ကုန် စည်များတွင် ပါဝင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာ ဖြင့် မဖြစ်မနေ ပါဝင်ဖော်ပြရမည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြကာ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ဖော်ပြကြရန်၊ မြန်မာဘာသာဖြင့် မဖြစ်မနေပါဝင်ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချ ကြရန်နှင့် စားသောက်ကုန်မျိုးစုံထုတ်လုပ် ရောင်းချဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည်တို့ ကို သိရှိကြရန်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် မိတ်ဖက်ဌာနအဖွဲ့ များသည် စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် ၈.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ မြှင့်တက်လျက်ရှိသည့်အတွက် ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနူန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများ မရှိပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်​​​​​ပြန်ဆက်တို့နှင့်  ပူးပေါင်း၍ ဘီးလင်း မြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘီးလင်းမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများ မရှိပါကြောင်း တွေ့ရှိရသည်။

DOCA(မွန်)

ချောက်မြို့မစျေး၌ ပလတ်စတစ်လျှော့ချရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ အနော်ရထာတံတားဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်ရှိ မော်တော်ကားများပေါ်တွင် (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မော်တော်ယာဉ်အဝင်/ အထွက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အနော်ရထာတံတားဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

      မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၉)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၁၇)ကြိမ် လျာထားချက်ထက်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မကွေး/ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

      မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်၌ (၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၂)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၂)ကြိမ်၊ ချောက်မြို့နယ်၌ (၂)ကြိမ်၊ ရေနံချောင်း မြို့နယ်၌ (၂)ကြိမ်၊ စုစုပေါင်း(၁၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မကွေးမြို့ ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော ဆေးဝါးများ၊ တရားမဝင်တင်သွင်းလာသောဆေးဝါးများနှင့် သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံက ဆေးဆိုင်များရှိ အရောင်းဝန်ထမ်းများအား မိမိတို့တာဝန်ယူရောင်းချရသည့် ကောင်တာအလိုက် သက်တမ်းလွန်ဆေးဝါးများမရှိစေရေး အမြဲတမ်းစစ်ဆေးကြရန်နှင့် သင်္ကြန်ကာလအတွင်း ဆေးဆိုင်များမပိတ်ရန်၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူမြို့တွင် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစိစစ်

       ၂၀၂၄ခုနှစ်၊ မေလ ၇ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှု အခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

     ထိုသို့စားအုန်းဆီရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း၊ ငွေကျပ်အားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူ (၁၉၇၇)ဦးအတွက် စားအုန်းဆီ ၁၉၇၇ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ