Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန်(၁၈၀၀၀)ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန် မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စ အပေါ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံမှတင်ပို့ခဲ့သော ဆန်တန်ချိန် (၁၈၀၀၀)ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက ဖော်ပြခဲ့သည့်သတင်းနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီများနှင့် သင်္ဘောတင်မှုတွင် အရည်အသွေးစစ်ဆေးသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အများပြည်သူသိရှိစေရန်အတွက် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်

စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၏ (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ နံနက် ၁၀: ၀၀ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်းရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင်  စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ ဥက္ကဌ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ နည်းပညာဆပ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဝေ(ညွှန်ကြားရေးမှူး)၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် အသင်းအဖွဲ့များမှ နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အထူး ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။

၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် အာဆီယံ စံချိန်စံညွှန်းကို ကိုးကား ပြုစုထားသည့် မြေပဲ မြန်မာစံချိန်စံညွှန်း(မူကြမ်း)ကို စံချိန်စံညွှန်းလုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး အတည်ပြုချက် ရယူမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

Myanmar Innovation Life Sciences-MILS ကုမ္ပဏီနှင့် တွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဧပြီလ၂ရက်နေ့နံနက် ၁၀ : ၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုဦးဆောင်သောအဖွဲ့သည်Myanmar Innovation Life Sciences – MILS ကုမ္ပဏီမှ အမှုဆောင်အရာရှိဦးကျော်သူထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားစားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ITQM

ဆန်စပါးအစိုဓါတ်တိုင်းတာခြင်းအပေါ် နောက််ကြောင်းပြန် ခြေရာခံစနစ်တည်ဆောင်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲ ပဲခူးတွင်ကျင်းပ

             မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Kett Electric Laboratory တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ် တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ်တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် နှင့် ပဲခူးတိုင်းတို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဗဟိုနှင့် ပဲခူးတိုင်းမှ တာဝန်ရှိသူများ၊ Kett Electric Laboratory နှင့် Japan Development Service တို့မှ စီမံကိန်း တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒေသခံ တောင်သူ၊ တောင်သူ၊ ပွဲစားနှင့် စက်ပိုင်းများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

ITQM

ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ တောင်ငူမြို့တွင်ကျင်းပ

         မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Kett Electric Laboratory တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ် တိုင်းတာခြင်း အပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ်တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ နေပြည်တော်နှင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဗဟိုနှင့် ပဲခူးတိုင်းမှ တာဝန်ရှိသူများ၊ Kett Electric Laboratory နှင့် Japan Development Service တို့မှ စီမံကိန်း တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒေသခံ တောင်သူ၊ တောင်သူ၊ ပွဲစားနှင့် စက်ပိုင်းများ စုစုပေါင်း ၄၇ ဦးတက်ရောက်ခဲ့ပါသည်။

ITQM

ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်း စီမံကိန်းဆိုင်ရာတိုးတက်မှုများကို ရှင်းလင်းတင်ပြခြင်း

          ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂) ၌ ဂျပန်နိုင်ငံJapan Development Service နှင့် Kett Electric Laboratory တို့မှ စီမံကိန်းတာဝန်ရှိသူများ က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့အား လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် JICA, Kett Electric Laboratory, ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်း စီမံကိန်းဆိုင်ရာတိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့ဆွေးနွေးတင်ပြခဲ့ခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ၎င်းစီမံကိန်းပြီးမြောက်သည်အထိစားသုံသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ITQM

 

၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ

 ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဌာန်းလိုက်သည့် စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူများနှင့် လုပ်ငန်းရှင် အသင်းအဖွဲ့များ သိရှိနိုင်စေရန် အသိပေးတင်ပြအပ်ပါသည်။

  အောက်ပါ Consumer Protection Law.pdf ဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။

ITQM

သင့်မှာစားသုံးသူအခွင့်အရေးတွေရှိတယ်ဆိုတာ သိပါသလား? DOCA က ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးနေပါတယ်။

Telenor Myanmar Limited ၏ “Data Roaming PayGo”နှုန်းထားများပြောင်းလဲ ကောက်ခံခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Telenor Myanmar Limited မှ ဗီယက်နမ်၊ ထိုင်း၊စင်္ကာပူ၊ပါကစ္စတန်၊မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် စသော အာရှနိုင်ငံ (၉) နိုင်ငံတွင် တယ်လီနောဖြင့် အင်တာနက်အသုံးပြုလိုပါက Pay Go နှုန်းထားကို ယခင်က 1MB လျှင် ၁၄ကျပ်မှ ယခု ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ မည့် ဝန်ဆောင်ခနှုန်းထားမြှင့်တက်မှုများအား သုံးစွဲသူ(Customer) များသိရှိနိုင်စေရန် အသိပေး ကြော်ငြာအပ်ပါသည်။

“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ စည်းကားသိုက်မြိုက်စွာကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် USAID တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊USAID အဖွဲ့အစည်းနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း(၂၇၃)ဦး တက်ရောက်ခဲ့ပါသည်။

              ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပထမပိုင်းအခမ်းအနားကို မြို့တော်ခန်းမ အရှေ့ရှိ မုဒ်ဦးတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် USAIDမှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍  ဒုတိယပိုင်းအခမ်းအနားကို မြို့တော်ခန်းမအတွင်း ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်USAID မှAccess to Finance Lead ဖြစ်သူ Ms. Mary Millerတို့က နှုတ်ခွန်းဆက်အမှာစကား အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။  ထို့နောက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက လည်းကောင်း၊စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများ ပိုမိုတိုးတက်လာစေရန်အတွက် Mobile  Applicationဖြစ်သည့် DOCA Myanmarနှင့် ပတ်သက်၍စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

              ဆက်လက်၍ “စားသုံးသူအကာအကွယ်ပေးရေးနှင့်ဒီဂျစ်တယ်ထုတ်ကုန်များ လုံခြုံ စိတ်ချ စွာ သုံးစွဲနိုင်ရေး” ခေါင်းစဉ်ဖြင့် Pannel Discussion ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ Moderator အဖြစ် ပါမောက္ခ ဒေါက်တာအောင်မြင့်၊ ပါဝင်ဆွေးနွေးသူများအဖြစ် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဒုတိယဥက္ကဌဦးကြည်အောင်၊ IT လုပ်ငန်းရှင် ဦးထွန်းဇံဖြိုးနှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း နာယက ဦးမောင်မောင်ဦးတို့ကTrusted Smart Products များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

              ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း သိရှိရပါသည်။

ITQM

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ