Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်ဦးစီးမှူး အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်းသင်တန်းတွင် အဖွင့်အမှာစကားပြော

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါက်တာနေစိုး၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည့် အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်း သင်တန်းတွင် သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

              စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့် အရေး ၈ ရပ်တွင် စားသုံးသူသည် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များ အပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်း စွာ အသုံးပြုခွင့်ရှိခြင်းတို့ ပါဝင်ကြောင်း၊ ထို့အတူ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များတွင် စီးပွား ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်း မပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်းတို့ ပါရှိကြောင်း၊ အများပြည်သူ စားသုံးမည့် အသားများသည် ကျန်းမာကြံ့ခိုင်သည့် တိရစ္ဆာန်များ၏ အသားများဖြစ်ရမှာ ဖြစ်သလို ဈေးကွက်အတွင်းနာမည်ကြီးနေသည့် ရေထိုးသားများလည်း မဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိမည် ဖြစ်သကဲ့သို့ ဘေးအန္တရာယ် လည်းကင်းရှင်းမည်ဖြစ်ကြောင်း၊ ထို့အတူ အသားထုတ်လုပ်သူများအနေဖြင့်လည်း စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အများပြည်သူ စားသုံးမည့်အသားများ စစ်ဆေးနိုင်ရန်အတွက် ယခုကဲ့သို့သင်တန်းဖွင့်လှစ်ပေးသဖြင့် စားသုံးသူ ကာကွယ်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ အများပြည်သူစားသုံးမည့် အသားများကို စစ်ဆေးနိုင်မည့် ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာသဖြင့် ဈေးကွက်အတွင်း ရောင်းချသည့်အသားများသည် စားသုံးသူတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းမည် ဖြစ်သကဲ့သို့ အခြေခံလိုအပ်ချက်အပေါ်တွင်လည်း စိတ်ကျေနပ်မှုရှိစေမှာဖြစ်ကြောင်းပဏာမပြောကြားပြီး စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားပါသည်။

              ဆက်လက်၍ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ တွင် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်ပြဌာန်းထားကြောင်း၊ ပုဒ်မ ၄၃ တွင် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားများ မဖြစ်မနေဖော်ပြပေးရမည့် အချက်များကို ပြဌာန်းထားကြောင်း၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ပြဌာန်းချက်အား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ထားကြောင်း၊ ၎င်းညွှန်ကြားချက်တွင်  အသားနှင့် အသားထွက် ပစ္စည်းအမျိုးမျိုးအတွက်လည်း ပါရှိကြောင်း၊ ယခုအခါ Super Market များတွင် အသားစိမ်းများကို ထုပ်ပိုးပြီး ရေခဲသေတ္တာတွင်ထား၍ ရောင်းချကြကြောင်း၊ ၎င်းထုပ်ပိုးအသားများအား ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် လိုအပ်ကြောင်းကို သင်တန်းသားများ သိရှိနိုင်ရန် ပြောကြားခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ဈေးကွက်အတွင်းလက်တွေ့ အသုံးချနိုင်ခြင်းအားဖြင့် စားသုံးသူပြည်သူများ၏ ကျန်းမာရေးကိုလည်းကောင်း၊ နစ်နာဆုံးရှုံးမှုမရှိ စေရန်ကိုလည်းကောင်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားပါသည်။

              အဆိုပါသင်တန်းကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ လေးရက်ကြာပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အများပြည်သူစားသုံးမည့်အသားစစ်ဆေးခြင်းကို စိတ်ပါဝင်စားသူ သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကလေးတက္ကသိုလ်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်၊ ကဘော် ( ၃ ) အစည်းအဝေးခန်းမ၌ ( ၂၃.၆.၂၀၂၂ ) ရက်နေ့၊ နံနက်( ၁၀:၀၀ ) နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲတွင်ဦးစွာပဏာမအနေဖြင့် ကလေးတက္ကသိုလ်ပါမောက္ခချုပ်ကြီး ဒေါက်တာ ယောဟန်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။

         ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးငွေဇင် (လ/ထ)ညွှန်ကြားရေးမှူးမှ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ”နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်သန်းသန်းဝင်း(ခရိုင်ဦးစီးမှူး)မှ “စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ”  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်မှ “ရည်မှန်းချက်ရှိရမည်”ခေါင်းစဉ်ဖြင့် အသီးသီးပြောကြား ဆွေးနွေးခဲ့ကြပါသည်။ အသိပညာပေးအခမ်းအနားမှာ နံနက် ( ၁၂: ၀၀ ) နာရီအချိန်တွင် ပြီးစီးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့  ဆရာ၊ဆရာမပေါင်း( ၂၅ ) ဦး ကျောင်းသူ/ ကျောင်းသား ပေါင်း ( ၁၅၅ ) ဦး စုစုပေါင်း ( ၁၈၀ )ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲခူးခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

              ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက် အစားအစာများကို တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ၂၁.၆.၂၀၂၂ ရက်နေ့များတွင် ဒိုက်ဦး ၊ ညောင်လေးပင် ၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင် လည်းကောင်း ၊ ၂၂.၆.၂၀၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများသည် စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ကြီးများတွင် ၎င်းအမှတ်တံဆိပ်အား ‌ရောင်းချမှု မရှိကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာမြို့နယ်ခံများက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး အခန်း (၁၈) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အကြောင်းအရာများကို လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသောကုန်စည်များ ပပျောက်နိုင်ရေးအတွက် မိမိဌာနရှိ စစ်ဆေးရေး အရာရှိများမှ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဒိုက်ဦးမြို့တွင် စားသုံးဆီရောင်းချသည့် ဆိုင်ကြီးများအား အသိပညာပေးဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရှိ စားသုံးဆီရောင်းချသော ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ် ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသော ဆီအမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာ ဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ် ပါဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါ သည်။

              ထို့နောက် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ များတွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်းနှင့် ပတ်သက်သည့် အသိပေးကြေညာချက်ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု ၊ ရေးလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူ (၂၅)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

            အဆိုပါ သင်တန်းတွင် ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်း အရာများကိုလည်းကောင်း၊ ကုန်စည် ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်များကိုလည်းကောင်း ၊  ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည့် အကြောင်းများကို လည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ တိုင်ကြားနိုင်သည့်နည်းလမ်းများကို  ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၃/၂၀၂၂)ကြိမ်မြောက်ကို ကျင်းပဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂၃.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၃/၂၀၂၂)ကြိမ်မြောက်ကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဌ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန့်က အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့်ဧပြီလနှင့် မေလများတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP)၏ Websiteတွင် နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်ကို မကြာမီအကောင်အထည်ဖေါ်သွားမည်ဟု သိရပါကြောင်း၊ အဆိုပါစနစ်အားတရားဝင် Launch လုပ်ပြီးပါက အများပြည်သူသို့အသိပေးရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အမှာစာများဖတ်ကြား တင်ပြ၍ ကော်မတီအတည်ပြုချက်ရယူခဲ့ပြီးယခုလက်ရှိဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သည့် စားသုံးသူနှင့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့မှုများ၊ ဈေးကွက်စောင့်ကြည့် ခြင်း၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ စားသုံးဆီနှင့် စက်သုံးဆီများကို ရည်ညွှန်းဈေးဖြင့်ရောင်းချစေရန် အရည်အသွေး အချင်အတွယ် မှန်ကန်စေရေး ဆောင်ရွက်ခဲ့မှုများကိုတင်ပြပါသည်။ စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များမှလည်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် အကြံပြုဆွေးနွေးတင်ပြကြပါသည်။ စားသုံးသူရေးရာကော်မတီဥက္ကဌမှ လစဉ်ဆောင်ရွက်လျက်ရှိသော ကော်မတီ  အစည်းအဝေးကို အဖွဲ့ဝင်များမှ  မပျက်မကွက်တက်ရောက်ကြပါရန်နှင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် ပရဟိတလုပ်ငန်းဟုသတ်မှတ်နိုင်သည် ဖြစ်သည့်အတွက် ကုသိုလ်လည်းရပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စိတ်ရင်းစေတနာ ကောင်းကောင်းဖြင့် အကြံပြုဆောင်ရွက်ကြပါရန် ပြောကြားပြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                         

ဒိုက်ဦးမြို့နယ်၌ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီးသမန်းမွှေခြင်း သရုပ်ပြပွဲ ကျင်းပပြုလုပ်

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်ရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို  ဇွန်လ ၁၈ ရက်နေ့၊ နံနက်( ၁၀) နာရီ အချိန်၌  ဒိုက်ဦးမြို့နယ် ၊ ကတုတ် ဘုရားကြီး ၊ တောင်သူဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီးသမန်းမွှေခြင်း သရုပ်ပြပွဲတွင် မြို့နယ် စက်မှု လယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီး၍ သမန်းမွှေ ကိရိယာ ဖြင့် ထွန်ယက်ပြသခဲ့ပြီး ဝယ်ယူအသုံးပြုလိုသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းခဲ့ကြပါသည်။

         အဆိုပါ သရုပ်ပြပွဲသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် စိုက်ပျိုးရေး ဦးစီးအရာရှိ ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒိုက်ဦး မြို့နယ် တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံ ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဒိုက်ဦးမြို့တွင် ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဇွန်လ (၁၇) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ဆီလုပ်ငန်းရှင် ဦးအောင်လွင်နှင့်တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ နှင့်စပ်လျဉ်း၍  လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး စားအုန်းဆီ ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ဒိုက်ဦးမြို့နယ်တာဝန်ခံက မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်များနှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ် အစားအသောက်အဖြစ်သတ်မှတ်ခြင်းများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ စားသုံးသူများ တင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို  သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အထက်ဌာနမှထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အချက်များအား သိရှိစေရန် လစဉ်တွေ့ဆုံ၍ ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

             ဇွန်လ(၂၄)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းခွဲမှ စားအုန်းဆီများ ရောင်းချပေးရန် တင်ပြမှုအား အထက်ဌာန၏ညွှန်ကြားမှုဖြင့် ကုမ္ပဏီအလိုက် ဆီလက်ကျန်အပေါ် ခန့်မှန်းတွက်ချက်၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပေါ်  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းများမှ ဒေသတွင်းရှိ ဆီကုန်သည်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ရည်ညွှန်း လက်ကားဈေးနှုန်အပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချသွားရန်နှင့် လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများအနေဖြင့် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် အထက်ဌာနမှညွှန်ကြားထားသဖြင့် အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ရောင်းချသည့်လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များမှလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)သည် (၆)လပြည့်မြောက်ပြီဖြစ်၍ စီးပွားရေးလုပ်ငန်း ရှင်များမှ လိုက်နာဆောင်ရွက်မှုမရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ဥပဒေပြဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ဌာန၏ အတည်ပြုချက်ရယူနိုင်ရေး လာရောက်လျှောက်ထားရန်လိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာသင့်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ရွှေကျင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၆ ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့  သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေကျင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော နဝရတ် ၊ ဧရာရွှေဝါ ၊ ဇမ္ဗူမင်း (၁) ၊ ဇမ္ဗူမင်း (၂) ၊ နဝရတ်ရွှေရည် ၊ စိန်သဇင် စက်သုံးဆီဆိုင်များသို့ သွားရောက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန် အခြေအနေများကို သက်ဆိုင်ရာ မန်နေဂျာများက ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးနှုန်းများအနေဖြင့် နဝရတ် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင်   ၂၂၆၅ကျပ်  ၊ ဧရာရွှေဝါ စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင်   ၂၂၈၅ကျပ် ၊  ဇမ္ဗူမင်း (၁) ၊ ဇမ္ဗူမင်း (၂)  စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင်   ၂၂၅၅ကျပ်   ၊ နဝရတ်ရွှေရည် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင်   ၂၂၆၅ကျပ်  ၊ စိန်သဇင် စက်သုံးဆီဆိုင်တွင် 92 တစ်လီတာလျှင်   ၂၂၇၅ကျပ် ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေး တို့အတွက် အရောင်းဆိုင်များအနေဖြင့် ထုတ်ပြန်ထားရှိသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြောင်းခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ