Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန်ကြီးထောင့်မြို့နယ်ရှိ “ဒေါ်ခင်မျိုးအေး” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်၊ မာလာကုန်း၊ အမှတ်(၅) ရပ်ကွက်ရှိ “ဒေါ်ခင်မျိုးအေး” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ် လျက်ရှိသော မုန့်ဟင်းခါးများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြု ရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့သစ်ရပ်ကွက်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ် လျက်ရှိသော မုန့်ဟင်းခါးများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြု ရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်ရှိ အသင့်စားမုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဝယ်ယူသုံးစွဲလျက်ရှိသော အသင့်စားမုန့်ဆိုင်များတွင် ရောင်းချနေသော မုန့်များအား ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၈း၃၀) အချိန်တွင် ကန်ကြီးထောင့်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မုန့်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ စားသုံးရန်(သို့မဟုတ်) အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီးသော မုန့်ထုပ်များကိုသာ ရောင်းချရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား    ဗွီနိုင်းချိတ်ဆွဲထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင်ငပုတောမြို့ နယ်မြို့မဈေးတွင် စားအုန်းဆီ လက်လီ/လက္ကား ရောင်းချနေသော ဆိုင်များအား ဗွီနိုင်းချိတ်ဆွဲထားခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ ငပုတောမြို့မဈေးအတွင်းရှိ လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်များကို ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ  သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ် ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ် နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

Doca (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု    ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင်  ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသော ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသော (အောင်ပြည့်)ဆန်ဆိုင်နှင့် (ကံထူးစံ)ဆန်ဆိုင်များတွင် ဆန်များအားဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ဆန်ဆိုင်များမှဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု    ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၅.၈.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင်  ငပုတောမြို့နယ် မြို့မဈေး အတွင်းရှိ ဆန်ရောင်းချနေသောဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချ နေသာ (ကံထူးစံ)ဆန်ဆိုင်နှင့် (စိန်နှင့်မြ)ဆန်ဆိုင်များတွင် ဆန်များအားဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ဆန်ဆိုင်များမှ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Doca  (ဧရာဝတီ)

မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀..၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်ဆင်းစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (မွန်)

ရေကြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးရှေ့တွင် စားအုန်းဆီနှင့် ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

      ၁၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၇:၃၀) အချိန်တွင် ရေကြည်မြို့မစည်ပင်သာယာဈေးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ စားအုန်းဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ရောင်းချရာတွင် ကြက်ဥ (၁) လုံးလျှင် (၃၅၀) ကျပ်ဖြင့် ကြက်ဥအလုံး(၅၀၀) ၊ စားအုန်းဆီ (၅၀) ကျပ်သား တစ်ဗူးလျှင် (၃၅၀၀) ကျပ်ဖြင့် ဆီပိဿာ (၁၁၀) အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ကျေးရွာအရောက် ရောင်းချပေးခြင်း

           ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍  စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ကျေးရွာများဖြစ်သော အုန်းပင်စု၊ ဖျန်ရေကျော်၊ သက္ကယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်းကျေးရွာများနှင့် ရေကြောင်းလမ်းမှ သွားရောက်ရသော ကျေးရွာများအရောက် အပတ်စဉ် အလှည့်ကျသွားရောက်ကာ အိမ်ထောင်စု တစ်စုလျှင် ဆီ (၁) ပိဿာနှုန်းဖြင့် လစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

“ ကော့မှူးမြို့နယ်အတွင်းရှိဆန်စက်များဆန်စပါး ကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဆန်စက်များ စပါးကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေအား ဩဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဆန်စပါးကြိတ်ခွဲထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်စက်ပိုင်ရှင်လုပ်ငန်းရှင်များ၊ နဝလီကြိတ်ခွဲ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ဆန်၊ စပါးကုန်သည်များနှင့် တွေ့ဆုံကာ ဆန်စက်၏ထုတ်လုပ်မှုစွမ်း အား(တန်)၊ ဆန်စက်အနေဖြင့် တစ်နှစ်ထုတ်လုပ်နိုင်မှု(တန်)၊ တစ်နှစ်ကြိတ်ခွဲနိုင်မှုစပါး(တင်း)၊ ဆန်စက်လုပ်ငန်းအရွယ်အစားတို့အား စာရင်းကောက်ယူခဲ့ပြီး ဆန်စက်များတွင် စပါးရရှိမှုအခြေအနေနှင့် ဆန်စပါးလက်ကျန်အခြေအနေများ၊ ဆန်သိုလှောင်ထားရှိမှုနှင့် ဆန်နှင့် ဆန်ထွက် ပစ္စည်းဖြန့်ဖြူးရောင်းချနေမှု စီးဝင်/ စီးထွက်အခြေအနေတို့အား စာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ