Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆေးဆိုင်လုပ်ငန်းရှင်များအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၄)ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများသည်လည်း တည်ငြိမ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Reg-istration No.(IR) များ၊ ဖော်ပြထားသောဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)   

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဒီဇယ်ဘာလ(၁၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီတွင် ဂွတ်ရှယ်သုံးထောင့်မုန့်တိုက်၌ မုန့်လုပ်သားများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပ‌ဒေကို ၂၀၁၉ခုနှစ်၊ မတ်လ( ၁၅ )ရက်နေ့တွင် ဥပဒေအခန်း ( ၂၅ )ခန်း ၊ ပုဒ်မ( ၈၄ )ခုဖြင့်  ပြဌာန်းထားရှိကြောင်း၊ မိမိတို့ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်ပြီး စားသုံးသူများအန္တရာယ်ကင်းရှင်း‌ရေး ၊ ကျန်းမာ‌ရေး ၊  စိတ်ကျေနပ်မှုရရှိရေးတို့အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေး  မြင့်မားသည့်ကုန်စည်၊ ဝန်ဆောင်မှုများကိုဖော်ဆောင်ပေးနိုင်ဖို့ ဌာနအနေနဲ့မျှော်မှန်းချက်၊ရည်မှန်းချက်များထားရှိကြောင်း မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်များတွင် ကုန်ညွှန်းအမှတ်တံဆိပ်များထည့် သွင်းဖော်ပြရေး၊ စာသုံးသူရေးရာဦးစီးဌာနဖြစ်သော တိုင်းနဲ့ပြည်နယ် ခရိုင်မြို့နယ်များတွင်လည်း    တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ( CICC ) များဖွင့်လှစ်ထားကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် ၊ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  လူကိုယ်တိုင်ဖြစ်စေ ၊ဖုန်းဖြင့် ဖြစ်စေ ၊အခြားလူမှုကွန်ယက်မှဖြစ်စေ တိုင်ကြားနိုင်သကဲ့သို့ Call Center နံပါတ် 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ (၁၄.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား  စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန်၊ မှတ်ပုံတင်ထားခြင်းမရှိသည့် အရည်အသွေးမပြည့်မီသော စက်ဆီ၊ ချောဆီများ ရောင်းချခြင်းမ ပြုရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၄) ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပွင့်ဖြူမြို့ပေါ်၌ “နေလ”ကွာစေ့လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုး မွေးမြူသူတောင်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

         မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၃.၁၂.၂၀၂၂) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ “နေလ”ကွာစေ့ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ အသင့်စားမုန့်အမျိုးမျိုးတွင် ပါရှိရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုဖော်ပြလိုပါက တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်ဖော်ပြရာတွင် ပြည်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌအား ၁၆-၁၂-၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ မိမိတို့ဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီး ဆားစက်ရုံများမှ ဆားထုတ်လုပ်မှုအခြေအနေ၊ ဆားဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌမှ ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပတင်ပို့နိုင်ရေး၊ ပြည်တွင်း၌ အဓိကစားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းဖြစ်သော အဆင့်မြင့် အိုင်အိုဒင်းဆားချောထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီစက်ကြီးဖြင့် အိုင်အိုဒင်းဆားချော ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြင့်အိုင်အိုဒင်းဆားချော စက်ရုံတည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဇလွန်မြို့ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇလွန်မြို့၊ လမ်းမတော်တောင်ရပ်ကွက်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား (၁၄.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ၊ တရားဝင်ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင်လည်း ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေး ချယ်ဝယ်ယူနိုင်ရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဓါတ်မြေဩဇာအရောင်းဆိုင် (၃)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့၊ အမှတ်(၂)မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်

          ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် အမှတ်(၂)အခြေခံပညာ အ.မ.က(မူလွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပါသည်။

      ဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မြတ်မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့၏အကြောင်းအရာများကိုလည်းကောင်း၊  ကျိုက်မရောမြို့နယ်ပညာရေးဦးစီးဌာနမှ ကျောင်းနေကလေးများ စာဖတ်နှုန်းမြင့်တင်ရန်ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။  ဟောပြောပွဲ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

          စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ၌   Talk Show ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

          အဆိုပါ TalK Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ ပြည်သူ့အတွက် စားသုံးသူကာကွယ်ရေးအသိပညာရရှိစေရေး အသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများကို သိရှိပြီးရယူနိုင်ရန်၊  စားသုံးသူဆုံးရှုံးနစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ရှားဆောင်ရွက်ချက်များ။ နေရာဒေသစုံစွာ ဟောပြောပွဲများဆောင်ရွက်နေမှုများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Webiste www.doca.gov.mm တွင်လေ့လာနိုင်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဖြင့် ပြည်သူ့အတွက် များစွာအကျိုးကျေးဇူးရရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခုလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခြင်း Talk Show  အစီအစဉ်ဖြင့်လည်း  ပြည်သူ့များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေမည်ဖြစ်သည့်အတွက်   ကျေးဇူးတင်ပါသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

         မော်လမြိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါ TalK Showတွင် စားသုံးသူများအတွက် စားသုံးသူအသိပညာပေးခြင်းကို ဌာနဆိုင်ရာကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ပြည်သူများကို အသိပညာပေးသည့်ကဏ္ဍတစ်ရပ်အဖြစ် ထုတ်လွှင့်လျက်ရှိသည့် ပြည်သူ့အတွက်အကျိုးရရှိရန် စားသုံးသူကာကွယ်ရေး အသိပညာပေးရသည့်ရည်ရွယ်ဆောင်ရွက်မှုဖြစ်ပါကြောင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။  ထို့နောက်  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့က ဆွေးနွေးချက်များတွင်  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်လ ၁၅ ရက်နေ့ "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အထိမ်းအမှတ်အဖြစ် ကျင်းပသည့်ဆောင်ပုဒ်များနှင့် ၂၀၁၆ ခုနှစ်မှစတင်၍ အထိမ်းအမှတ်ပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Webiste www.doca.gov.mm တွင် လေ့လာနိုင်ကြောင်းနှင့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းအရာများနှင့် စားသုံးသူများအတွက် ဌာနအတွင်း လုပ်ဆောင်မှုများအား ပိုမိုတိုးချဲ့ဆောင်ရွက်ရသည့်အကြောင်းများ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင်  ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မွန်)

 

ငါန်းဇွန်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၁၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၊Grade-8 ရှိ ကျောင်း သား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘ စုစုပေါင်း(၃၀)ဦးအား ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးမှ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအားအကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်အညွှန်းအမှတ်သားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက် အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာ ကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များ၊ နည်းလမ်းများအကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသင့်စားမုန့် အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲများကို ကြည့်ရှုကြရန်လိုအပ်ပြီး၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော မုန့်ပဲသွားရည်စာများ နှင့်ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန် စသည်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ