Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူခရိုင်၊ ပေါက်မြို့အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ရည်ရွယ်၍ ဇွန် (၁၆)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် တိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပေါက်မြို့နယ်တာဝန်ခံ ဦးကျော်စိုးသည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ ပေါက်မြို့တွင်းရှိ ကုန်စုံဆိုင်တို့တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          စားသောက်ကုန်ရောင်းချသူဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရ မည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊  မိမိရောင်းချသည့် ကုန်စည်နှင့် ပတ်သက်၍လည်း  ဘေးအန္တရာယ်ကင်းရှင်းမှုကို အာမခံမှုပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူ အနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေး ရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေး ကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

ညောင်တုန်းမြို့နယ် အ.ထ.က (၁) စာသင်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညောင်တုန်း အ.ထ.က(၁) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။ 

             အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိတ်ဖက်ဌာနဖြစ်သော ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးနှင့် သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်နှင့်  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ လုပ်ငန်းရှင်တို့၏ တာဝန်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့်  ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများအကြောင်းသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန့််ရှင်းလင်း ဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ စုစုပေါင်း(၂၄၀) ဦး တက်ရောက်ခဲ့ပြီး နေ့လယ် ၁:၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင်သည် (၂၁.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် တကောကျေးရွာ ဓမ္မာရုံ၌ မုန့်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် တက်ရောက်လာကြသော မုန့်မျိုးစုံရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ၂၀၁၉ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန််များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်    တက်ရောက်လာကြသော   မုန့်မျိုးစုံဆိုင်ပိုင်ရှင်များမှ    သိရှိလိုသည်များအား မြို့နယ်တာဝန်ခံမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)သည် ၂၂.၆.၂၀၂၂ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ဦးအောင်မြင့်မြတ် က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်ပြည့်စုံစွာရရှိနိုင်စေရန် ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်သည့် သတင်းအချက်အလက်များအားသေချာစွာဖတ်ရှု့ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၁.၆.၂၀၂၂) ရက်နေ့ နေ့လယ်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ မုန့်မျိုး စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့၊ ဗိုလ်ချုပ်ဈေးရှိ မုန့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရှင်များအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် ကုန်မျိုးစုံဆိုင်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ    ဦးမြင့်ဌေးသည်  (၂၁.၆.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် အမှတ်(၆) ရပ်ကွက် ဘုရားလမ်း ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်(၆)ရပ်ကွက်၊ ဘုရားလမ်းရှိကုန်မျိုးစုံ   ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉  ပါပြဌာန်းချက်များအရ စားသုံးသူ၏ အခွင့်    အရေးနှင့်တာဝန်များ ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ တားမြစ်ချက်များ၊   ပြစ်မှုပြစ်ဒဏ်များ    စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မည်သည့်   စီးပွားရေးလုပ်ငန်းရှင်မဆို (ပုဒ်မ ၄၁) ပုဒ်မ ခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ    ရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍     တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်    အညီလိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရှင်များအားရှင်းလင်းမှာကြားခဲ့ကြောင်း    သိရှိရပါသည်။      

DOCA(ဧရာဝတီ)

ပျူမြို့ဟောင်းနယ်မြေတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ပျူမြို့ဟောင်း၊ မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာရှိ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် (၁၈.၆.၂၀၂၂) နေ့လည် (၁၂:၀၀)နာရီမှ (၁၆:၀၀)နာရီ အချိန်အထိ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူ (၁၁၂)ဦးအား ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသလို စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းကလည်း မိမိတို့ဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသော စားသုံးသူရေးရာကိစ္စရပ်များနှင့် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          စားသုံးသူရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းပြီးစီးမှု၊ စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် CICC ဖုန်းနံပတ်များကို ဆွေးနွေးပြောကြားခဲ့သလို ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အခြေခံကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုအခြေအနေများ၊ အစုအဖွဲ့၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများအား Power Point ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ် အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွား ရောက်၍ ကွင်းဆင်း စစ်ဆေးရာ ဆီကုန်သည်ကြီးများအသင်းမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းခွဲများသို့ ဖြန့်ဖြူးရောင်းချထားသော စားအုန်းဆီများကို သက်ဆိုင်ရာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်တွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချပေးမှု ရှိ/မရှိနှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

 DOCA(ပဲခူး)

ရေတာရှည်မြို့ မူလွန်(ဝါးတောကြီး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ နယ်၊ ဝါးတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြီး ကလေးငယ်များ ဗဟုသုတဖြစ်ဖွယ်ရာပုံပြင်များကို အဖွဲ့ဝင်များက သရုပ်ဖော်တင်ဆက်ပေးပါသည်။

              ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်သည့်အကြောင်းများ၊ ရက်လွန်မုန့်များကို ဝယ် ယူစားသောက်ခြင်းမပြုသင့်ပုံများကို ဟောပြောခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၈) ဦးနှင့် ကျောင်းသားကျောင်းသူ (၁၀၇)ဦး စုစုပေါင်း (၁၁၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ အထက(၃)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် တိုင်းရင်းဆေးအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၀၀ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲ အပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ