Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုန့်အမျိုးမျိုးထုတ်လုပ်မှု ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စီးပွားရေးလုပ်ငန်းရှင်များ သိကောင်းစရာ တာဝန်များနှင့် စပ်လျဉ်း၍ ဟောပြောပွဲ ကျင်းပ

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည်  စားသုံးသူ ပြည်သူများမှ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ရေး၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေရေး တို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၁၇)ရက်နေ့၌  ပဲခူးတိုင်းဒေသကြီး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၌ စီးပွားရေးလုပ်ငန်းရှင်များ သိကောင်းစရာတာဝန်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာများကို   အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ဥပဒေ မူဘောင်အားကောင်းစေရေးအတွက် ကော်မရှင်ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကော်မတီဖွဲ့စည်း ထားရှိမှုအခြေအနေများ ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊   စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အပိုင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၊ ထုတ်ကုန်လုံခြုံစိတ်ရမှုဌာနခွဲတာဝန်ခံမှ ကုန်စည် ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်များ ၊ ကုန်ညွှန်းအမှတ်အသားများကို စိစစ်ပြန်ကြားပေးနေမှု အခြေ အနေများ ၊  စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်နှင့် လိပ်စာ၊ ကုန်ညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဥပဒေအရချမှတ်နိုင်သည့် ပြစ်မှု ပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့အား အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးရေးရာဦးစီးဌာန

 ပဲခူးတိုင်းဒေသကြီး

တောင်ကြီးမြို့တွင် ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

                   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၂.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ  အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူး ရန်နှင့် ကုန်စည်ပေါ်တွင် မြန်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

 

 

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂)အစည်းအဝေးကျင်းပပြုလုပ်

              ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)အချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

              အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဉီးခွန်သိန်းမောင်၊ ဒုတိယဥက္ကဌ၊ ပြည်နယ်သယံဇာတ ဝန်ကြီးဉီးစိုင်းလိတ်နှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စားသုံး သူရေးရာဉီးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဒုတိယပြည်နယ်ဉီးစီးမှူးရုံး(ကျိုင်းတုံ)နှင့် ဒုတိယပြည်နယ်ဉီးစီးမှူးရုံး(လားရှိုး)၊ ခရိုင်ဉီးစီးမှူးရုံးများဖြစ်ကြသော (လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ်)များမှလည်း Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါတယ်။                                

              အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဉီးခွန်သိန်းမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာဉီးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဉီးတင့်လွင်ဉီးက(၁/၂၀၂၂)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၆ :၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

        (၁၀.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဟော ပြောပွဲသို့ ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၁၁၆)ဦးနှင့် မုန့်ဈေးဆိုင်ပိုင်ရှင် (၁၉)ဦး တက်ရောက်ခဲ့ပါ  သည်။

          ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ(လက်ထောက်ညွှန်ကြားရေးမှူး)က အဖွင့်အမှာစကား ပြောကြားပြီး ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို မဝယ်ယူမီ စစ်ဆေးကြည့်ရှုရမည့် သိသင့် သိထိုက်သည့်အချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျောင်းသား/သူ များနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

          ယင်းနောက် စားသုံးသူများသည် ကုန်စည်(သို့) ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် နစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC) တွင် တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ CICC မှ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံသော “ကုန်စည်” (သို့) "ဝန်ဆောင်မှု” များကိုသာ ရွေးချယ်ကြရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဆက်စပ်ဌာနများ၏ ထုတ်ပြန်ချက်များတွင်ပါရှိသော စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများအား ရှောင်ကြဉ်သင့်ကြောင်း စ သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး စာအုပ်/စာစောင်များကို ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ကျောင်းသား/ သူများအား ဖြန့်ဝေ ပေးခဲ့ပါသည်။

DOCA(ရှမ်း)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တောင်ကြီးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ဒေါ်စောယုထွေး(ဦးစီးမှူး)မှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉) စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားရမည့်ပုံစံနည်းစနစ်များကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားသို့ တောင်ကြီးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ (၂၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မအူပင်မြို့ ဈေးကွက်အတွင်းတွင် Gano အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်စာ အမည်တူ တရားမဝင်ထုတ်ကုန် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂)ရက်နေ့တွင် မအူပင်မြို့နယ် ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေသော ကုန်ပစ္စည်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့စစ်ဆေးရာတွင် မအူပင်မြို့ ဈေးကွက်အတွင်းရှိ ဆိုင်(၁၄)ဆိုင် တွင် ရောင်းချနေသော ကုန်စည်များတွင် Gno အမှတ်တံဆိပ်ဖြင့် ကော်ဖီ(3 In 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို တရားမဝင်တင်သွင်းကုန်စည်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင်တင်သွင်း ကုန်စည်များ ရောင်းချခြင်း မရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

            ဆက်လက်၍ မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦးမှ ရောင်းချနေသော ဆိုင်ရှင်များအား မလေးရှားနိုင်ငံ Gno Excel Industries SDN. BHD မှ အစားအသောက်လူသုံးကုန် ဖြည့်စွက် အစားအစာများကို တစ်ဦးတည်းကိုယ်ပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီးတရားဝင် ရောင်းချလျှက် ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ နှင့် ကုန်အညွှန်း အမှတ်အသား များလည်းကိုက်ညီမှု ရှိပါသော ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိသည့် Gnoအမှတ်တံဆိပ် ကော်ဖီ(3 In 1) သွားတိုက် ဆေးနှင့် ဖြည့်စွက်အစားအစာများကို  လူသုံးကုန်၊ စားသောက်ကုန်စည်ကိုသာ ဦးစားပေးရောင်းချရန် ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် မြို့နယ် သင်ဖျာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး တွေ့ဆုံဆွေးနွေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံး၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၁ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် သင်ဖျာ လုပ်ငန်းရှင်(၂၀)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ပေးရေးပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ ဥပဒေများအကြောင်းကို ရှင်လင်းဆွေးနွေးပြီး၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှု အပေါ် စားသုံးသူ၏ တောင်းဆိုနိုင်သည့် အခွင့်အရေး အခန်း(၁၇) ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု စပ်လျဉ်းသည် ကိစ္စရပ်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

              ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိဝန်ထမ်းများသည် ၁9.၆.၂၀၂၂ ရက်နေ့၊ နံနက် (၁ဝ:ဝဝ) နာရီအချိန်တွင်  စားသုံးသူ ပြည်သူများကို ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချလျက်ရှိသော ဆီဆိုင်များသို့ အများပြည်သူများ ဝယ်ယူနေမှုနှင့် ဆီဆိုင်များမှ ဆီရောင်းနေမှုအခြေအနေများကို ရှောင်တခင်သွားရောက်ကြည့်ရှု စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ် နတ်ပေး အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၁.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန် တွင် ညောင်တုန်းမြို့နယ် နတ်ပေး အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာ၌ တက်‌ရောက်သူကျောင်းသားများအနေဖြင့် စားသုံးသူများလိုက်နာသင့် အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် အချက်များကို သေချာစွာ လေ့လာမှတ်သားထားကြရန် အလေးပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ လုပ်ငန်းရှင်များ လေးစားလိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူရာတွင် စိတ်ကျေနပ်မှု မရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုက်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/သူများကလည်း သိရှိလိုသည်များမေးမြန်ကြ၍ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးတက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

"စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း"

      ချင်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဟားခါးမြို့ပေါ်ရှိ  နီနီစတိုး၊  စေတနာစတိုး၊  station store၊  ငြိမ်းစတိုး၊ ဒွေးသဲ စတိုး၊ Ellen စတိုး စသည့် စတိုးဆိုင်များကို ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

      အဆိုပါစတိုးဆိုင်များတွင် (expire date )သက်တမ်းကုန် ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုနှင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများကို အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိမရှိ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲပြ ဿနာများကို သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

 

DOCA(ချင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ