Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တော်အဝေးပြေးစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် (၂၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာ ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအား ကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီတင်ယာဉ်များတွင် သယ်ဆောင်လာသော ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၇)စီးအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အတွင်းသိုလှောင်ရုံများရှိ ဓါတ်မြေဩဇာများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၂)ရက်နေ့နေ့လယ် (၁၄:၀၀)နာရီက မြောင်းမြမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာရောင်းချနေသော သိုလှောင်ရုံများရှိ ဓါတ်မြေဩဇာများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ကမ်းငူလေးကျေးရွာရှိ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် စားသုံးသူ အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကမ်းငူလေးကျေးရွာရှိ ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၆၀)ယောက်အား (၁၆.၁၂.၂၀၂၂)နေ့ (၀၉:၄၅) နာရီမှ (၁၁:၃၀)အချိန်ထိ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဓနုဖြူမြို့နယ် ဦးစီးမှူးဦးဝင်းမင်းစိုးက  စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူတို့သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဆိုသည်မှာ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာလည်း ကုန်စည် သို့မဟုတ် ကုန်စည် ထု်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုခြင်းဖြစ်ကြောင်းတို့ကိုရှင်းလင်းပြီး မိမိတို့ ရွေးချယ်ဝယ်ယူ အသုံးပြုနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူအသုံးပြု ကြရန်နှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ဒီဇင်ဘာလ ၁၆ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်အရည်အသွေးဆိုင်ရာ စိစစ်ကြပ်မတ်မှု လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်တို့ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိပြီး တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စက်ဆီချောဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ ၊ မြို့နယ်တာဝန်ခံသည် (၁၉.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပတ္တမြားရပ်ကွက်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန်၊ မှတ်ပုံတင်ထားခြင်းမရှိသည့် အရည်အသွေးမပြည့်မီသော စက်ဆီ၊ ချောဆီများ ရောင်းချခြင်းမပြုရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စက်သုံးဆီအရောင်းဆိုင် (၂) ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်မှ တာဝန်ရှိသူများသည် စည်ပင်သာယာဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၆.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ပစ္စည်းအ‌ရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ၊ တားမြစ်ကုန်စည်များရောင်းချမှုရှိ/မရှိခြင်း တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၄)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အင်္ဂပူမြို့ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် တာဝန်ခံသည် (၁၈.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြို့နယ်တာဝန်ခံသည် (၁၇.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်၌ မုန့်ဖတ်လုပ်ငန်းရှင် (၁၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူများအန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ တားမြစ် ဆေးဝါးများအသုံးစွဲရေး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ပူးပေါင်း၍ (၁၅.၁၂.၂၀၂၂)ရက်နေ့ နေ့လယ်(၁၃:၀၀) အချိန်တွင် ရေတွင်းချောင်ကျေးရွာအုပ်စုရှိ အ-လ-က ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမ (၃၈၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှား ခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ကုစားမှုရရှိရေး ဝန်ဆောင်မှုများအကြောင်းနှင့် ကျောင်းသူများအားအသင့် စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

       မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀.၁၂.၂၀၂၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ မော်လမြိုင်မြို့၊ ဇေယျာ(၂)ရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက် တို့တွင်လည်းကောင်း ၂၁.၁၂.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သရက်ကုန်း ရပ်ကွက်၊ ဇေယျာ(၁)ရပ်ကွက်၊ မြိုင်သာယာရပ်ကွက်တို့တွင် လည်းကောင်း၊ ၂၂.၁၂.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အိုးရုံကြီးရပ်ကွက်၊ ကုလားဈေး၊ ငန်းတေးရပ်ကွက်တို့တွင် လည်းကောင်း၊ ၂၃.၁၂.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်နှင့် မောင်ငံရပ်ကွက်တို့တွင် လည်းကောင်း ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ