Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၉.၃.၂၀၂၃)ရက်နေ့ ၊နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညောင်ဦးခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ကျန်မာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ဆေးဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု DRC No.မပါရှိသည့် Parbisure အမည်ဖြင့်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူကာ ကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်

    ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကို  (၁၅-၃-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်“စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

       ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားတွင် လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ ပြီး မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး၊ ဦးမြင့်ဇော်ဦးက တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာများအား ရှင်းလင်းဆွေးနွေးခဲ့ကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှဦးဆောင်၍ မန္တလေးမြို့‌ပေါ်ရှိ အဝေးပြေးကားကွင်း(၃)ခုနှင့် ဈေး(၂) ဈေးတို့တွင် စားသုံးသူအခွင့်အရေး(၈) ချက်နှင့်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ပိုစတာများအား စားသုံးသူပြည်သူများသိသာမြင်သာသည့် နေရာများတွင် ချိတ်ဆွဲထားရှိပါကြောင်း၊  တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ စားသုံးသူကာကွယ်ပေးရေးဗဟုသုတနှင့်သက်ဆိုင်သည့် ဉာဏ်စမ်းပဟေဠိ များကို ဖြေဆိုကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသည့်သူများအား လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက ဂုဏ်ပြုလက်ဆောင်ချီးမြှင့်၍ အခမ်းအနားကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

     အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ကျောင်းသား/သူများ၊ စီးပွားရေးလုပ်ငန်း ရှင်/အသင်းအဖွဲ့များ၊ စုစုပေါင်း ဧည့်သည်တော်(၇၀) ဦးတက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် Parbisure Injection ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၃.၃.၂၀၂၃)ရက်နေ့  နေ့လည်(၁၄:၀၀)နာရီက မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိ မြို့မဈေးနှင့် အောင်သာယာဈေးရှိ ဆေးဆိုင်(၈)ဆိုင်အား တရားမဝင်တင်သွင်းရောင်းချနေသော Parbisure   Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင် ရှင်များအား တရားမဝင်တင်သွင်းလာသော  Parbisure   Injection ဆေးများ ရောင်းချခြင်းမပြု ကြရန် သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းစစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် Parbisure Injection ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၀.၃.၂၀၂၃)ရက်နေ့  နေ့လည်(၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော Parbisure   Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင် ရှင်များအား တရားမဝင်တင်သွင်းလာသော  Parbisure   Injection ဆေးများ ရောင်းချခြင်းမပြု ကြရန် သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းစစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၃.၂၀၂၃)ရက်နေ့  နေ့လည်(၁၃:၃၀)နာရီတွင် မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်တင်သွင်းရောင်းချနေသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် ရောင်းချခွင့်လိုင်စင် ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင် များအား စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေး ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ် လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချ ခြင်းမပြုရန် ဈေးကွက်အတွင်းရောင်းဝယ်ခြင်းများအား စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများအနေ့အကြောင်းအသိပညာပေးဟောပြောဆွေးနွေးခြင်း (World Comsumer Rights Day)

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦး စီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် မတ်လ (၁၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Comsumer Rights Day)အကြောင်းသိကောင်းစရာများကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများအား စားသုံးသူ အခွင့်အရေးဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စားသုံးသူများကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများစသည်တို့ကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရသေ့တောင်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်) လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

   ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက်(၈:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ရသေ့တောင်မြို့ ဂူတာပြင်အရှေ့တောင်ရပ်ကွက်ရှိ ဒေါ်လှညွှန့်ခင် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်သည့်လုပ်ငန်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ရသေ့တောင်မြို့နယ်တာဝန်ခံမှ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊အခန်း(၁၅)၊ ပုဒ်မ (၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူဘေးဥပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မုန့်တီဖတ်လုပ်ငန်း ဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိကို စစ်ဆေးပြီးနောက် မုန့်တီဖတ်(မုန့်တီ)များမှာ အသင့်စား အစားအစာဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး(Formalin) လုံးဝ သုံးစွဲမှုမပြုလုပ်စေရေးတို့ကို ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားဆောင်ရွက်မှု

          စားသုံးသူများကို အကာအကွယ်ပေးနိုင်မည့်အခွင့်အရေးတစ်ခုကို အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ကွန်ဂရက်တွင်ကြေငြာခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပသော Consumer Conference တွင် စားသုံးသူအခွင့်အရေး (၈) ရပ် ပြဌာန်းသဘောတူညီမှုရခဲ့ပြီး မတ်လ(၁၅) ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ဆောင်ပုဒ်များဖော်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။

          ၂၀၂၃ ခုနှစ်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” (Empowering Consumers Through Clean Energy Transitions) ဖြစ်ပြီး  မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်ကပင် စတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားနှင့် Media Campaign များ ကျင်းပပြုလုပ်လာခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်လည်း စားသုံးသူအရေးလှုပ်ရှားမှုများ ပြုလုပ်လာကြပါသည်။

          ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် မတ်လ (၁၅) ရက်နေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် လမ်းဖြတ်ပို့စတာအသုံးပြု၍ လမ်းသွားလမ်းလာအများပြည်သူများအား ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်၊ စတစ်ကာများကပ်ခြင်း(ကား/ဆိုင်ကယ်)၊ Pamphlets များ ဖြန့်ဝေခြင်း၊ စစ်တွေမြို့ပေါ်ရှိ ဈေးများ၊ ဆေးဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့်အချက်များအား သိရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဗီနိုင်များချိတ်ဆွဲခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

         ၂၀၂၃ မတ်လ ၁၅ ရက်နေ့ နံနက် ၀၉ : ၄၅ နာရီတွင် ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကန့်ဘလူ “မြို့မဈေး”နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိ “ ခရိုင်ပြည်သူ့စာကြည့်တိုက်” တို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ဆိုသည့်အတိုင်း စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကို သေသေချာချာ သိရှိနားလည်ထားရန် လိုအပ်သလို စားသုံးသူအခွင့်အရေး(၈)ချက်ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ “စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း”ဆိုသည့်အတိုင်း တိုင်ကြားနိုင်သည့်နည်းလမ်းများကို လွယ်ကူစွာသိရှိနားလည်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

      ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်လျက်ရှိသော နွေရာသီအခြေခံပန်းချီသင်တန်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/ သင်တန်သူ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၃ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စစ်ကိုင်းခရိုင်၏ လှုပ်ရှားမှုများ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်း(၃)ဦးသည်  မတ်လ ၁၃ ရက်နေ့က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စစ်ကိုင်းမြို့ပေါ်၌  လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် စားသုံးသူအခွင့်အရေးနှင့် တာဝန်များပါရှိသည့် ဗွီနိုင်းနှင့်  စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများပါရှိသည့် ဗွီနိုင်းပိုစတာများကို လူသွားလူလာများသည့် နေရာများဖြစ်သော စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး၊  မြို့မဈေးအတွင်းနှင့်အပြင်၊  စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကားဂိတ်တို့တွင်  စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ