Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီမြို့ ဈေးရုံကြီးရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)၊ ဒေါ်ခင်ခင်ခ(ဦးစီးမှူး)နှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ၈ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် သာယာဝတီမြို့၊ ဈေးရုံကြီးရပ်ကွက်၊ ဘောလုံးကွင်းလမ်းအတွင်းရှိ ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန် များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့်ပြောကြားပြီး စားသုံးသူများ နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ဈေးရုံကြီးရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများ (၉၃) ဦး တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအား နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ညောင် ခြေထောက်မြို့နှင့် ကျွဲပွဲမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေများ ရောင်းချနေမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ပါသည်။

     အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့နှင့် ကျွဲပွဲမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ)အမှတ်တံဆိပ် ဘိလပ်မြေများနှင့် Alpha အမှတ်တံဆိပ် ဘိလပ်မြေများကိုသာ ရောင်းချရပြီး ကြံနှစ်ကောင်(အနီ)ကို လူကြိုက်များကြောင်း သိရပါသည်။

      ဈေးနှုန်းများအနေဖြင့် ကြံနှစ်ကောင်(အနီ) တစ်အိတ်လျှင် ၁၀၂၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်အထိရှိပြီး Alpha တစ်အိတ်လျှင် ၉၇၀၀ ကျပ်မှ ၉၈၀၀ ကျပ်အထိရှိကြောင်း၊ ၎င်းဈေးနှုန်းမှာ လတ်တလောအနေဖြင့် အတက်အကျမရှိသေးဘဲ တည်ငြိမ်နေကြောင်း၊ မိုးရာသီကာလဖြစ်၍ အရောင်းအဝယ်ပါးကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံလူတန်းစားများသို့ ဆန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင် ဖြူးမြို့ရှိ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များက အခြေခံလူတန်းစားများသို့ ဆန်များကို သက်သောသောနှုန်းထားဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဖြူးမြို့၊ (၄)လမ်းရှိ ရုံးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လူတစ်ဦးလျှင် အများဆုံး(၃)ပြည်နှုန်းဖြင့် ဆန်(၁၄)အိတ်ကို ရောင်းချပေးလျက်ရှိပြီး ရုံးရပ်ကွက်နှင့် အနီးရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူကြပါသည်။

      ဆန်ရောင်းချရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ် ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီတွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။

       ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများ မြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၈.၇.၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း၊ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရန်နှင့် အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စနစ်သစ်ဖြင့်ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက်၊ရေးလမ်းရှိ ကောင်းဆတ်ဟိန်းယာဉ်ရပ်နားစခန်းသို့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးမျိုးဇော်ဝင်း၊ ယာဉ်အမှတ် (7P/7112၊ ISUZU) မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီမှ (စနစ် သစ်)ဖြင့် တင်ပို့‌‌‌ရောင်းချသည့် စားအုန်းဆီ (၁)ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၆၆) ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဦးစီမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီ (၆၆) ပေပါအား ကုမ္ပဏီ၏လက်ကား အရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် (၁၄)ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေ‌ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၊ အမှတ်(၅) အ.လ.က ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၅) (အ.လ.က)ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုဟောပြောခဲ့ကြောင်း၊ ဆက်လက်၍ တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကိုလည်းကောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စိစစ်ရွေးချယ်ဝယ်ယူရန်လိုအပ်ကြောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်းဆက်သွယ်တိုင်ကြားနိုင် ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီးနောက် ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအားစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂-၇-၂၀၂၄)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စသည့်မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးပစ္စည်းများပြတ်လပ်ခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စံမညီဆေးဝါးများရောင်းချခြင်းနှင့် ဆေးပစ္စည်းများပြတ်လပ်မှုမရှိကြောင်းသိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများကလည်း မိမိတို့နှင့်သက်ဆိုင်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို အသိပေးပြောကြားခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)      

                             

ကန့်ဘလူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၃-၇-၂၀၂၄)ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ရေတမာ” စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအပေါ် ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး အချင်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ ဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ အမှတ်(၂) မူလွန်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နံနက် (၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်(အငယ်တန်းစာရေး)တို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၂)မူလွန်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်; သိရသည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်အိမွန်ကျော်က စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကို လည်းကောင်း၊ ကုန်စည်များကိုရွေးချယ် ဝယ်ယူအသုံးပြုရာတွင် ကုန်စည်(သို့မဟုတ်)ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စိစစ်ရွေးချယ်ဝယ်ယူရန် လိုအပ်ကြောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာ တွင် စားသုံးသူအခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင် ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ သိရသည်။ 

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ