Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ (၉.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းထားကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊  စီး ပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီး ပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Centerအကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်(၁၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

"လှလှဆန်း"ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ လှလှဆန်းကုန်စုံဆိုင်အား  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Oishi Corn Puffs အမှတ်တံဆိပ်ပါ ပြောင်းဖူးအရသာအသင့်စားမုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်စည်များကိုရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသောကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ "အငယ်လေး"ကုန်စုံဆိုင်မှ စားသောက်ကုန်များဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများသည် ဘေးအန္တရာယ်ကင်းရှင်းသည့်စာသောက်ကုန်များဝယ်ယူသုံးစွဲနိုင်ရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်သတ်မှတ်ချက်များကို မဖြစ်မနေရေးသားဖော်ပြရမည်ဖြစ်ပြီး စားသုံးသူများအနေဖြင့် လွယ်ကူစွာကြိုတင်သိရှိစေနိုင်ရန် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကိုရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိ/မရှိတို့အား စိစစ်ပြီးမှ ဈေးကွက်အတွင်းသို့ ရောင်းချရန်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

သရက်မြို့ မြို့မဈေးအတွင်း စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့ မြို့မစည်ပင်ဈေးအတွင်း ရောင်းချဖြန့်ဖြူးလျက် ရှိသောကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(သရက်မြို့နယ်တာဝန်ခံ)  နှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ စားသုံးရန်/ သုံးစွဲရန်မသင့်သော အစားအသောက်၊ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က စားသုံးရန်/ သုံးစွဲရန်မသင့်သော အစားအသောက်၊ လူသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကုန်စုံဆိုင်ပိုင်ရှင်များအားပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈) ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များသာရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာရေးသားဖော်ပြကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြ ရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထည့်သွင်းဖော်ပြရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး ဥပဒေလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)

 

                                               

 

ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်အေးဘုရားတွင်ကျင်းပသော ပဲဆွမ်းလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးပွဲကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးက ပါဝင်ဆင်နွှဲ

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့၊ (၃--၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊  ရွှေယဉ်မျှော်ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲနှင့် စတုဒီသာအလှူတော်မင်္ဂလာပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေယဉ်မျှော်ပြည်တော်၊ အေးစေတီတော်ရှိ ပရိဘောဂစေတီထိုက်သည့်မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ငွေကျပ် (၂၄၂၆၅၀၀၀) တန်ဖိုးရှိသောပဲမျိုးစုံ (၅၃၉၈) ပြည်အား ဘားအံမြို့ပေါ်ရှိ ကျောင်း တိုက်ပေါင်း (၅၄) ကျောင်းနှင့် သီလရှင်ကျောင်း (၁၄) ကျောင်းတို့မှ ရဟန်းသီလရှင် (၂၆၁၃) ပါးတို့အား စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၃) ကြိမ်မြောက်ကဆုန်လပြည့်နေ့၊ ပဲဆွမ်းလောင်းလှူပွဲအား အာရုံခံတန်ဆောင်းအတွင်း ကျင်းပခဲ့ပြီး ဘားအံမြို့၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းတွင်လည်း စုပေါင်းစတုဒီသာအလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့် တွေ့ဆုံတွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိူင် (ဦးစီးအရာရှိ)သည် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌  ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်တွေ့ဆုံ၍ ဆန်ဖြန့်ဖြူးရောင်းချနိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

       ထိုသို့ဆွေးနွေးရာတွင် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း အသင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပေါင်းစပ်၍ ကရင်းပြည်နယ်အတွင်း ဆန်များဖြန့် ဖြူးရောင်းချနေမှုအခြေအနေများ၊ ဒေသတွင်းဆန်ဖူလုံပိုလျှံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် အသင်းနှင့်ဌာနတို့ပေါင်းစပ်၍ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ အသင်းအဖွဲ့ များခိုင်မာအားကောင်းလာစေရေးနှင့် အသင်းဖွဲ့စည်းမျဉ်းရေးဆွဲဆောင်ရွက်နေမှုအခြေအနေ ကိုလည်းကောင်း၊ ကရင်ပြည်နယ်ဒေသထွက် ဆန်/စပါးများကို အနီးအနားရှိဒေသများက သိုလှောင် ရန်ရည်ရွယ်၍ အဓိကလာရောက်ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည့် အထိဖြစ်နေကြောင်းနှင့် ယင်းတို့ကို့ဖြေရှင်းနိုင်ရေးနည်းလမ်းများကို ဆွေး‌နွေးခဲ့ကြောင်းသိရပါသည်။

      ကရင်ပြည်နယ်အတွင်း ဆန်ဖူလုံပိုလျှံစေရေး၊ ဆန်/စပါးနှင့်ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းကို (  ၁-၆-၂၀၂၃  ) ရက်နေ့တွင် အသင်းဖွဲ့ဦးရေ(၂၇)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ကရင်ပြည်နယ်ဒေသထွက် စပါးများကို အနီးအနားရှိဒေသများက သိုလှောင်ရန်ရည်ရွယ်၍ အဓိကလာရောက် ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်သည်အထိဖြစ်နေကြောင်း ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံတော်ကသတ်မှတ်ထားသည် ဈေးနှုန်းနှင့် လက်ရှိမြင့်တက်နေသောဈေးနှုန်း/ဈေးကွက်အခြေအနေ၊ ပြည်ပတို့တင်ပို့မှုအခြေအနေနှင့် လမ်းခရီးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် (၈-၈-၂၀၂၃) ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိန်ဆီစက်တွင်  ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်းကောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်တွင် MSME (Help Desk Center) ဖွင့်လှစ်ထားရှိမှုနှင့် ကူညီဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောလုပ်ငန်းရှင်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေး နွေးခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားတွင် ကရင်ပြည်နယ်ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူးနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၁၇:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေး သုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များသို့  စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိနှင့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိတို့ကို   ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက (၈.၅.၂၀၂၃) ရက်နေ့အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92-1965, 95-2055, HSD-1920, PD-2000) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများရောင်းချရာတွင် အချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးရာတွင် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါသည်။ ထိုနေ့တွင် တောင်နီကျေးရွာဒေသ၌ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်းမရှိသော သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသည့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသောသီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ    စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကိုနေလင်း လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချသော  ကုန်စုံဆိုင်သို့  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သဇင်ဘီစကွတ် အမှတ်တံဆိပ်ပါ ဆိတ်နို့ဘီစကစ် အသင့်စားမုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်စည်များကို ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၈.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ ဗန်းမော်မြို့တွင်းရှိ သောက်ရေသန့် ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်(၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေလိုက်နာရမည့် တာဝန် (၁၁) ချက်ကို အကျယ်တစ်ဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက် (၈) ချက် ဖော်ပြပါ ရှိကြောင်း ၊ ပုဒ်မ ၄၃ အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ