Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်နှမ်းနှင့် အာလူးစျေးငြိမ်

       သင်္ကြန်ပြီးစအချိန်ဖြစ်၍ ပြည်စျေးကွက်သို့ နှမ်းသီးနှံများ ဝင်ရောက်မှုမရှိဘဲ လက်ကျန်လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ နှမ်းနီကို မြို့တွင်း ဆီစက်များက အဝယ်ရှိပြီး နှမ်းနက်နှင့် စမုံနက် နှမ်းကို မန္တလေးဝယ်လက်များက အဝယ်ရှိသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းသီးနှံမှာ အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိသလို စျေးနှုန်းမှာလည်း သင်္ကြန်မတိုင်မီ စျေးအတိုင်း ငြိမ်နေသည်ဟု သိရပါသည်။ နှမ်းစျေးများမှာ ယခင်စျေးအတိုင်း နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်စျေးဖြင့် တစ်နေ့လျှင် အိတ် ၃၀၀/၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

           နှမ်းသီးနှံနည်းတူ အာလူးသည်လည်း စျေးငြိမ်လျက်ရှိပါသည် ။ ရှမ်းပြည်နယ်အောင်ပန်းမှ ရှမ်းအာလူးနှင့် မန္တလေးမှ တရုတ်အာလူးများ ပြည်စျေးကွက်သို့ ရက်ခြားအဝင်ရှိပြီး တစ်ပတ်လျှင် အိတ် ၁၅၀မှ ၃၀၀ အတွင်း အဝင်ရှိသည့်အတွက် အရောင်းအဝယ်ဖြစ်မှုမှာ သင်္ကြန်မတိုင်ခင်ကာလများက အလှူများရှိ၍  အရောင်းသွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဒေသတွင်းလုပ်ငန်းရှင်များနှင့်  လက်လီသမားများ အဝယ်ရှိသည့်အတွက် အရောင်းအဝယ်ပုံမှန် ဖြစ်လျက်ရှိပါသည်။ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိခြင်းကြောင့် ရှမ်းအာလူးစျေးနှုန်းမှာ ယခုအပတ် လက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၁၅၀၀-၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၂၀၀-၂၄၀၀ စျေးဖြစ်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် လက်ကားစျေး ကျပ် ၁၈၀၀ ၊ လက်လီစျေး ကျပ် ၂၀၀၀ဖြစ်၍ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင်တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးသည် ပဲခူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းတို့နှင့်အတူ (၁.၄.၂၀၂၂)၊ (၂.၄.၂၀၂၂) ၊ (၃.၄.၂၀၂၂) ၊ (၄.၄.၂၀၂၂) ၊ (၅.၄.၂၀၂၂) ရက်နေ့များတွင်လည်းကောင်း ၊ ညောင်လေးပင်မြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် (၅.၄.၂၀၂၂)ရက်နေ့နှင့် (၁၁.၄.၂၀၂၂) ရက်နေ့များတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ သက်သာသော နှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှု အခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးက ရောင်းချနေသော စားအုန်းဆီများ၏ အလေးချိန်နှင့် စျေးနှုန်းမှန်ကန်ရေးကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးဆီစျေးနှုန်းတည်ငြိမ်‌ရေးအတွက် ရောင်းချပေးခြင်း ဖြစ်ပါသဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် ၊ စားသုံးသူပြည်သူများ စိတ်ကျေနပ်မှုရရှိရေးအတွက် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

          ပဲခူးခရိုင်တွင် ဧပြီလပထမပါတ်အတွင်း   မြန်မာနိုင်ငံဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၂၈၀၀ပိဿာကို တစ်ပိဿာလျှင် ၅၆၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

         

ဝါသီးနှံ စျေးနှုန်း ၊ စျေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ခရိုင်ရှိ ပေါင်းတည် ၊ သဲကုန်း၊ ပြည်၊ ပေါက်ခေါင်းမြို့နယ်များတွင်သာ ဝါသီးနှံကို စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် ဝါကြီး (၈၈၈၇) ဧကနှင့် ချည်မျှင်ရှည်ဝါ (၂၉၃၈)ဧက ၊ စုစုပေါင်း (၁၁၈၂၅) ဧကခန့် စိုက်ပျိုးလျက်ရှိပါသည် ။ ဝါသီးနှံကို ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၌ အများဆုံး စိုက်ပျိုးပါသည်။ ချည်မျှင်ရှည်ဝါမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ထွက်ပေါ်၍ ဝါကြီးမှာ ဇန်နဝါရီလမှ ဧပြီလလယ်အထိ ထွက်ပေါ်ပါသည်။ ဝါကြီးတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၁၇၉.၄၆) ပိဿာခန့်နှင့် ချည်မျှင် ရှည်ဝါတစ်ဧကလျှင် (၄၅၄.၉၇)ပိဿာခန့်ထွက်ရှိသည့်အတွက် နှစ်စဉ်စုစုပေါင်း ဝါပိဿာချိန် ၂၉သိန်း ခန့် ပြည်ခရိုင်တွင် ထွက်ရှိကြောင်း သိရှိရပါသည်။

          စျေးကွက်အနေဖြင့် ဝါကုန်ကြမ်းများကို ဝါစိုက်ပျိုးတောင်သူများထံမှ ဝယ်ယူစုဆောင်းပြီး မကွေးတိုင်းဒေသကြီး ၊ အောင်လံရှိ ဝါပွဲရုံ၊ ဝါကြိတ်စက်များသို့ ‌ရောင်းချကြပါသည်။ ပေါက်ခေါင်းမြို့နယ်၌သာ ဝါဂွမ်းကြိတ်စက်ရုံလုပ်ငန်း လုပ်ကိုင်သူ (၃)ဦးရှိ၍ ဝါဂွမ်းအဆင့်ကြိတ်ခွဲပြီး မန္တလေးမြို့နှင့် မူဆယ်စျေးကွက်များသို့ ယခင်က တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

          ယခုနှစ် ဝါစိုက်တောင်သူထံမှ ဝါကုန်ကြမ်းကို ချည်မျှင်ရှည်ဝါ ၊ ဝါကြီးသောင်းပြောင်း တစ်ပိဿာလျှင် အနည်းဆုံး ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်ထိ စျေးဖွင့်ဝယ်ယူခဲ့ရပြီး လတ်တလောတွင် ဧပြီလလယ်ခန့် ရောက်ရှိပြီဖြစ်၍ ဝါအရည်အသွေးညံ့များသာ အဝင်များသည့်အတွက် ဝါကုန်ကြမ်း တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ခန့်သာရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၁၈)ရက်နေ့မှ ဧပြီလ (၂၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၈၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၆၀၀ မှ ၁၃၅၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၆၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၁၆၀၀ မှ ၃၈၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၁၀၀ မှ ၅၇၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၄၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၇၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၃၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၉၀၀ မှ ၁၅၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၅၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၂၃၂၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၆၉၁၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၃၃၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၉၈၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၇၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၄၅၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၀၄၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ(၁၂) ရက်နေ့မှ ဧပြီလ(၁၈) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပဲခူးမှ ပိန္နဲသီး အလုံးကြီး ကျပ် ၂၅၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ မှ ၁၃၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀၊ မြင်းမူမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၁၀၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်ခြင်း အလုံး ၆၀ ပါကျပ် ၃၅၀၀၀၊ အလုံး လတ်တစ်ခြင်း အလုံး ၇၅ ပါကျပ် ၂၈၀၀၀၊ အလုံးသေး တစ်ခြင်း အလုံး ၁၀၀ ပါ ကျပ် ၁၅၀၀၀၊ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်ခြင်း အလုံး ၈၀ မှ ၉၀ ပါ ကျပ် ၁၆၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၁၀၀ ပါ ကျပ် ၁၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ (၉.၄.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီမှစ၍ အရှေ့ပိုင်းခရိုင်အတွင်းရှိ စည်ပင်သာယာဈေးများသို့ စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဆီဆိုင်များသို့ ဈေးကွက်ကွင်းဆင်း စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးက စားအုန်းဆီကမ္ဘာ့ပေါက်ဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းများ ပြောင်းလဲကျဆင်းမှုကို အခြေခံ၍ စားအုန်းဆီ တစ်ပိဿာ လက်ကားဈေး (၅၅၀၀)ကျပ် (ရန်ကုန်အထိုင်ဈေး)ဖြင့် (၇.၄.၂၀၂၂) ရက်နေ့မှ (၂၄.၄.၂၀၂၂) ရက်နေ့ထိ ရောင်းချပေးနိုင်ရေး၊ လက်လီဈေးနှုန်းများကိုလည်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းများအဆမတန်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် စိစစ်တွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီအထူးဈေးနှုန်းဖြင့် ရောင်းချမှုအား ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေး အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာ ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေးစစ်ဆေးရေး အဖွဲ့ဝင်များနှင့်အတူ (၂၀.၄.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)မှ စားသုံးဆီ ၁ပိဿာလျှင် (၅၆၀၀)ကျပ်ဖြင့် ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေး အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တောင်ငူမြို့တွင် လတ်တလောဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ Facebook လူမှုကွန်ယက်စာမျက်နှာများတွင် စက်သုံးဆီကိစ္စများ မထွက်ပေါ်ခင် စက်သုံးဆီဆိုင်များ၌ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချနေသော်လည်း ဧပြီလ ၁၉ ရက်နေ့တွင် Facebook လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြင်ပမီဒီယာအချို့က နိုင်ငံအတွင်း စက်သုံးဆီများ ပြတ်လပ်မှုရှိနိုင်ကြောင်း ကောလာဟလသတင်းများ ဖြန့်ဖြူးသည့်အတွက် ဒေသအတွင်း အချို့စက်သုံးဆီဆိုင်များ ခေတ္တခဏ ပိတ်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချနေခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် စက်သုံးဆီအသုံးပြုသူများမှ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး ဒေသအတွင်း ဆီဆိုင်များ၌ တန်းစီဝယ်ယူခြင်းများ ဖြစ်ပေါ်လာသည့် သတင်းများကြောင့်  ဧပြီလ ၂၀ ရက်နေ့တွင် ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ စက်သုံးဆီရည်ညွှန်းဈေးနှုန်း သတ်မှတ်လျှက် 92 Ron ၁၉၄၀.၁၈ ကျပ်၊ 95 Ron ၁၉၈၈.၃၁ ကျပ်၊ ဒီဇယ် ၂၃၀၇.၂၁ ကျပ်၊ ပရီမီယံဒီဇယ်၂၃၃၁.၉၁ ကျပ် ဖြင့် ဖြန့်ဖြူးရန် ထုတ်ပြန်လာသောကြောင့် ဒေသအတွင်း စက်သုံးဆီဈေးနှုန်း လက်လီ ၁ လီတာလျှင် ကျပ် ၃၀ မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းသွားပြီး စက်သုံးဆီသုံးစွဲသူများအနေဖြင့် ပုံမှန်အတိုင်းရောင်းဝယ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဧည့်မထ စပါးဈေး / ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာ

       ကယားပြည်နယ် ဒေသထွက် ဧည့်မထ(မိုး) စပါးဈေးနှုန်းမှာ တင်း (၁၀၀)လျှင် ကျပ် (၇၅၀၀၀၀)ဖြင့် ဧပြီလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ဧပြီလ ဒုတိယပတ်တွင် ဧည့်မထ (မိုး)တင်း (၁၀၀)လျှင်ကျပ် (၇၂၉၀၀၀)ဖြစ်ရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် စပါး တင်း(၁၀၀) (၂၁၀၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဧပြီလ ဒုတိယပတ် ဒေသထွက် (ဧည့်မထ) ဆန် တစ်အိတ် ဈေးနှုန်း မှာ(၃၇၀၀၀)ကျပ်၊ ဧပြီလ တတိယပတ် (ဧည့်မထ) ဆန်တအိတ်မှာ (၄၀၀၀၀)ကျပ် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်ပတ်နှင့်ယခုပတ် နှိုင်းယှဉ်လျှင်ဆန်တအိတ် (၃၀၀၀) ကျပ် ဆန် ဈေးနှုန်းမှာမြင့် တက်လာကြောင်း တွေ့ရှိရပြီး စပါးဈေး/ဆန် ဈေးနှုန်းမြင့်တက်ရခြင်းမှာ အခြားမြို့များမှ ဆန်စီးဝင်မှုလျော့နည်းလာ၍ ဒေသဆန်များစားသုံးမှုများလာသောကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

“ နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် စားသုံးဆီ ဖူလုံရေးဆောင်ရွက်ကြပါစို့”

             မြန်မာတို့သည် ဆီကိုလိုအပ်သည်ထက် ပိုမိုထည့်သွင်းစားသုံးတတ်သည့် လူမျိုးဖြစ်သည့်အလျောက် မြန်မာနိုင်ငံမှာ ဆီစားသုံးမှု မြင့်မားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ထိုသို့သုံးစွဲမှု ပမာဏကို ဖြည့်တင်းနိုင်ရန်အတွက် ပြည်တွင်းဆီ ထုတ်လုပ်မှု သာမက ပြည်ပမှ ဆီအမျိုးမျိုးကို နှစ်စဉ်ဆီတန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရပါသည်။ ယခုအခါတွင် ကမ္ဘာ့စီးပွားရေး ဂယက် ရိုက်ခတ် မှုများကြောင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီကို မှီခိုအားထားရခြင်း ၊  စျေးနှုန်းများ မြင့်မားခြင်း ၊ ထိုဖြစ်ရပ်များကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်တွင်း၌ စျေးနှုန်းသက်သက်သာသာဖြင့် စားသုံးဆီထုတ်လုပ်နိုင်ရန် လိုအပ်လျှက်ရှိပါသည်။

          မြန်မာနိုင်ငံတွင် စားသုံးဆီ ( ဆီအုန်း ၊ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲပုတ် )စသော ဆီအမျိုးမျိုးကို ထုတ်လုပ် နိုင်သော်လည်း နေကြာဆီသည် အခြားသော ဆီအမျိုးအစားများထက် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသော ဆီအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံသည် ပြည်တွင်း စားသုံးမှု ဖူလှုံရန်အတွက် တိုးချဲ့လုပ်ဆောင်သင့်သော သီးနှံအမျိုးအစား တစ်မျိုးဖြစ်ပြီး ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျော့ချပေးနိုင်သော အစားထိုးကုန်စည်တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ နိုင်ငံခြားငွေ ယိုစိမ့်မှုအား ကာကွယ်ရန်အတွက် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးကြစေရေး တိုက်တွန်းတင်ပြရခြင်း ဖြစ်ပါသည်။

ပဲခူးတိုင်း၏ နေကြာသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် တိုးချဲ့ထုတ်လုပ်မှုအခြေအနေ

          ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရေးတို့အတွက် ဆီထွက်သီးနှံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပဲခူးတိုင်းဒေသကြီးအတွင်း စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေကြာသီးနှံကို သီးသန့်သီးညှပ်အဖြစ် စိုက်ပျိုးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆောင်းသီးနှံနေကြာ (၄၅၈) ဧကစိုက်ပျိုးပြီး အထွက်နှုန်း (၁၇.၆၀) တင်းနှုန်းဖြင့် (၆၄၁၁)တင်း ထွက်ရှိခဲ့ပြီး ၊ ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံနေကြာကို (၅၈၅၀) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးဖြစ်၍ ခန့်မှန်းအထွက်နှုန်း (၁၅.၁၉) တင်းဖြင့် (၅၅၀၄၈)တင်း ခန့်မှန်းထွက်ရှိသည့်စာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီး အနေဖြင့် မိုးဆောင်း နေကြာသီးနှံကို (၈၅၅၈၄) ဧကစိုက်ပျိုးရန် ခရိုင်အလိုက် လျာထားချက် အခြေအနေအား အောက်ပါ အတိုင်း တွေ့မြင်နိုင်ပါသည် -

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နေကြာ(ဆောင်း) စိုက်ပျိုးထွက်ရှိမှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

စိုက်ဧက

ရိတ်ဧက

အထွက်နှုန်း
(တင်း)

အထွက်
(တင်း)

ညီမျှအထွက်
(တန်)

ပဲခူး

၂၀၀၆

၁၀၈

၁၅.၄၃

၁၆၆၇

၂၄.၅၀

တောင်ငူ

၁၇၆၃

၁၇၅၇

၁၃.၂၃

၂၃၂၄၈

၃၄၁.၆၈

ပြည်

၄၅၉

၃၉၂

၁၇.၉၁

၇၀၂၂

၁၀၃.၂၀

သာယာဝတီ

၁၆၂၂

၁၃၆၇

၁၆.၉

၂၃၁၁၁

၃၃၉.၆၇

 

စုစုပေါင်း

၅၈၅၀

၃၆၂၄

၁၅.၁၉

၅၅၀၄၈

၈၀၉.၀၅

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နေကြာစိုက်ပျိုးရန် လျာထားချက်စာရင်း

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

ဆောင်းစိုက်ဧက

စုစုပေါင်းစိုက်ဧက

သီးသန့်

သီးညှပ်

စုစုပေါင်း

သီးသန့်

သီးညှပ်

စုစုပေါင်း

ပဲခူးခရိုင်

၂၈၀၈

၁၀၆၃၀

၁၃၄၃၈

၂၈၀၈

၁၀၆၃၀

၁၃၄၃၈

တောင်ငူခရိုင်

၆၇၀

၂၂၉၈၀

၂၃၆၅၀

၆၇၀

၂၂၉၈၀

၂၃၆၅၀

ပြည်ခရိုင်

၁၆၃၉

၁၀၁၁၀

၁၁၇၄၉

၁၆၃၉

၁၀၁၁၀

၁၁၇၄၉

သာယာဝတီခရိုင်

၂၄၉၆

၃၄၂၅၁

၃၆၇၄၇

၂၄၉၆

၃၄၂၅၁

၃၆၇၄၇

 

စုစုပေါင်း

၇၆၁၃

၇၇၉၇၁

၈၅၅၈၄

၇၆၁၃

၇၇၉၇၁

၈၅၅၈၄

                         

 

နေကြာစိုက် တောင်သူများ၏ တစ်ဧကအပေါ် ရရှိနေသည့် အကျိုးအမြတ်

နေကြာကို ဧကလိုက်စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် (၃၄၉၂၀၀) ကျပ်ခန့်ရှိပြီး ၊ အထွက်နှုန်းအနေဖြင့် လက်ရှိမြေပြင်အမှန် ထွက်ရှိမှု အခြေအနေအရ တစ်ဧကလျှင် (၁၇)တင်း ခန့်သာထွက်ရှိပါသဖြင့် တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် အသေးစိတ် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(၁)

စိုက်ခင်း‌မြေပြုပြင်ခြင်း

 

၆၅၀၀၀

(၂)

စိုက်ပျိုးခြင်းနှင့်ပြုပြင်ခြင်း

၈၅၀၀၀

(၃)

ရိတ်သိမ်းသယ်ယူချွေလှေ့ခြင်း

၁၁၄၀၀၀

(၄)

သွင်းအားစု

 

၈၅၂၀၀

(၅)

စုစုပေါင်းကုန်ကျစရိတ်

 

၃၄၉၂၀၀

(၆)

တစ်ဧကပျှမ်းမျှအထွက်တင်း

၁၇

(၇)

တစ်တင်းရောင်းစျေး

 

၂၅၀၀၀

(၈)

တစ်ဧကဝင်ငွေ

 

၄၂၅၀၀၀

(၉)

တစ်ဧကအကျိုးအမြတ်

 

၇၅၈၀၀

(၁၀)

တစ်ဧကအကျိုးအမြတ်ရာခိုင်နှုန်း

၂၁.၇၀%

 

နေကြာစျေးကွက် အခြေအနေ

       နေကြာစိုက် တောင်သူများအနေဖြင့် ထွက်ရှိလာသော နေကြာစေ့များကို နီးစပ်ရာပွဲရုံသို့လည်းကောင်း ၊ ဆီစက်များ၌လည်းကောင်း ၊ တိုက်ရိုက်ရောင်းချခြင်း ၊ ဆီစက်များတွင် အခကြေးငွေပေး၍ ဆီကြိတ်ခွဲထုတ်လုပ်၍ ဆီအဖြစ် ရောင်းချခြင်းများရှိခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီးအနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ (၁၀)စုနှစ် တစ်စုကျော်ပြီဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလာပြီး အဆိုပါ နေကြာဆီကို စားသုံးမှုလျော့နည်း လာသည်နှင့်အညီ နေကြာစိုက်ပျိုး ထုတ်လုပ်သူ၊ နေကြာဆီကြတ်ခွဲ ထုတ်လုပ်သူများ   မရှိသလောက်နည်းပါးသွားကြောင်း လေ့လာသိရှိ ရပါသည်။ ယခုနှစ်ပိုင်းမှသာ  ပြည်ပမှ တင်သွင်းသည့်   စားအုန်းဆီများ   ဈေးနှုန်းကြီးမြင့်လာသဖြင့်   မြေပဲ၊  နှမ်း  အပါအဝင် နေကြာဆီ ကြိတ်ခွဲမှု အနည်းငယ်တိုးလာကြောင်း သိရှိရပါသည်။

နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ

       ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်တွင်  တောင်သူများ သီးညှပ်စိုက်ပျိုးထွက်ရှိသော နေကြာ သီးနှံများကို ဆီစက်များတွင် နဝလီကြိတ်ခွဲခြင်းသာရှိပြီး ၊ ပြည်ခရိုင်တွင် ပြည်မြို့ရှိ ဒေါ်လာဆီစက်ဖြင့် နေကြာဆီအနည်းငယ်ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ကုန်ကြမ်းနေကြာကို အခြားပြည်နယ်/တိုင်းများမှ ဝယ်ယူရရှိ၍ စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀)ကျပ် ဝယ်ယူကြိတ်ခွဲရပါသည်။ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်ပါက ခြောက်သွေ့သောနေကြာစေ့ကို ဆီကြိတ်စက်တွင် ပဲဆီ ၊ နှမ်းဆီကြိတ်သကဲ့သို့ ကြိတ်ခွဲထုတ်လုပ်ပြီး နေကြာတစ်တင်းလျှင် ပိဿာချိန်အနေဖြင့် (၉) ပိဿာရှိ၍ ဆီကြိတ်ထွက်နှုန်း အနေဖြင့် နေကြာတစ်ပိသာလျှင် ဆီ (၃)ပိဿာခန့်ထွက်ရှိပြီး နေကြာကြိတ်ဖတ်အနေဖြင့် (၅)ပိဿာ ကျော်ခန့် ထွက်ရှိသဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်-

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နေကြာဆီ ကြိတ်ခွဲနိုင်မှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး

စဉ်

လအမည်

ကုန်ကြမ်းသုံးစွဲမှု
အခြေအနေ

ကြိတ်ခွဲထုတ်လုပ်မှု
အခြေအနေ
(ဆီပိဿာ)

ဈေးကွက်အတွင်း နေကြာဆီဖြန့်ဖြူး ရောင်းချမှု အခြေအနေ

ဇန်နဝါရီ

၃၂၀၀

၈၁၅၀

ဒေသတွင်းထွက်ရှိမှုနှင့်နေကြာစိုက်ပျိုးသည့်အခြားတိုင်း/ပြည်နယ်များမှဝယ်ယူရရှိသည့်

ဖေဖော်ဝါရီ

၇၉၀၀

၁၉၉၀၀

ကုန်ကြမ်းများဖြစ်ပါသည်။

မတ်

၆၈၀၀

၁၇၁၅၀

နေကြာဆီများကို ဒေသတွင်းသာ ရောင်းချရပြီး စားသုံးသူ ကြိုက်နှစ်သက်မှုနည်းပါးပါသည်။

ဧပြီ

၂၇၀၀

၆၉၀၀

ကုန်ကြမ်း ၁ တင်း = ၂၅၀၀၀ ကျပ်

မေ

၃၀၀

၉၀၀

ဆီ ၁ ပိဿာ          = ၉၀၀၀ ကျပ်

ဇွန်

၃၀၀

၉၀၀

 

ဇူလိုင်

၃၀၀

၉၀၀

 

ဩဂုတ်

၃၀၀

၉၀၀

 

စက်တင်ဘာ

၃၀၀

၉၀၀

 

၁၀

အောက်တိုဘာ

၃၀၀

၉၀၀

 

၁၁

နိုဝင်ဘာ

၃၀၀

၉၀၀

 

၁၂

ဒီဇင်ဘာ

၃၀၀

၉၀၀

 

 

စုစုပေါင်း

၂၃၀၀၀

၅၉၃၀၀

 

နေကြာဆီ စျေးနှုန်း ၊ စျေးကွက် အခြေအနေ

       ပဲခူးတိုင်းဒေသကြီးအတွင်း ကြိတ်ခွဲထွက်ရှိသော နေကြာဆီတစ်ပိဿာလျှင် လတ်တလောအနေဖြင့် (၈၅၀၀)နှင့် (၉၀၀၀)ကျပ်အကြား ရောင်းချလျှက်ရှိပြီး ယခုစျေးကွက်တွင် ဖြန့်ဖြူး‌ရောင်းချသော နေကြာဆီများမှာ ပြည်ပမှ တင်သွင်းသည့် ကုမ္ပဏီများထံမှ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် စျေးနှုန်းအနေဖြင့် (၉၀၀၀)နှင့် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကြိုက်နှစ်သက်မှု နည်းပါးသည့်အတွက် အနည်းငယ်သာ အ‌ရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။ နေကြာဆီသည် ပဲဆီ ၊ နှမ်းဆီနှင့် ယှဉ်ပါက အနံ့ပျင်းခြင်း၊ စားသုံးရာတွင် အာခေါင် (လည်ချောင်း) ရှခြင်းကြောင့် စားသုံးသူ ကြိုက်နှစ်သက်မှု နည်းပါးပါသည်။

ဆီစက်များ တည်ရှိမှုအခြေအနေ

      ပဲခူးတိုင်းဒေသကြီးအတွင်း ဆီစက်ပေါင်း ၁၉၇စက်ခန့်ရှိသည့် အနက် ၅၄ %မှာ အငယ်စားဖြစ်ပြီး ၃၂ % မှာအလတ်စားဖြစ်၍ ၁၃ % လောက်သာအကြီးစား ဆီစက်များဖြစ်ပါသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ပြည်တွင်းဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်း အလွန်အရေးကြီး၍ ဆောင်ရွက်သင့်ပါသည်။ လက်ရှိ ကြိတ်ခွဲထုတ်လုပ်သော နေကြာဆီမှာလည်း နေကြာစေ့မှ တိုက်ရိုက် ကြိတ်ခွဲရရှိသည့်အဆင့်သာ   ရှိပြီး   အနံ့အသက်မရှိခြင်းဖြင့်    အရောင်ချွတ်ခြင်းအဆင့်အထိ သန့်စင်ခြင်း (Refine) အဆင့်အထိ ဆောင်ရွက်နိုင်မှု နည်းပါးသေးကြောင်း သိရှိရပါသည်။ နေကြာဆီကြိတ်ခွဲ ထုတ်လုပ်ရန်အတွက် အဓိက ကြုံတွေ့နေရသော ပြဿနာရပ်များတွင်  ဆီစက်များလည်ပတ်ရန်အတွက် ကုန်ကြမ်းအလုံအလောက်မရရှိသည့်အတွက် တစ်နှစ်ပတ်လုံး မလည်ပတ်နိုင်ခြင်း ၊ ဆီကြိတ်ခွဲရာတွင် ဆီထွက်မှုပမာဏနှင့် အရည်အသွေးနိမ့်ပါးခြင်းတို့ဖြစ်ပြီး ဆီစက်များ များများကြိတ်ခွဲနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး၍ စျေးကွက်နှင့်ကိုက်ညီသောမျိုးများကိုသာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်လုပ်ပေးသင့်ပါ ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်မှု မှတ်ပုံတင်ထားသော ဆီစက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်-

 

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ထားသော ဆီစက်စာရင်း

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

လုပ်ငန်းအရွယ်အစား

တစ်နှစ်ထုတ်လုပ်မှု (ပိဿာ)

ကြီး

လတ်

ငယ်

စုစုပေါင်း

ပဲဆီ

နှမ်းဆီ

နေကြာဆီ

စုစုပေါင်း

ပဲခူးခရိုင်

၁၈

၂၁

၄၆

၃၇၅၆၇၀

 

 

၃၇၅၆၇၀

တောင်ငူခရိုင်

၁၄

၂၂

၃၈

၆၄၄၀၀

၂၂၃၁၀

 

၈၆၇၁၀

ပြည်ခရိုင်

၂၀

၂၈

၉၃၄၀၀

၁၀၅၀၀

၁၂၀၀၀

၁၁၅၉၀၀

သာယာဝတီခရိုင်

၁၅

၂၆

၄၄

၈၅

၃၃၆၈၀၀

၁၄၉၃၅၀

 

၄၈၆၁၅၀

 

စုစုပေါင်း

၂၆

၆၄

၁၀၇

၁၉၇

၈၇၀၂၇၀

၁၈၂၁၆၀

၁၂၀၀၀

၁၀၆၄၄၃၀

သုံးသပ်တွေ့ရှိချက်များ

      လက်ရှိ နေကြာစေ့ တစ်ပိဿာပေါက်စျေး (၂၅၀၀၀)ကျပ်ဖြစ်နေ၍ ဆီတစ်ပိဿာထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့် တစ်ဧကထုတ်လုပ်မှု အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှုစရိတ် လျော့ချနိုင်‌ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် နေကြာမျိုးစေ့များကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်သင့်ပြီး ဆီစက်များအား အရည်အသွေးကောင်းပြီး သန့်စက်ပြီး ( Refine ) စက်များ တပ်ဆင်အသုံးပြုနိုင်‌ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ပံ့ပိုးကူညီနိုင်မည်ဆိုပါက ပြည်တွင်းနေကြာဆီ အရည်အသွေးကို မြှင့်တင်ရာရောက်ပြီး ပြည်တွင်းတောင်သူများနှင့် ပြည်တွင်းဆီစက်ပိုင်ရှင်များအား ရေရှည်အကျိုးစီးပွား ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်အများစုမှာ အသေးစားလုပ်ငန်းများဖြစ်နေပြီး  ရင်းနှီးမြုပ်နှံမှု တန်ဖိုးကြီးမားသော်လည်း ကျွမ်းကျင်လုပ်သားများ ရရှိရန်ခက်ခဲခြင်းကြောင့် ဆီစက်များ၏ လည်ပတ်နိုင်မှု အင်အားကို အပြည့်အဝအသုံးမချနိုင်ခြင်း၊ ဆီစက်ပိုင်ရှင်များမှာ လုပ်ငန်းများကို မချဲ့ထွင်သည့်အ ခြေအနေများကြောင့် လုံလုံလောက်လောက်မထုတ်လုပ်နိုင်ဘဲ ပြည်ပမှ စျေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည့်အတွက် နေကြာမျိုးစေ့များအား စနစ်တကျစိုက်ပျိုးပြီး စားသုံးဆီကြိတ်ခွဲစက်များ ပုံမှန်လည်ပတ်နိုင်ပါက ဒေသတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးမြှင့်ရရှိမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း