Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သီတင်းကျွတ်အကြို ပြည်မြို့၏ ရောင်စုံမီးပုံး၊ ဆီမီးခွက်ဈေးကွက်နှင့် အလုပ်အကိုင်အခွင့်အလမ်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် သီတင်းကျွတ်အကြို ရောင်စုံမီးပုံးများ၊ မီးအိမ်များ၊ ဆီမီးခွက်များစတင်ရောင်းချလျှက်ရှိပါသည်။ တစ်နှစ်မှတစ်ခါသာ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါရောက်တိုင်း အိမ်တိုင်းအိမ်တိုင်းတွင်  ဆီမီးများထွန်း၍ ပူဇော်ကြသလို ရောင်စုံ အလှမီးပုံးများကို အိမ်များတွင် ချိတ်ဆွဲ၍ အလှဆင်ကြပါသည်။ ပြည်မြို့တွင် ရောင်းချ နေသောမီးပုံးဈေးနှုန်းများမှာ တရုတ်ရောင်စုံမီးပုံး အသေး၊ အကြီး၊ ဒီဇိုင်းအလှ အဆန်း ပေါ်မူတည် ၍ တစ်ပုံးလျှင် (၃၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ ဈေးရှိပါသည်။ ထို့အပြင် ဒေသတွင်း တစ်ပိုင် တစ်နိုင် လက်မှုလုပ်ငန်းပညာရှင်များမှ ပြုလုပ်ရောင်းချသည့် ရောင်စုံမီးပုံးများ၊ ကလေးဆော့ကစား သည့် အရုပ်လက်တွန်းလှည်းမီးပုံးများမှာလည်း တစ်ခုလျှင် အကြီး၊ အသေးပေါ်မူတည်၍ (၁၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ အရောင်းအဝယ်ဖြစ်သလို  ပေါက်ခေါင်းဒေသနှင့် ပန်းတောင်းဒေသတို့မှ ထွက်ရှိသော ဆီမီးခွက်ဈေးများမှာလည်း  (၂၅)ခွက် လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

     ထို့ကြောင့် ပြည်ဒေသအတွင်း လက်မှုလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ရောင်စုံမီးပုံလုပ်ငန်းနှင့် ဆီမီးခွက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ပေါက်ခေါင်းမြို့နယ် ချောင်းဂေါင်းကျေးရွာနှင့် ပန်းတောင်းမြို့နယ်ရှိ ဖောင်းကံဒေသတို့တွင် ယခုလို သီတင်းကျွတ်အခါသမယတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

လောဓမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၈)ဦးကို COVID စည်းကမ်းများနှင့်အညီ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ ကိုလည်းကောင်း ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း ၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကိုလည်းကောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီသတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့် အရေးများနစ်နာ ဆုံးရှုံးမူများရှိပါကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ DOCA Myanmar application များမှဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာကျောင်း အုပ်ဆရာကြီးထံသို့ ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(ကယား)

ပေါင်းတည်မြို့နယ်တွင် မိုးစပါးသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့သို့ ဇီးကုန်းမြို့ဘက်မှ ယခုနှစ် မိုးစပါးများ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင် မိုးစပါးအသစ်များ မပေါ်သေးသော်လည်း ဇီးကုန်းမြို့နယ်ဘက်မှ စပါးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်လာသော စပါးမျိုးများမှာ ရတနာတိုးစပါးဖြစ်၍ နေ့စဉ်ဇီးကုန်းမြို့ဘက်မှ ပေါင်းတည် မြို့သို့ (၆)ဘီး ကား (၄)စီးဖြင့် ဝင်ရောက်မှုရှိပြီး ဆန်စက်များမှ အဝယ်ရှိလျှက်ရှိပါသည်။ ဆန်စက် တွင် အခြောက်ခံ နေလှန်းပြီး ဆန်ကြိတ်၍ ရောင်းချသလို အချို့မှာ စပါးအတိုင်း ရောင်းချကြပါသည်။ စပါးဈေးများမှာ တစ်တင်းလျှင်ပေါင်(၅၀) အစိုဓါတ် ၂၅% တင်း(၁၀၀)လျှင် (၁၀၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး သွင်းအားစုများ ဈေးနှုန်း မြင့်တက်လာသော်လည်း စပါးဈေးများမြင့်တက်လာသဖြင့် မိုးစပါးစိုက် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြော

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်အတွင်းရှိ သရက်လိန်အုပ်စု၊ သူရဲဇီးကျေးရွာရှိ အ.မ.က (မူလွန်)ကျောင်းများသို့ (၂၀.၉.၂၀၂၂)ရက် နံနက် (၁၀:၀၀) အချိန်တွင် သွားရောက်၍ စားသုံးသူရေးရာကိစ္စရပ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

   စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ အလယ်တန်းကျောင်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၆)ဦးတို့အား ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ၂၀၁၉ ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန် (၄)ရပ်တို့အားရှင်းလင်းပြောကြားပြီး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ဖော်ပြပါရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အစားအသောက်များ ရွေးချယ်စားသောက်တက်စေရေး စသည်တို့အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်တွင် အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျှက်ရှိ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာ အုပ်စုများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရိုင်ဆီကုန်သည်အသင်းမှ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ကြီးကြပ်မှုဖြင့် ဆီကုန်သည်များအသင်းမှ အခြေခံလူတန်းစားများသို့ စားသုံးဆီများရောင်းချပေးလျှက်ရှိရာ (၈.၉.၂၀၂၂)ရက်နေ့တွင် ကုန်းသာလင်းအုပ်စု၊ မြရွာ၊ ကုန်းသလင်းနှင့် သဲဖြူရွာတွင် တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ဖြင့် ပိဿာချိန် (၂၇၅)၊ (၉.၉.၂၀၂၂)ရက်နေ့တွင် အနောက်လက်ခုပ်ပင်အုပ်စုရှိ အနောက်လက်ခုပ်ပင်၊ ကင်းချောင်း၊ ဇရစ်ချောင်နှင့် ရှမ်းစုကျေးရွာတို့တွင် တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ဖြင့် ပိဿာချိန် (၂၇၅)၊ (၁၃.၉.၂၀၂၂) ရက်နေ့တွင် ပြည်သာယာရပ်ကွက်၊ ဥယျာဉ်စုတွင် တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ဖြင့် ပိဿာချိန် (၁၅၀) (၁၉.၉.၂၀၂၂)ရက်နေ့တွင် ဆင်စုရပ်ကွက်၊ ပုထိုးကြီးရပ်ကွက်တို့တွင် တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် ပိဿာချိန် (၁၅၀)အား ရောင်းချ ပေးခဲ့သည်ဟု သိရပါသည်။ ထိုသို့ရောင်းချရာတွင် လူအနည်းအများပေါ်မူတည်၍ အိမ်ထောင်စု တစ်စုလျှင် (၅၀)ကျပ်သား ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျှက်ရှိ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၁၅.၉.၂၀၂၂)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရွှေဘုံသာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာရှိ အခြေခံလူတန်းစား၊ ကျေးလက် နေပြည်သူများသို့ စားသုံးဆီများရောင်းချပေးလျှက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် ပြည်မြို့ရှိ ဆီလုပ်ငန်းရှင် ကုန်သည်များအသင်းမှ စားသုံးဆီများရောင်းချနေမှုအား ကြီးကြပ်မှုဖြင့် ရွှေဘုံသာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာရှိ ကျေလက်နေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်ရောင်းချပေးခဲ့ပါသည်။ ထိုသို့ အခြေခံလူတန်းစား စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြစ်သော တစ်ပိဿာလျှင် (၅၄၀၀) ကျပ်ဖြင့် ပိဿာချိန် (၆၆၀)အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ အထက(၃)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင်ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာ ထွေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေး ရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုးမှုများကို တိုင်ကြားနိုင်ခြင်းများကို ဟောပြော ဆွေးနွေးပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၈၀ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိ ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်များ၌ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချ

   တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားများ စားသုံးဆီကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကံလှကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စားသုံးဆီပိဿာ ၅၅၀ ကို ရောင်းချပေးခဲ့ပါသည်။

        စားအုန်းဆီ လက်လီလက်ကား ဝယ်ယူခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် ရန်ကုန် အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေး လျှက်ရှိရာ သစ္စာပွဲရုံက ဆင်ဆိပ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ် ဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။

      ထို့အတူ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် Diamond Dragon Co.,Ltd က တောင်ငူမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား ကန်ပတ်လမ်းတွင် ရာသက်ပန် အမှတ်တံဆိပ် ဘူးသွပ် အဆင့်မြင့်စားအုံးဆီ (၅၀ ကျပ်သားဘူး) ၁၃၂၀ ဘူး (အလေးချိန် ၆၆၀ ပိဿာ)ကို တစ်ပိဿာလျှင် ၆၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ငူမြို့ရှိ စားသုံးဆီ ကုန်သည်များနှင့် ညှိနှိုင်း၍ အခြေခံလူတန်းစားများသို့ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများသည် တိုင်း‌ဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ၊ နံနက်(၁၀:၀၀)တွင် ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်ဇူးဇူးဇင်နိုင်မှ စားသုံးသူအခွင့်အရေး နှင့် စားသုံးသူ၏တာဝန်များ ၊ ကုန်စည်နှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်ပတ်သပ်သည့် သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ကြောင်း ဆွေးနွေး ဟောပြောခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်း‌စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

              ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၀၀)ဦး တက်ရောက်ခဲ့ကာ အခမ်းအနားကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မိုးစပါးရိတ်သိမ်းရန် တောင်သူကြီးများ ရိတ်သိမ်းချွေလှေ့စက်များပြင်ဆင်

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ အုပ်စုရှိရာ တချို့ကျေးရွာများတွင် ကိုယ်ပိုင်လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် လယ်ဧက ၇၀ အထက် ဧက ၁၀၀ အထိ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူကြီးများရှိပါသည်။

     တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု ကြံတောကျေးရွာရှိ တောင်သူကြီး ဦးစိုးနိုင် သည် လယ်ဧက ၇၀ စိုက်ပျိုးလုပ်ကိုင်နေပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မိုးစပါးများ ရိတ်သိမ်းတော့မည် ဖြစ်ပါသည်။

   ယခုနှစ် စပါးရိတ်သိမ်းမည့် အခြေအနေ ကြိုတင်ပြင်ဆင်နေမှုများကို တောင်သူ ဦးစိုးနိုင် အား သွားရောက်မေးမြန်းကြည့်ရာ ယခုနှစ်တွင် ပရီမီယံဒီဇယ်ဈေး တက်လာကြောင်း၊ စက်အပို ပစ္စည်းဈေးနှုန်းလည်း တက်လာကြောင်း၊ ယခင် မိုးရာသီက စပါးရိတ်ခ တစ်ဧက ၅၀၀၀၀ ကျပ်၊ နွေစပါး ရိတ်ခ တစ်ဧက ၇၀၀၀၀ ကျပ်ရှိကြောင်း၊ ယခုနှစ် မိုးစရားရိတ်ခကို တစ်ဧက ၉၀၀၀၀ ကျပ် သတ်မှတ်ထားပါကြောင်း၊ စက်သုံးဆီဈေး ကျဆင်းပါက စပါးရိတ်ခ လျှော့ချ၍ ရိတ်သိမ်း ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ