Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည်          ၁၁.၇.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက် ရှိဦးဂျော်နီ ကုန်စုံဆိုင်သို့သွားရောက်၍ စားသုံးသူများဘေးအန္တယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအုပ်စုတွင် ပါဝင်သည့်  ရွှေကျီး(မုန့်မျိုးစုံ)တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့်ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၁.၇.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ဦးအောင်ကျော်မိုး ကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Me Moo အမှတ်တံဆိပ်ပါ မီမိုအုန်းသီးပေါင်မုန့်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်ကျော်မိုးအား  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများသိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အုတ်တွင်းမြို့ ကသစ်တန်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

    ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲများတွင် မဲကုန်းအ‌ခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၆၅ ဦးနှင့် ကသစ်တန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၅၄ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲများအပြီးတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်သည် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၁၁.၇.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ဝင်းဝင်းလက် (Baby Store) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ LET'S LEARN TOGETHER WITH ME 3 in 1 အမှတ်တံဆိပ်ပါ သင်ယူခြင်းစက် ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၁.၇.၂၀၂၄) ရက်နေ့နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ဘားအံမြို့ရှိ အ.ထ.က (မြိုင်ကလေး) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၁-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က (မြိုင်ကလေး)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ)နှင့် ကျောင်းမုန့်ဈေးတန်းဈေးသည်များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ  ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ စားသုံးသူအခွင့်ရေး (၈)ချက်အကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ် ဝယ်ယူစားသောက်သုံးစွဲ တတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို နမူနာ-မုန့်မျိုးစုံဖြင့် သိသာထင်ရှားအောင် ရှင်းလင်းဟောပြောခဲ့ရာ ဆရာ၊ ဆရာမ (၃၇) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦး၊ ပြည်သူ (၁၀)ဦးစုစုပေါင်း ဦးရေ(၂၄၇) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ပဲခူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားသွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကိုအများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီများရောင်းချပေးခြင်းကို ၂၀၂၄ခုနစ်၊ဇူလိုင်လ ၁၁ရက်နံနက် ၀၇:၃၀နာရီအချိန်က ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်နေရာများ၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူကြသည့် ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ပြည်သူတစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား တစ်ပိဿာလျှင် ၆၁၅၀ကျပ်နှုန်းဖြင့် ၆၆၀ ပိဿာကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့”သိဒ္ဓိအောင် “ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၁၁;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်ဆီစက်လုပ်ငန်းရှင် နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ (၂၀၁၉)၊ အခန်း (၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက်” သိဒ္ဓိအောင်ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ် ရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်မီသော မြေပဲဆီများရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် “သိဒ္ဓိအောင်”ဆီစက်မှ ထုတ်လုပ်နေ သောဆီများကို  မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်နှိပ်၍ ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

   ထို့နောက် စီးပွားရေးလုပ်ငန်းရှင်မှ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်တွင်သာ လည်ပတ်ရတာမဟုတ်ပဲ (၁၂)လရာသီပတ်လုံး မြေပဲလုံဆံဝယ်ယူကြိတ်ခွဲလည်ပတ်နေကြောင်း၊ ကုန်ကြမ်းများကိုယခုလများတွင် မန္တလေး၊ ရွှေဘိုပွဲရုံများမှ မြေပဲဆံဝယ်ယူရပြီး ကြိတ်ခွဲရောင်းချနေကြောင်း၊ မိမိတို့စက်သို့လာရောက်ကြိတ်ခွဲသော စီးပွားရေးလုပ်ငန်းရှင်များ၏ မြေပဲဆံများကိုလည်း အခကြေးငွေနှင့် ကြိတ်ခွဲပေးကြောင်းနှင့် မိမိတို့ဆီစက်မှထွက်ရှိသော မြေပဲဆီများကိုလည်း ကားလမ်းအသွားအလာရှိသည့် မည်သည့်ဒေသကိုမဆို ပို့ဆောင်ရောင်းချပေးကြောင်းနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပို့ဆောင်ရောင်းချရကြောင်း၊ မြေပဲပတ်များကိုလည်း မန္တလေး၊ ရွှေဘိုပွဲရုံများနှင့် ဒေသတွင်းသို့  တင်ပို့ရောင်းချကြောင်း လုပ်ငန်းရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ